backup og meta

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

    မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို သိရှိ ကာကွယ်နိုင်စေဖို့ ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

    မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

    မုတ်သုံရာသီက နွေရာသီရဲ့ပူပြင်းခြောက်သွ့မှုဒဏ်ကိုလျော့ပါးစေတယ်ဆိုပေမယ့် မုတ်သုံရာသီနဲ့အတူရောဂါဘယအမျိုးမျိုးပါလာတတ်ပါ တယ်။ မုတ်သုံရာသီတိုင်း လိုလိုမှာ သန့်ရှင်းမှုမရှိတဲ့အနေအထားတွေနဲ့ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလုပ်ဆောင်ဖို့အားနည်းတာကြောင့် ရောဂါအမျိုးမျိုးဖြစ်ပေါ်ခံစားရတတ်ပါတယ်။ မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဆိုတာ နဲ့ရောဂါလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

    (၁) အအေးမိဖျားနာခြင်း – မိုးရာသီမှာ အတွေ့ရအများဆုံးရောဂါတစ်ရပ်ဖြစ်ပါတယ်။ ရာသီဥတု အပူချိန်ပြောင်းလဲမှုကြောင့် ဖျားနာကြတာဖြစ်ပါတယ်။ အဖျားဝင်လာပြီဆိုရင် အများစုက ကူးစက်ရောဂါအဖြစ် ပြောင်းလဲသွားပြီး တစ်ဦးကနေတစ်ဦးကိုကူးစက်နိုင်တာကြောင့် အဖျားမဝင်အောင်ကာကွယ်ဖို့လိုပါတယ်။

    ရောဂါလက္ခဏာတွေ –

    • နှာစေးတာ
    • ကိုယ်လက်တွေကိုက်ခဲတာ
    • လည်ချောင်းနာတာ
    • အဖျားတက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    (၂) ငှက်ဖျား -Anopheles အမျိုးအစားခြင်အကိုက်ခံရာကနေကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ မိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှုက ခြင်တွေကိုပေါက်ဖွားစေတာကြောင့် ငှက်ဖျားရောဂါကိုဖြစ်ပွားစေပါတယ်။

    ရောဂါလက္ခဏာတွေ-

  • အချိန်မှန်အဖျားတက်တာ
  • ခိုက်ခိုက်တုန်အောင်ချမ်းတာ
  • ကြွက်သားတွေနာကျင်ကိုက်ခဲတာ
  • အားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
  • (၃) ကာလဝမ်းရောဂါ –မိုးရာသီမှာနောက်ထပ်အဖြစ်များတဲ့ရောဂါတစ်ရပ်ကတော့ ကာလဝမ်းရောဂါပဲဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ကာလဝမ်းရောဂါပိုးကူးစက်ပျံ့နှံ့အောင် အားပေးပါတယ်။ သန့်ရှင်းမှုအားနည်းတာနဲ့ရေဆိုးနုတ်စနစ်တွေ အားနည်းတဲ့နေရာတွေမှာ ကာလဝမ်းရောဂါပျံ့နှံမှုမြန်ဆန်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • ဝမ်းအရည်တွေမကြာခဏသွားတာ
    • အော့အန်တာ
    • ရေဓါတ်လျင်မြန်စွာခမ်းခြောက်တာ မျိုးတွေခံစားရနိုင်ပါတယ်။

    (၄) ဝမ်းလျှောခြင်း – ဝမ်းလျှောတာကလည်း မိုးရာသီမှာအတွေ့ရများတဲ့ရောဂါတွေထဲကတစ်ခုလို့ဆိုရပါမယ်။ မသန့်ရှင်းတဲ့သောက်သုံးရေတွေနဲ့အစားအစာတွေကိုစားသုံးမိတာကနေဖြစ်ပွာတာဖြစ်ပါတယ်။ရောဂါဖြစ်ပွားနေချိန်မှာ အစာချေစနစ်ရဲ့လုပ်ငန်းစဉ်တွေက တစ်စတစ်စ ယိုယွင်းလာတာဖြစ်ပါတယ်။ အရည်အသွေးမပြည့်မီတဲ့ဆီတွေနဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကြောင့်လည်း ဝမ်းလျှောနိုင် ပါတယ်။ မိုးရာသီမှာ အစားအသောက်တွေစားသုံးတဲ့အခါ သန့်ရှင်းမှုကိုအထူးဂရုပြုပါ။

    ရောဂါလက္ခဏာတွေ-

    • ဝမ်းအရည်တွေသွားတာ
    • ဗိုက်ထဲကအောင့်တာ
    • အဖျားတက်တာ
    • ဝမ်းသွားတဲ့အခါသွေးပါတာ
    • လေပွတာ
    • မအီမသာဖြစ်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    (၅) တိုက်ဖွိုက် – တိုက်ဖွိုက်ရောဂါက မုတ်သုံရာသီမှာဖြစ်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အစားအသောက်နဲ့ရေတွေသန့်ရှင်းမှုမရှိတာကြောင့်ရောဂါဖြစ်ပွားရတာဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • အချိန်အတော်ကြာအဖျားတက်နေတာ
    • ခေါင်းကိုက်တာ
    • ဗိုက်အောင့်တာ
    • အော့အန်တာ
    • ခံတွင်းပျက်တာ
    • ဝမ်းသွားတာ
    • မအီမသာဖြစ်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    (၆) အူမရောင်နာ –မသန့်ရှင်းတဲ့ အစားအသောက်တွေနဲ့ သောက်သုံးရေတွေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေ နဲ့ ရေတွေ အူထဲကို ရောက်ရှိသွားတဲ့အခါ ရောဂါပိုးကူးစက်ပြီး အူတွေရောင်ရမ်းလာတာဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • အစားအစာတွေနဲ့ရေတွေကိုမျိုချရခက်ခဲလာတာ
    • အစာစားပြီးတိုင်း ဗိုက်ထဲမှာပူလောင်နေတာ
    • အရမ်းပြင်းထန်လာတဲ့အခါ ဝမ်းသွားတဲ့အခါသွေးပါတာမျိုးအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    (၇) အသည်းရောင် အသားဝါအေ –မုတ်သုံဝင်လာတာနဲ့ယင်တွေကပေါက်ဖွားလာပြီဖြစ်ပါတယ်။ အသည်းရောင် အသားဝါအေက ယင်ကောင်တွေကြောင့်ဖြစ်တာဖြစ်ပါတယ်။ လူနာနဲ့တိုက်ရိုက်ထိတွေ့မှုကနေလည်းကူးစက်နိုင်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • ဖျားနာတာ
    • တုပ်ကွေးလက္ခဏာတွေလိုမျိုး အားနည်းတာ၊ကြွက်သားတွေနဲ့အဆစ်တွေကိုက်ခဲနာကျင်တာ။ အစားစာချင်စိတ်မရှိတာ၊မူးဝေတာ
    • ဝမ်းဗိုက်ထဲမှာမအီမသာဖြစ်တာ
    • ရက်အနည်းငယ်ကြာလာတဲ့အခါ အသားဝါတာမျိုးအထိဖြစ်လာနိုင်ပါတယ်။

    (၈)Sheet Pitt –မုတ်သုံရာသီမှာအဖြစ်များတဲ့ရောဂါတွေထဲကတစ်ခုပါ။ ရာသီဥတုပူတာကြောင့်ရော အေးတာကြောင့်ပါဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရေပြားပေါ်မှာ ယားယံတာတွေစတင်ခံစားလာရပြီး အဖုအပိမ့်လေးတွေထွက်လာကာ ပူစပ်ပူလောင်ခံစားရပါတယ်။

    (၉) အသားဝါခြင်း –မသန့်ရှင်းတဲ့ရေတွေနဲ့အစားအစာတွေကနေကူးစက်ပြန့်နှံ့လေ့ရှိတာကြောင့် မိုးရာသီမှာ အသားဝါတာကိုခံစားရနိုင်ပါတယ်။ လမ်းဘေးမှာရောင်းချတဲ့အစားအသောက်တွေကနေ အဓိကကူးစက်တာဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • အားနည်းလာတာ
    • ဆီးအဝါတွေသွားတာ
    • အော့အန်တာ
    • ဗိုင်းရပ်စ်ကြောင့် အသည်းလုပ်ငန်းစဉ်တွေပုံမှန်မဟုတ်တာမျိုးအထိခံစားရနိုင်ပါတယ်။

    (၁၀) သွေးလွန်တုပ်ကွေး – မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခြင်ကျားတွေ ကိုက်ခံရတာကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • အဖျား တက်တာ
    • ကိုယ်လက်တွေ ကိုက်ခဲတာ
    • အဆစ်တွေနာကျင်ကိုက်ခဲတာ
    • အနီအဖုအပိမ့်တွေ ထွက်တာ မျိုးခံစားရနိုင်ပါတယ်။

    (၁၁)Leptospirosis –ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့ ဆီးနဲ့ မစင်တွေက မြေဆီလွှာ၊ ရေနဲ့ အပင်တွေကို သွားထိတွေ့မိပြီးရောဂါပိုးတွေ ကူးစက်ပြန့်နှံ့တာ ဖြစ်ပါတယ်။ရောဂါပိုး ရှိနေတဲ့ အစားအစာတွေ နဲ့ ရေကို စားသုံးမိတာ၊ အနာ၊ အရေပြားပွန်းပဲ့ဒဏ်ရာ၊ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ရောဂါပိုး ရှိနေတဲ့ရေ၊ မြေကြီးတွေနဲ့ ထိတွေ့မိတဲ့အခါ Leptospirosis ရောဂါ ကူးစက်ခံရ နိုင်ပါတယ်။

    ရောဂါလက္ခဏာတွေ-

    • အဖျား ရှိတာ
    • ကြွက်သားတွေ နာကျင်ကိုက်ခဲတာ
    • ခေါင်းကိုက်တာ
    • ခြေသလုံး ကြွက်သားတွေနာကျင်တာ
    • မျက်လုံးတွေ နီမြန်းတာ
    • ရောဂါ ပြင်းထန်ပါက – အသည်း၊ ဦးနှောက်နဲ့ ကျောက်ကပ် ထိခိုက်ပျက်စီးတာမျိုး အထိ ဖြစ်နိုင်ပါတယ်။

    အထက်ပါ ရောဂါတွေ ဖြစ်တတ်တဲ့ အကြောင်းရင်းနဲ့ ရောဂါလက္ခဏာတွေကို ဖတ်ရှုပြီး မိုးတွင်းမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement