backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဆိပ်မိခြင်းအတွက်ရှေးဦးသူနာပြုစုနည်း


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆိပ်မိခြင်းအတွက်ရှေးဦးသူနာပြုစုနည်း

အဆိပ်ဆိုတာ မြိုချမိခြင်း၊ ရှူရှိုက်မိခြင်း၊ ထိကိုင်မိခြင်း သို့ အကြောသွင်းထိုးသွင်းခြင်းဖြင့် လူကို ဒဏ်ရာရစေနိုင် သို့ သေစေနိုင်တဲ့ ဓါတုပစ္စည်း၊ မြွေအဆိပ်နှင့် အငွေ့တွေဖြစ်တယ်။ တချို့ဆေးများနှင့် ကာဗွန်မိုနောက်ဆိုဒ်အငွေ့တွေကလည်း ပမာဏများများသုံးမိရင် အန္တရာယ်ဖြစ်စေတယ်။ သန့်ရှင်းရေးအတွက်သုံးသောဆေးတွေကလည်း စားသုံးမိရင် အဆိပ်မိစေတယ်။ ကလေးတွေဟာ တချို့ဆေးတွေ၊ ဓါတုပစ္စည်းတွေကို အနည်းငယ်စားမိရုံနှင့် အဆိပ်သင့်နိုင်တယ်။

၁။ အဆိပ်မိတဲ့လူကို ဘယ်လိုအချက်တွေပေါ်မူတည်ပြီး ကုသမလဲ။

• အဆိပ်မိသူ၏ လက္ခဏာ

• အဆိပ်မိသူ၏ အသက်

• အဆိပ်ဖြစ်စေတဲ့ အရာရဲ့ ပမာဏ(သိနိုင်လျှင်)

အဆိပ်မိနေတယ်လို့ သံသယရှိလျှင် အဆိပ်မိသူကို ကူညီတဲ့ဌာန ၊ ဆေးရုံ သို့ ဆက်သွယ်နိုင်သည်။ မိမိတို့မြို့နယ်ရှိ အဆိပ်ထိန်းချုပ်တဲ့စင်တာ သို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။ မိမိတို့မြို့နယ်ရှိ အဆိပ်ထိန်းချုပ်တဲ့စင်တာဟာ အဆိပ်နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်အတွက် အကောင်းဆုံးဖြစ်ပြီး အိမ်မှာစောင့်ကြည့်ဖို့ လိုတဲ့အချက်တွေကိုလည်း သိနိုင်တယ်။

၂။ ဘယ်အချိန်မှာ အဆိပ်မိတယ်လို့ သံသယရှိနိုင်သလဲ။

အဆိပ်မိခြင်းဟာ အတက်ရောဂါ၊ အရက်နာကျခြင်း၊ လေဖြတ်ခြင်းနှင့် အင်ဆူလင်ကိုမတုံ့ပြန်ခြင်းတို့ရဲ့ လက္ခဏာတွေနှင့် ဆင်တူတတ်ပါတယ်။ အဆိပ်မိခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• ပါးစပ်နှင့် နှုတ်ခမ်းနားတဝိုက်တွင် နီရဲနေခြင်း၊ လောင်နေခြင်း။

• ဓါတုပစ္စည်းအနံ့ရခြင်း(ဥပမာ- ဓါတ်ဆီ၊ တင်ဒါ)

• အန်ခြင်း

• အသက်ရှူရခက်ခြင်း

• မှိန်းနေခြင်း

• စိတ်မငြိမ်မသက်ဖြစ်ခြင်း သို့ စိတ်ဂနာမငြိမ်ဖြစ်ခြင်း

• အဆိပ်မိတယ်လို့ အခိုင်အမာပြောဖို့ဆိုရင် အဲဒီ လူရဲ့ဘေးနားမှာ ပုလင်းခွံတွေ၊ ဆေးလုံးတွေပြန့်ကြဲနေတာတွေ၊ လောင်ကျွမ်းထားတာတွေ၊ အစွန်းအထင်းတွေ အနံ့တွေကို သတိပြုမိရမယ်။ ကလေးတွေကို ဆေးတွေအများကြီးစားမိလား၊ ဘက်ထရီခဲလေးတွေစားမိလားဆိုတာ သတိပြုရမယ်။

၃။ ဘယ်အချိန်မှာ အကူအညီခေါ်မလဲ

အကယ်၍လူတစ်ယောက်ဟာ အောက်ပါအချက်တွေ ခံစားနေရတာတွေ့လျှင် ၁၉၉ ( သို)့ ပြည်တွင်းအရေးပေါ်အခြေအနေအတွက်သုံးနေတဲ့ ဆက်သွယ်ရေးစင်တာ နံပါတ်တွေကို ဆက်သွယ်နိုင်တယ်။

• မှိန်းနေလျှင် သို့ သတိလစ်နေလျှင်

• အသက်ရှူရခက်ရင် သို့ အသက်ရှူရပ်သွားလျှင်

• အလွန်အမင်း စိတ်လှုပ်ရှားနေလျှင် သို့ ကြောက်ရွံ့နေလျှင်

• တက်နေလျှင်

• မတော်တဆ (သို့) ရည်ရွယ်ချက်ရှိရှိဆေးတွေသောက်ထား၊ ပစ္စည်းတွေအများကြီးမြိုထားမိတာ၊ အရက်အလွန်အကျွံသောက်ထားမိတာတွေ့လျှင်

အဆိပ်မိတာအတွက်ကူညီပေးတဲ့အဖွဲ့ သို့မဟုတ် မိမိတို့မြို့နယ်ရှိ အဆိပ်ထိန်းချုပ်တဲ့စင်တာသို့ အောက်ပါအခြေအနေများတွင် ဆက်သွယ်နိုင်ပါတယ်

• အဆိပ်မိသူရဲ့အခြေအနေ တည်ငြိမ်သွားလျှင်

• အဆိပ်မိသူကို အရေးပေါ်ဌာနသို့ ပို့ဆောင်နေလျှင်

အဆိပ်မိသူရဲ့ အသက်၊ အလေးချိန်၊ အဆိပ်မိတဲ့လက္ခဏာ၊ သူသုံးစွဲထားတဲ့ဆေး၊ အဆိပ်အကြောင်းတွေပြောပြပေးပါ။ စားသုံးမိတဲ့ပမာဏ၊ အချိန်ဘယ်လောက်ကြာပြီလဲဆိုတာ သိဖို့လည်း ကြိုးစားသင့်ပါတယ်။ ဖြစ်နိုင်ရင် အဆိပ်ထည့်ထားတယ်လို့ သံသယရှိတဲ့ ဆေးပုလင်းခွံ၊ ဆေးအခွံ၊ ထည့်စရာခွက်တို့ကို တံဆိပ်ကပ်ပြီး အဆိပ်ထိန်းချုပ်တဲ့ ဌာနသို့ပေးပို့နိုင်ပါတယ်။

၄။ အကူအညီစောင့်နေစဉ် ဘာလုပ်ထားရမလဲ။

အဆိပ်မြိုချမိပြီး အကူအညီရောက်မလာခင်မှာ အောက်ပါအချက်တွေကို လုပ်ထားသင့်တယ်။ ပါးစပ်ထဲမှာကျန်နေတဲ့ အရာတွေကို ဖယ်ပါ။ တကယ်လို့ ပါးစပ်ထဲဝင်သွားတာက အိမ်သုံးသန့်စင်ဆေးရည်တို့ ဓါတုပစ္စည်းတို့ဆိုရင် ဘူးမှာပါတဲ့ အညွှန်းတွေကို ဖတ်ပြီး မတော်တဆအဆိပ်မိတဲ့ အခြေအနေကို ဖြေရှင်းရမည့်နည်းလမ်းအတိုင်းလိုက်နာ ဆောင်ရွက်ပါ။

အရေပြားပေါ်တွင်အဆိပ်ပေကျံပါက အဆိပ်နှင့်ထိတွေ့သည့် အဝတ်တွေကို လက်အိတ်သုံးပြီး ဖယ်ရှားပါ။ ရေဖြင့် ၁၅-၂၀မိနစ်ကြာအောင်ဆေးပါ။

မျက်လုံးထဲ အဆိပ်ဝင်ပါက ရေခဲရေ သို့ ကြက်သီးနွေးရေဖြင့် မိနစ်၂၀ (သို့) အကူအညီရောက်လာတဲ့ အထိ ဆေးပါ။

အဆိပ်ငွေ့ရှူမိပါက လေကောင်းလေသန့် ချက်ချင်းရှူပါ။

အန်ပါက ခေါင်းကို တဖက်သို့စောင်းပြီး လေပြွန်ပိတ်ခြင်းမှကာကွယ်ပါ။

အကယ်၍ အဆိပ်မိသူဟာ လှုပ်ရှားခြင်း ၊ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းတို့မရှိတော့လျှင် အရေးပေါ်အသက်ကယ်ခြင်းကို စလုပ်ပါ။

ထပ်မံသိလိုသော အချက်များကို အဆိပ်မိတာအတွက်ကူညီပေးတဲ့အဖွဲ့ သို့မဟုတ် မိမိတို့မြို့နယ်ရှိ အဆိပ်ထိန်းချုပ်တဲ့စင်တာ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement