အိမ်မှာပဲဖြစ်ဖြစ် လမ်းသွားရင်ပဲဖြစ်ဖြစ် ရုတ်တရက် တဆတ်ဆတ်တုန်ပြီး လဲကျသွားတဲ့သူမျိုးကို တွေ့ဖူးပါသလား။ သူ့ကို ဘာလုပ်ပေးလိုက်လဲ။ တကယ်တော့ ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူအနေနဲ့ အတက်လူနာ ကို အတက်ကျအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် တက်နေတဲ့အချိန်အတွင်းမှာ သူအန္တရာယ်မဖြစ်အောင်တော့ စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒီတော့ ရုတ်တရက် အတက်လူနာ နဲ့ တွေ့ခဲ့ရင် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။