brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အတက်ရောဂါရှိသော လူတစ်ယောက်အတွက် ရှောင်ကျဉ်ရမည့် အစားအစာများ

အစားအစာတွေကနေ အတက်ရောဂါကို ဖြစ်စေသလားဆိုတာ လုံလောက်တဲ့သုတေသနမရှိသေးပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့ အတက်ရောဂါကို ပိုဆိုးစေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေတော့ရှိပါတယ်။

အတက်ရောဂါရှိသော လူတစ်ယောက်အတွက် ရှောင်ကျဉ်ရမည့် အစားအစာများ

၁။ ဂလူတန်

တကယ်လို့သင့်မှာ အတက်ရောဂါရှိနေမယ်ဆိုရင် ဂလူတန် နဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ အချို့တွေအတွက် အစာအိမ်ပြဿနာနဲ့ ဓါတ်မတည့် ပြဿနာတွေပေါ်နိုင်ပါတယ်။ ပြီးတော့ ရောင်ရမ်းမှုတွေလည်းဖြစ်စေနိင်တဲ့ အတွက်, တက်ခြင်းကိုစဖြစ်စေနိုင်ပါတယ်။

Gluten ဂလူတန် မပါတဲ့အစာတွေစားခြင်းက သင့်ရောဂါကို အချိန်တိုနဲ့ ပျောက်စေနိုင်ပါတယ်။ ဒီgluten ကိုအစေ့စံပါတဲ့အစာတွေမှာ တွေ့ရတတ်ပါတယ်။ ဒါ့ပြင် စည်သွပ်ဘူး, ဆော့စ်, အသုပ်, အပင်ထွက် အစားအသောက်တွေနဲ့ ဘီယာမှာတောင် တွေ့နိုင်ပါတယ်။

၂။ နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းများဟာ ပြဿနာပေးနိုင်တဲ့ အစားအသောက်ထဲမှာပါဝင်ပါတယ်။ ကလေးရော လူကြီးမှာပါ အလာဂျီနဲ့ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဖြစ်နေပြီဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်တာကောင်းပါတယ်။

တကယ်လို့ သင်ကရေခဲမုန့်လို ဒိန်ချဉ်လိုအရာတွေ, အရောင်ချွတ်ပြီးသားသကြားတွေထည့်ထားတဲ့ အစားအသောက်တွေအများကြီးစားမိတယ်ဆိုရင် သင့် အတက်ရောဂါကို စဖြစ်စေနိုင်ပါတယ်။

၃။ အရောင်ချွတ်ပြီးသားသကြား

သင့်ဦးနောက်က အလုပ်လုပ်နိုင်ဖို့ glucose လိုပါတယ်။ ဒါပေမယ့် အရမ်းများနေရင်လဲ အချို့တွေမှာ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ သကြားသုံးစွဲမှုကို လျော့ချဖို့အတွက် သကြားကြမ်းနဲ့ high – fat diet တွေစားပါ။

ဒါဟာ ဒီရောဂါတင်မဟုတ်ပဲ အခြား ဆီးချိုသွေးချိုလိုရောဂါတွေလည်း အသုံးဝင်ပါတယ်။ သင့်ဆရာဝန်တွေကလည်း သဘာဝသကြားဖြစ်တဲ့ သစ်သီးသစ်ရွက်တွေကရတဲ့ အချိုကိုသူံးဖို့ပြောကြပါတယ်။

၄။ ပဲ

ကလေးတွေအတွက် အလာဂျီအပေးဆုံးထုတ်ကုန်ဖြစ်ပါတယ်။ အလွန်ပြင်းထန်ပြီး တက်တာချက်တာတွေထိဖြစ်နိုင်ပါတယါ။ ဒါ့ကြောင့် ပဲနဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ဆော့စ်, တို့ဖူး, Edamame, နို့မှုန့် , ဖုတ်ထားတဲ့မုန့်တွေ, ကွေကာ, စည်သွပ်အစားအစာတွေ, အသုပ်, အသင့်ပြုပြီးသားအသားတွေ, ဟော့ဒေါ့, တူနာငါးသေတ္တာ, energy bar, မြေပဲထောပတ်, နဲ့ နို့ထွက်ပစ္စည်းမဟုတ်တာတွေကို လည်း ရှောင်သင့်ပါတယ်။

၅။ အချို့အသီးအနှံတွေ

သင့်မှာအတက်ရောဂါရှိနေရင် glucose ဂလူကို့စ် ပါဝင်မှုများတဲ့ အချို့အသီးအနှံတွေကိုရှောင်သင့်ပါတယ်။ သရက်သီး, ငှက်ပျောသီးနဲ့ အာလူးတို့လိုပေါ့။glucose level နည်းတဲ့ အချို့အသီးအနှံတွေကတော့ သင့်သွေးထဲက glucose ပမာဏကိုတက်လိုက်ကျလိုက်ဖြစ်စေဖို့ အခွင့်လမ်းနည်းပါတယ်။

၆။ MSG

MSG ဆိုတာ အစားအသောက်စက်ရုံတွေမှာသုံးပြီး အစားအစာကို အသားအရသာ ပိုကဲအောင် ထည့်သွင်းတဲ့ ပစ္စည်းဖြစ်ပါတယ်။ သင်သာ အဲ့အရာကိုစားသုံးနေကြဆိုရင် တက်ခြင်းကိုစဖြစ်စေနိုင်ပါတယ်။ ဘာကြောငိလဲ ဆိုေ့တာ့-

MSG ကိုAmino acid နဲ့ glutamade ကလုပ်ထားပြီး သင့်ရောဂါကိုဆိုးစေပါတယ်။ ဒါကြောင့် စားသောက်ဆိုင်တွေမှာ စားမယ့်အစား အိမ်မှာစားတာက ဒီလိုအရသာပစ္စည်းတွေမပါအောင် ရှောင်နိုင်တဲ့အတွက် လုပ်ဆောင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Phyo Wai Yan · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။