ရေယုန်ဖြစ်နိုင်တယ်
ဖိနပ်မပါဘဲလမ်းလျှောက်တဲ့အခါမြေပြင်ပေါ်မှာရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေ ကခြေထောက်မှာရှိနေတဲ့ အနာပေါက်တွေကနေတဆင့် ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီးရေယုန်ဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်က တစ်ခါတလေမှာ ချက်ချင်းပေးမလာဘဲ ငုပ်နေတာမျိုးဖြစ်နေတတ်ပါတယ်။ရေယုန်က အရေပြားပေါ်မှာနာကျင်တဲ့ဝေဒနာကိုခံစားရစေနိုင်ပါတယ်။
ကြွက်နို့ဖြစ်နိုင်တယ်
ရေယုန်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကကော်ဇောတွေနဲ့ မာကျောတဲ့ မျက်နှာပြင်တွေပေါ်မှာ လအတော်ကြာ ရှင်သန်နေနိုင်ပါတယ်။ ကြွက်နို့တွေကပျောက်ကင်းအောင်ကုသနိုင်ဖို့ တော်တော့်ကိုခက်ပါတယ်။ ကြွက်နို့ကတော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စေတဲ့ အရေပြားဝေဒနာတစ်ခုပါ။
သဲဝဲဖြစ်နိုင်တယ်
ခြေထောက်သဲဝဲစားတာလိုမျိုး မှိုပိုးဝင်တဲ့ဝေဒနာကိုလည်းခံစားရနိုင်ပါသေးတယ်။ သဲဝဲကဖိနပ်မစီးတာကြောင့်ဖြစ်နိုင်သလိုခြေထောက်ချွေးထွက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ခြေထောက်သန့်ရှင်းမှုအားနည်းရင် သဲဝဲက ပိုဆိုးလာနိုင်ပါတယ်။ လူထူတဲ့နေရာတွေမှာ သဲဝဲကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ သဲဝဲကလည်း အခြားအရေပြားရောဂါတွေလိုပဲ အနှောင့်အယှက်ဖြစ်ရပါတယ်။
Staph ဗိုင်းရပ်စ်ဝင်နိုင်တယ်
Staph ဗိုင်းရပ်စ်ဆိုတာကStaphylococcus aureus ကိုခေါ်တာပါ။ ဒီဗိုင်းရပ်စ်ပိုးက ခြေထောက်အရေပြားပေါက်ပြဲတာ ထိရှတာတွေကနေတဆင့်ကူးစက်ဝင်ရောက်နိုင်တဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ အနာစိမ်းပေါက်တာ၊ ဝက်ခြံလိုမျိုးဖုထွက်တာ နဲ့ အဆုတ်ရောင်တာ အပြင် အခြားပြင်းထန်တဲ့ အဖျားရောဂါတွေဖြစ်နိုင်တယ်။
ဘာကြောင့်လူထူထပ်တဲ့နေရာတွေမှာ ဖိနပ်မစီးဘဲ လမ်းမလျှောက်သင့်တာလဲ
လူထူတဲ့နေရာမှာ ဖိနပ်မစီးဘဲလမ်းလျှောက်ရင် မလိုလားအပ်ဘဲ ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်ပါ။ခြေထောက်ကိုလည်း ထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ စည်းကမ်းမဲ့ပစ်ထားတဲ့ ဖန်ကွဲစတွေ၊သံတိုသံစတွေ၊ သံတွေ၊ သစ်သားစတွေနဲ့ ချွန်ထက်တဲ့အရာတွေစိုက်မိနိုင် တာကြောင့်လည်းပါပါတယ်။ခြေထောက်မှာ ထိခိုက်ဒဏ်ရာရထားတာမျိုးရှိနေခဲ့ရင်လည်း ကူးစက်လွယ်တဲ့ရောဂါပိုးတွေ အနာကနေတဆင့် ကိုယ်တွင်းကို ဝင်ရောက်ကူးစက်နိုင်မှာကြောင့်ဖြစ်ပါတယ်။ ပန်းခြံတွေ၊လေဆိပ်တွေ၊ကမ်းခြေတွေနဲ့ လူထူတဲ့နေရာတွေမှာ ဖိနပ်မစီးဘဲသွားလာတာမျိုးကို တတ်နိုင်သမျှရှောင်ပါ။
ကူးစက်ရောဂါပိုးမဝင်အောင် ဘယ်လိုရှောင်ရှားမလဲ
- လူထူတဲ့နေရာတွေမှာ ဖိနပ်မစီးဘဲသွားလာတာမျိုးမလုပ်ပါနဲ့။ မဖြစ်မနေဖိနပ်ချွတ်ရမယ်ဆိုရင်တောင်ခြေအိတ်ကိုတော့ ဆက်ဝတ်ထားပါ။
- ခြေထောက်မှာ ထိခိုက်မိထားတာရှိရင် အနာသေးရင် ပလာစတာကပ်ပါ။ အနာကြီးရင် ပတ်တီးစည်းပါ။
- အရေးတကြီးပြေးထွက်တဲ့အခါမျိုးမှာလည်း အနည်းဆုံး ညှပ်ဖိနပ်လောက်တော့ စီးဖို့မမေ့ပါနဲ့။
- မိုးရေထဲကပြန်လာတိုင်းလည်းခြေထောက်ကိုသေချာဆေးကြောပါ။
- ဖိနပ်ချွတ်ပြီးသွားမိတယ်ဆိုရင်လည်းခြေထောက်ကိုသေချာစင်ကြယ်အောင်ဆေးကြောပြီးရေခြောက်အောင်သုတ်ပါ။
- ခြေထောက်မှာထိခိုက်မိရင် ပဋိဇီဝဆေးတစ်ခုခုမှန်မှန်လူးပေးပါ။
- ပန်းခြံထဲမြက်ခင်းတွေ ကွန်ကရစ်လမ်းတွေမှာလည်း ဖိနပ်ချွတ်ပြီးလျှောက်တာမျိုးမလုပ်ပါနဲ့။
ခြေထောက်ကနေတဆင့် ပိုးဝင်တာ၊ရောဂါကူးစက်တာမျိုးတွေ၊ မလိုလားအပ်ဘဲ ထိခိုက်မိတာမျိုးမဖြစ်စေဖို့ ဘယ်နားသွားသွားဖိနပ်စီးသွားတာကအကောင်းဆုံးဖြစ်မှာပါ။ မလိုလားအပ်တဲ့ရောဂါပိုးတွေ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ အရေပြားဝေဒနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘယ်နေရာကိုပဲသွာသွား ဖိနပ်ချွတ်ဖို့မလိုတဲ့နေရာမျိုးဆိုရင် ဖိနပ်မချွတ်တာကအကောင်းဆုံးပါ။ ကျန်းမာရေးကိုစောင့်ရှောက် ရာလည်းရောက်မှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။