နှာခေါင်းသွေးလျှံ တာက ၂မျိုးရှိပါတယ်။ Anterior nosebleedနဲ့ Posterior nosebleedပါ။
- Anterior nosebleed (နှာခေါင်းအရှေ့ဘက်က သွေးယိုခြင်း)- ဒါကနှာခေါင်းသွေးလျှံတာနဲ့ အဓိကအကြောင်းရင်းပါပဲ။ နှာနုရိုးရဲ့ အခြေနားမှာရှိတဲ့ သွေးကြောလေးတွေကနေ သွေးထွက်တာပါ။ သိပ်မပြင်းထန်တဲ့အတွက် အိမ်မှာတင်ကုလို့ရပါတယ်။
- Posterior nosebleed (နှာခေါင်းအနောက်ဘက်ကသွေးထွက်ခြင်း)- သူက Anterior nosebleedနောက် အဖြစ်မများပါဘူး။ အသက်ကြီးတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ နှာခေါင်းရဲ့အနောက်ဘက်မှာရှိတဲ့ သွေးကြောကနေသွေးထွက်တာပါ။ သူကပိုဆိုးတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုခံယူရတာ၊ နား၊ နှာခေါင်း၊လည်ချောင်းအထူးကုနဲ့ ပြသရတာမျိုးရှိတတ်ပါတယ်။
နှာခေါင်းသွေးလျှံတာက ဆောင်းတွင်းနဲ့ အေးမြခြောက်သွေ့တဲ့ ရာသီဥတုမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမယ့် ၂နှစ်ကနေ ၁၀နှစ်ကြားကလေးနဲ့ ၅၀ကနေ ၈၀ကြား လူကြီးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လည်းတော့မသိပေမယ့် မနက်ပိုင်းမှာ နှာခေါင်းသွေးပိုလျှံတတ်ပါတယ်။
ဘာကြောင့် နှာခေါင်းသွေးလျှံ ရတာလဲ။
နှာခေါင်းသွေးလျှံ တာ တော်တော်များများက အကြာင်းရင်းရှာမရပါဘူး။ အဖြစ်အများဆုံးကတော့ နှာခေါင်းကို ထိခိုက်ဒဏ်ရာရတာပါပဲ။ တစ်ခုခုနဲ့ ဆောင့်မိတာ၊ ချော်လဲတာကြောင့် နှာခေါင်းသွေးလျှံတာများပါတယ်။ တခြားအကြောင်းရင်းတွေကတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။