(၄) ပတ်တီးစည်းပေးပါ
ထိခိုက်မိတဲ့နေရာကို ဆွဲဆန့်နိုင်တဲ့ ပတ်တီးမျိုးနဲ့စည်းနှော်င်ထားပေးပါ။ ဒီလိုလုပ်ပေးတာက တစ်ရှုးတွေကို တင်းတင်းကျပ်ကျပ်စည်းနှောင်ထားပေးနိုင်သလိုသွေးကြောတွေထဲကသွေးယိုစိမ့်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလိုမျိုး ထိခိုက်ဒဏ်ရာဖြစ်တဲ့နေရာကို စည်းနှောင်ပေးထားတာက ထိခိုက်ဒဏ်ရာကို သက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
(၅) နေရောင်ထိတွေ့ပေးပါ
ခရမ်းလွန်ရောင်ခြည်က အသားအရေကိုထိခိုက်ပျက်စီးစေနိုင်တယ်ဆိုပေမယ့် အနာတွေ ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါမှာတော့ သင့်တင့်တဲ့နေရောင်ခြည်ပမာဏ ထိတွေ့ပေးဖို့လိုပါလိမ့်မယ်။နေရောင်ခြည်မှာပါတဲ့ ဗီတာမင် D က အနာကျက်စေနိုင်သလို ပွန်းပဲ့ဒဏ်ရာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
တစ်နေ့ကို ထိခိုက်မိတဲ့နေရာကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်နေရောင်နဲ့ထိတွေ့ပေးပါ။နေရောင်ကို သင့်တင့်တဲ့ပမာဏလောက်ဘဲ ထိတွေ့ပေးပါ။နေလောင်တဲ့အထိတော့နေရောင်မခံပါနဲ့။
(၆) ဗီနီကာစွတ်ပေးပါ
ဗီနီကာကိုရေနွေးနွေးလေးနဲ့ရောစပ်ပြီး ထိခိုက်မိထားတဲ့နေရာကို ဂွမ်းစလေးနဲ့တို့ပြီး စွတ်ပေးပါ။ ဗီနီကာက ထိခိုက်မိထားတဲ့နေရာတဝိုက်က အရေပြားတွေမှာ သွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးနိုင်သလို ထိခိုက်မိတဲ့တဝိုက်မှာသွေးခြည်ဥတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးပါတယ်။
(၇) အနာကျက်မြန်စေနိုင်မယ့် အစားအသောက်တွေစားပေးပါ
အနာကျက်မြန်စေဖို့နဲ့ အနာသက်သာစေဖို့အတွက် အနေအထိုင်တွင်မကပါဘူး။ အစားအသောက်ကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ စားသောက်မှုပုံစံက ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်နေပါတယ်။ အချို့အစားအစာတွေက သွေးကြောတွေကိုအနာကျက်မြန်စေဖို့အတွက် အခုပြောပြမယ့်အစားအသောက်လေးတွေကို စားသုံးပေးလို့ရပါတယ်။
- နာနတ်သီး – အနာကျက်မြန်စေဖို့အတွက် လတ်ဆတ်တဲ့နာနတ်သီးကို စားသုံးပေးလို့ရပါတယ်။ နာနတ်သီးက အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓါကိုယ်ရဲ့အရေပြားနဲ့တစ်ရှုးတွေကို ကျန်းမာစေနိုင်ပါတယ်။
- quercetin ပါတဲ့ သစ်သီးတွေ – ပန်းသီး၊ ဗီတာမင် Cပါတဲ့အသီးတွေ၊ ကြက်သွန်နီ၊ ဘယ်ရီးသီးတွေ၊ ချယ်ရီသီးနဲ့ပ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးပါ။ ဒီဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေမှာပါတဲ့quercetin က အနာကျက်မြန်စေနိုင်ပါတယ်။
- ဗီတာမင် C ပါတဲ့ သစ်သီးတွေ -လေ့လာမှုတစ်ရပ်အရ လိမ္မော်သီး၊ သံပုရာသီး၊ရှောက်ချိုသီးတို့လိုမျိုး အချဉ်ဓါတ်ရှိတဲ့ ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေက အနာကျက်မြန်စေနိုင်သလို ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ လူကြီးတွေနဲ့လည်း သင့်တော်ပါတယ်။
- ဗီတာမင် K ကြွယ်ဝတဲ့အစားအစာတွေ – ဗီတာမင် K ကထိခိုက်ဒဏ်ရာရတာကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေနဲ့ အမာရွတ်တွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဗီတာမင် K ရရှိနိုင်စေဖို့အတွက် ကိုက်လန်၊ ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊ဂေးဖီထုပ်အသေးစားလေးတွေ၊ဆလတ်ရွက်၊ပဲပိစပ်၊စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီတွေစားသုံးပေးလို့ရပါတယ်။
- အဆီပါဝင်မှုနည်းတဲ့ ပရိုတင်း – ငါး၊ကြက်သား၊ပဲပြား၊အဆီမပါတဲ့အနီရောင်အသားတွေက ဆံချည်မျှင်သွေးကြောတွေကို ကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သတိထားရမှာတစ်ခုက ဟမ်ဘာဂါနဲ့အသားကြော်တွေလိုမျိုးပြည့်ဝဆီတွေနဲ့ကိုလက်စထရောတေအများကြီးပါဝင်နေတာမျိုးကိုတော့ မစားမိဖို့ပါ။
- ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာတွေ – ဇင့်ဓါတ်ကလည်း ခန္ဓါကိုယ်ကို အနာကျက်အောင်လုပ်ဆောင်ပေးပြီး တစ်ရှုးတေါကို ကျန်းမာစေနိုင်ပါတယ်။ ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားချင်တယ်ဆိုရင်တော့ ဂဏန်း၊ကျောက်ပုဇွန်၊ဟင်းနုနွယ်၊ဖရုံစေ့ နဲ့ ပဲတို့ကိုစားသုံးပေးလို့ရပါတယ်။
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသဖို့လိုမလဲ
လူတိုင်းမှာ ပွန်းပဲ့ဒဏ်ရာကြောင့်သွေးခြည်ဥတာဖြစ်နိုင်တယ်ဆိုပေမယ့်ရောဂါအခံတစ်ခုခုရှိနေတာကြောင့်ဖြစ်ဖြစ်၊ အာဟာရချို့တဲ့တာကြောင့်ဖြစ်ဖြစ် အနာကျက်နှေးတာနဲ့ အနာက အချိန်အတော်ကြာတဲ့အထိ အညိုအမဲစွဲတာကမသက်သာတာမျိုးရှိနေနိုင်ပါတယ်။ ဒီလိုလက္ခဏာမျိုးတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ။
- ကြီးကြီးမားမားထိခိုက်မိတာမရှိဘဲနဲ့ အရေပြားမှာအညိုအမဲစွဲနေရင်
- မကြာခဏဆိုသလို အညိုအမဲစွဲတာတွေခံစားနေရနေရင်
- အလွယ်တကူသွေးခြည်ဥနေရင်
- ဆေးဝါးအသစ်တစ်မျိုးမျိုးသောက်သုံးချိန်မှာ အရေပြားမှာသွေးခြည်ဥတာမျိုးဖြစ်လာရင်
- ကျောနဲ့ဝမ်းဗိုက်မှာသွေးခြည်ဥသလို ဒဏ်ရာတွေဖြစ်လာရင်
သတိပြုစရာအချက်အချို့
- အမျိုးသမီးတွေရဲ့ အရေပြားက အမျိုးသားတွေထက် အညိုအမဲစွဲလွယ်ပါတယ်။
- လူကြီးတွေကလူငယ်တွေထက် အရေပြားမှာ အညိုအမဲပိုပြီးစွဲလွယ်ပါတယ်။
- Antibioticတွေ၊သွေးကျဲဆေး နဲ့ ပန်းနာရင်ကျပ်ဝေဒနာအတွက်သောက်သုံးရတဲ့ဆေးဝါးတွေက အချို့သူတွေမှာ အရေပြားအညိုအမဲစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဝေဒနာရှင်တွေအနေနဲ့ဆေးသောက်တာကိုရပ်လိုက်တာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ကြည့်သင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။