backup og meta

တိတိကျကျ ပြောမရသောမြွေကိုက်ခံရခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများဘာလုပ်သင့်လဲကာကွယ်မှုများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

တိတိကျကျ ပြောမရသောမြွေ ကိုက်ခံရခြင်း ဆိုတာဘာလဲ

တစ်ခါတစ်လေမှာ ကလေးမြွေကိုက်ခံရတာကို မိဘတွေက သိတဲ့အချိန်မှာ မြွေက မရှိတော့ပါဘူး။ တစ်ခါတစ်ခါကျတော့လည်း မြွေက အသတ်ခံလိုက်ရပြီး ဘာမြွေရယ်လို့ တိတိကျကျ ပြောရခက်သွားပါတယ်။ (တကယ်လို့ သေသွားတာ သေချာရင်တော့ ဆေးခန်းသွားပြတဲ့အခါ ကိုယ်နဲ့တစ်ပါတည်း ယူသွားသင့်ပါတယ်) အများအားဖြင့်တော့ အန္တရာယ်မရှိနိုင်ဘဲ ကိုက်ခံရပြီး ၅မိနစ်အတွင်းမှာ နီရဲရောင်ရမ်းပြီး ပူလာတယ်ဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။

လက္ခဏာများ

တိတိကျကျ ပြောမရသောမြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ

အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့

• စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ်

• ပါးစပ်၊ နှာခေါင်း၊ အနာကနေ သွေးထွက်မယ်

• သွေးအန်မယ်၊ ဆီးနဲ့ဝမ်းထဲမှာ သွေးပါလာမယ်

• ပြင်းပြင်းထန်ထန် နာမယ်

• ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ်

• ကြွက်သားတွေ အကြောသေပြီး အသက်ရှူရ ခက်လာမယ်

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်လဲ

အကောင်းဆုံးကတော့ မြွေကိုက်ခံရပြီဆိုတာနဲ့ လက္ခဏာတွေ ဆိုးဆိုးရွားရွားမဖြစ်သေးရင်တောင် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက သင့်ရဲ့ ရောဂါလက္ခဏာပေါ် မူတည်ပြီး ဘာအဆိပ်သင့်တယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။

ဒီလက္ခဏာတွေ ပေါ်လာရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ ချက်ချင်းဆက်သွယ်ပါ

• မြွေပေါက်ထားတဲ့အရာတွေ တွေ့နေရင်

• ကိုက်ခံရတဲ့နေရာက ပူနေသလို ခံစားရရင်၊ နာရင်၊ ရောင်ရမ်းနေရင်

• သွေးဖုတွေ၊ ခရမ်းရောင်အစက်တွေ ရှိနေရင်

• ကလေးက ဖျားနေရင်၊ နွမ်းနေရင်

• သင့်အနေနဲ့ သင့်ကလေးကို ဆေးခန်းပြသင့်တယ်လို့ ထင်ရင်

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ရမလဲ

မြွေကိုက်မခံရဖို့အတွက်

မြွေများပုန်းအောင်းနေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လိုနေရာမျိုးတွေ)

အဆိပ်မရှိဘူးဆိုရင်တောင်မှ ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့

တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် မြွေကိုက်တာနဲ့ ကုသမှုပေးနိုင်အောင် လက်ဆွဲအိတ်ဆောင်ထားပါ။ သက်တမ်းလွန်နေတဲ့ အိတ်တွေ မသုံးမိဖို့တော့ လိုပါတယ်။

မြွေကို သွားမစပါနဲ့။ အဲ့လိုစလိုက်ရင် မြွေက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါတယ်။

မှောင်တဲ့နေရာတွေ သွားတဲ့အခါ တစ်နေရာရာထဲ မဝင်မီ တုတ်နဲ့အသံပေးပါ။ ဒါဆိုရင် မြွေက ကိုယ့်ကို ရှောင်သွားပါလိမ့်မယ်။

မြွေပေါတဲ့နေရာတွေဆီ သွားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်တာ၊ လည်ရှည်ဖိနပ်စီးတာမျိုးတွေ လုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Snakebite. https://medlineplus.gov/ency/article/000031.htm.

Snakebite. http://www.webmd.com/a-to-z-guides/snakebite?print=true.

Symptoms of snakebite. http://www.nhs.uk/Conditions/Bites-snake/Pages/Symptoms.aspx.

Barton, D. Schmitt. Your Child’s Health. USA, Bantam Books, 2005. Printed
books, Page 30.

ယခုပုံစံ

12/05/2020

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement