ရေဟာ သက်ရှိတို့အတွက် အရေးကြီးတဲ့ ဇီဝဓာတ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့ ရေကိုလိုအပ်ပါတယ်။
ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ လုံလောက်တဲ့ ရေပမာဏကို မရရှိဘဲ ဇီဝဖြစ်ပျက်မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး။ အစာအာဟာရများ သယ်ဆောင်ပေးခြင်း၊ ကိုယ်ခန္ဓာအပူချိန် ထိန်းညှိပေးခြင်း၊ အဆစ်အမြစ်များနှင့် ကိုယ်ခန္ဓာစနစ်များအတွင်း ချောဆီရည်အဖြစ် လုပ်ဆောင်ပေးခြင်း၊ ကိုယ်တွင်းကလီစာများ အစိတ်အပိုင်းများကို ထိခိုက်မှုနည်းစေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။ တနေ့တာအတွင်းမှာ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကြောင့် ရေဓာတ်ကို ပုံမှန်ဆုံးရှုံးလျက်ရှိပါတယ်။ အဆိုပါ ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ရေကို လုံလောက်စွာ မရရှိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။