backup og meta

မေ့ပြန်ပြီ....မှတ်ဉာဏ်တွေမကောင်းတော့ဘူးဆိုသူတွေအတွက် နည်းလမ်း (၆) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ပြန်ပြီ....မှတ်ဉာဏ်တွေမကောင်းတော့ဘူးဆိုသူတွေအတွက် နည်းလမ်း (၆) ချက်

    ဒီနေ့ဘာတွေလုပ်စရာရှိလဲ မေ့တတ်နေပြီလား။ ဘာပြီးရင်ဘာလုပ်မယ် အစီအစဉ်တွေအကုန်ပျောက်၊ ပစ္စည်းတွေ ဘယ်နားထားမိမှန်းမသိဖြစ်နေတတ်လား။ ဒါဆို မှတ်ဉာဏ်ပြဿနာရှိနေပါပြီ။

    အခုခေတ် ဒစ်ဂျစ်တယ်ပစ္စည်းတွေက ခေတ်မီလွန်းတော့ ဖုန်းနံပါတ်တွေ၊ အဆက်အသွယ်တွေ၊ လုပ်စရာအစီအစဉ်တွေကို ဖုန်းထဲ၊ကွန်ပျူတာထဲ မှတ်သားလာကြပါတယ်။ စက်ပစ္စည်းအားကိုးနဲ့ ဦးနှောက်ကိုအလုပ်မပေးတာတွေ၊ ဒါမှမဟုတ် စိတ်ဖိစီးမှု၊ အလုပ်တာဝန်တွေများလို့ မေ့တတ်လာသူတွေအတွက် ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်နည်းလမ်း (၆) ခုကို ဖော်ပြပေးလိုက်မယ်နော်။

    (၁) အာရုံထားပါ

    စာဖတ်နေတာပဲဖြစ်ဖြစ်၊အရေးကြီးတဲ့ဧည့်သည်နဲ့ဆွေးနွေးနေတာဖြစ်ဖြစ်၊ ညွှန်ကြားချက်ကိုနားထောင်နေတာပဲဖြစ်ဖြစ် တစ်ခုတည်းကိုအာရုံစိုက်ထားပါ။ တခြားအာရုံတွေကို အဝင်မခံပါနဲ့။

    (၂) မြင်ယောင်ပုံဖော်ကြည့်ပါ

    တစ်ခုခုကို မမှတ်မိရတဲ့အကြောင်းက တကယ်တမ်းကိုယ်တိုင်မမြင်ရတဲ့အတွက် ကိုယ်မှတ်မိချင်တဲ့အရာကို မှတ်မထားနိုင်တာလည်းပါပါတယ်။ စိတ်ထဲကနေ ပုံဖော်မြင်ယောင်ကြည့်ပါ။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် ထိရောက်ပါတယ်တဲ့။

    (၃) မနက်ဖြန် မေ့နိုင်လောက်တဲ့အရာတွေအတွက် အစီအစဉ်ဆွဲပါ

    နောက်တစ်နေ့မှာ ဟိုမေ့ဒီမေ့ဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်သိနေမှာပါ။ အခုလောလောဆယ် သေချာသတိထားမှတ်နေတဲ့အရာကို နောက်နှစ်ရက်လောက်ဆို ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေရလောက်ပြီ။ ဆိုတော့ ကြိုစဉ်းစားပြီး စာရွက်နဲ့ဖြစ်ဖြစ်မှတ်ထားလိုက်ပါ။

    (၄) မှတ်ဉာဏ်မကောင်းတဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ်ပြောနေတာ ရပ်ပါ

    နာမည်တွေမမှတ်မိတဲ့ပြဿနာက လူမှုဆက်ဆံရေးမှာ စိတ်ညစ်စရာကောင်းပါတယ်။ ဒါပေမယ့် ငါကသိပ်မေ့တတ်တာပဲ၊ ငါကမေ့တတ်လွန်းတယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးမနေပါနဲ့။ နည်းလမ်းရှာပြီး မှတ်မိအောင်လုပ်ပါ။

    (၅) အရည်အချင်းသစ်ကို သင်ယူပါ

    အလုပ်ခွင်မှာ ကိုယ်မသိသေးတာကို သင်ယူရရှိခြင်းက တကယ်ကောင်းပါတယ်။ အသစ်ဖြစ်ပြီး ခက်ခဲတဲ့အလုပ်တွေဟာ ပင်ပန်းပေမယ့် ဦးနှောက်အတွက် တကယ်ကောင်းပါတယ်။ သက်သာလွယ်ကူခြင်းက ဦးနှောက်အတွက် ရန်သူတွေပါ။ ဒါ့ကြောင့် စိန်ခေါ်မှုတွေကို ကြိုဆိုပါ။ အကြောင်းအရာသစ်တွေကို မှတ်သားတဲံအခါ မှတ်ဉာဏ်ကပိုအလုပ်လုပ်ပါတယ်။

    (၆) ခဏလောက် အနားယူပါ

    သုတေသနအရ တစ်ခုခုကို သင်ယူပြီး၊ မှတ်သားလေ့လာပြီးနောက် ၁၀ မိနစ်လောက် ငြိမ်ငြိမ်လေးအနားယူလိုက်ရင် ပိုမှတ်မိလွယ်တယ်လို့ဆိုပါတယ်။ နေ့စဉ်ဆိုရင်တော့ ဦးနှောက်ကို သွေးလည်ပတ်မှုပိုကောင်းစေပြီး ကျန်းမာရေးနဲ့ညီတဲ့အစာအာဟာရက အာရုံစူးစိုက်မှုနဲ့ ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement