backup og meta

သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ

    လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စု တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒီနေ့မှာတော့ လူအများစုသိရှိထားတဲ့ အေသွေး၊ ဘီသွေး၊ အိုသွေး၊ အေဘီအသွေးတို့ပါဝင်တဲ့ ABO သွေးအုပ်စု စနစ်အပေါ်မှာအခြေခံပြီး သွေသွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    သွေးအုပ်စု အခြေခံ အစားအသောက်ပုံစံဆိုတာ ဘာလဲ ?

    သွေးအုပ်စု အပေါ်အခြေခံတဲ့ စားသောက်မှုပုံစံတွေက လွန်ခဲ့ဆယ်စုနှစ်စုလောက်စပြီး လူသိများလာခဲ့ပါတယ်။

    ၁၉၉၆ ခုနှစ်မှာ အမေရိကန်ဆရာဝန် Dr. Peter J. D’Adamo ရေးသားထုတ်ဝေခဲ့တဲ့ ကိုယ့် သွေးအုပ်စု အလိုက် မှန်ကန်စွာ စားပါလို့ အဓိပ္ပာယ်ရတဲ့ ‘ Eat Right 4 Your Type ‘ စာအုပ်ဟာ အုပ်ရေ သန်းနဲ့ချီ ရောင်းချခဲ့ရပြီး အရောင်းအများဆုံး စာအုပ် တစ်အုပ် ဖြစ်ခဲ့ပါတယ်။

    အဲ့ဒီနောက်မှာတော့ သွေးအုပ်စု အခြေခံ စားသောက်မှုအပေါ် လူတွေ အာရုံစိုက်လာကြပါတယ်။

    စမ်းသပ်မှုတွေ အရလည်း သွေးအုပ်စုပုံစံအပေါ် မူတည်ပြီး အချို့သော ရောဂါဖြစ်ပွားနိုင်မှုတွေ ကွာခြားနေတာတွေ တွေ့ရှိရပါသေးတယ်။

    အိုသွေးပိုင်ရှင်တွေက ပုံမှန်ထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုလျော့နည်းတယ် ဒါပေမယ့် အစာအိမ်ရောဂါ ဖြစ်ပွားနိုင်ခြေတော့ နည်းနည်းပိုများပါတယ်။

    အေသွေး၊ ဘီသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသလို အာရုံကြောဆိုင်ရာ ပြဿနာအချို့ ကြုံတွေ့ရနိုင်ခြေလည်း ပိုများနေပါတယ်။

    သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ

    သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ ကတော့

    အေ သွေးပိုင်ရှင်တို့အတွက် အစားအသောက်ပုံစံများ

    အေ သွေးပိုင်ရှင် တွေက ကစီဓာတ် နဲ့ အသီးအရွက်တွေကိုပို ပြီး လွယ်လွယ်ကူကူချေဖျက်နိုင်ပြီး အသားဓာတ်နဲ့ အဆီတွေကို ချေဖျက်ရာမှာတော့ အချိန်ကြာတယ်လို့ Dr. D’Adamo ကရေးသားထားပါတယ်။

    အေသွေးပိုင်ရှင်တွေ ပိုပြီးစားသုံးသင့်တာတွေကတော့

    • ပရိုတိန်းဓာတ်ပြည့်ဝတဲ့ ပဲနို့၊ တို့ဖူး
    • ဂျုံထွက်ပစ္စည်းတွေဖြစ်တဲ့ မုယောစပါး၊ ဘာလီနဲ့ ပေါင်မုန့်
    • အခွံမာစေ့တွေဖြစ်တဲ့ မြေပဲစေ့၊ သစ်ကြားစေ့နဲ့ ဖရုံစေ့
    • သံလွင်ဆီ
    • ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတို့လို အသီးတွေ
    • ပဲတောင့်ရှည်၊ ပဲပိစပ်တို့လို ပဲအမျိုးမျိုး
    • ဆာဒင်းငါး၊ ဆယ်လမွန်ငါးအပါအဝင် ရေချိုငါးအမျိုးမျိုး
    • ကြက်သား၊ ကြက်ဆင်သား အစရှိသည်တို့ကိုပိုမိုစားသုံးပြီး အမဲသား၊ ဝက်သားနဲ့ ပင်လယ်ငါးအများစု၊ ဆီကြော်တွေကိုတော့ ရှောင်ကြဉ်သင့်တယ်လို့ဆိုပါတယ်။

    A သွေးပိုင်ရှင်တွေအတွက်ကတော့ အသီးအရွက်နဲ့အသီးအနှံတွေကိုအဓိကထားစားသုံးရမယ်လို့ဖော်ပြထားပါတယ်။

    ဘီ သွေးပိုင်ရှင်တွေအတွက် စားသောက်မှုပုံစံ

    • ဥအမျိုးမျိုးကို စားသုံးသင့်ပါတယ်။
    • အစိမ်းရောင်အသီးအရွက်များ
    • အမဲသား၊ ဆိတ်သား
    • နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံးပြီး ဂျုံထွက်ပစ္စည်းများ၊ ခရမ်းချဉ်သီး၊ အစေ့အမျိုးမျိုးကိုတော့ လျှော့စားသင့်ပါတယ်လို့ဆိုပါတယ်။

    B for balance လို့အတိုချုံးလေးမှတ်ထားပြီးတော့ အစာအုပ်စုသုံးခုကို မျှတအောင်စားရမယ်လို့လညိး အကြံပေးထားပါသေးတယ်။

    အိုသွေး ပိုင်ရှင်တို့အတွက် အစားအသောက်ပုံစံ

    အို သွေးပိုင်ရှင် တွေ ပိုမိုစားသုံးသင့်တာကတော့

    • အသားအမျိုးမျိုး
    • ငါးအမျိုးမျိုး ( ပင်လယ်စာအပါအဝင် )
    • ပန်းဂေါ်ဖီ၊ မုန်ညှင်းရွက်နဲ့ အစိမ်းရောင်အရွက်အများစု
    • အသီးအနှံများ
    • သံလွင်ဆီ

    ဒါ့အပြင် အိုသွေးပိုင်ရှင်တွေက ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်တာကြောင့် အသားဓာတ်အဓိကလိုအပ်ပြီး အဆီများတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

    အို သွေးပိုင်ရှင် တွေကတော့ အသားဓာတ် (ပရိုတိန်းဓာတ် ) ပါဝင်တဲ့အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပါတယ်လို့လည်း ဆိုပါတယ်။

    အေဘီ သွေးပိုင်ရှင်တို့အတွက် အစားအသောက်ပုံစံ

    အေဘီ သွေးပိုင်ရှင် တို့အတွက်ကတော့

    • အသီးအနှံတွေ၊ တို့ဖူး၊
    • နို့ထွက်ပစ္စည်းတွေ
    • အသားငါးအမျိုးမျိုးတို့ကိုစုံလင်စွာ စားသင့်ပါတယ်။

    အေဘီ သွေးပိုင်ရှင် တွေကတော့ ပြောင်းဖူး၊ ပဲအချို့နဲ့ အခွံမာသီးတွေကလွဲရင် အာဟာရစုံအောင်ရောနှောစားသင့်တယ်လို့ဖော်ပြထားပါတယ်။

    အချုပ်ပြောရမယ်ဆိုရင်တော့ သွေးအုပ်စု အလိုက် အစားအစာတွေခွဲခြားစားသုံးခြင်းဟာ လုံးဝမှန်ကန်ကြောင်းကိုတော့ လက်ရှိချိန်ထိ ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ မတူညီတဲ့အတွက်လည်း လူတိုင်းနဲ့လည်း ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ ဒါပေမယ့် ၄အုပ်စုလုံးအတွက် အစားအစာတွေဟာ ကျန်းမာရေးနဲ့လျော်ညီစွာ စားသုံးမှုတွေပဲ ဖြစ်ပါတယ်။ ဘယ်သွေးအုပ်စုပဲ ဖြစ်ပါစေ။ အစာအုပ်စုတွေကို မျှတအောင် စားပါမှ ကျန်းမာရေးနဲ့ ညီညွတ်မယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement