ရေဓါတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 3 mins read
Share now

နေ့စဉ် ကျွန်ုပ်တို့ဟာ ဘာကြောင့်မှန်း မသိပဲ ရေဓါတ် ဆုံးရှုံးနေကြပါတယ်။
ဒီအကြောင်းစဉ်းစား ကြည့်ရအောင်။ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့ အခါ သင်ဟာ အရမ်းကို အိပ်ချင်လာတဲ့ အချိန်ကြုံဖူးပါသလား။ ဟုတ်ပါတယ်။ ရေဓါတ်ဆုံးရှုံးခြင်းဟာ ညနေဘက် အိပ်ငိုက်လာတဲ့အချိန်တွေ အထူးသဖြင့် နွေရာသီဘက်တွေမှာ ဖြစ်လေ့ရှိတဲ့ ပထမဆုံး ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ် ပဲဖြစ်ပါတယ်။ ဒါဆို ရေဓါတ် ဆုံးရှုံးတဲ့အခါ လုပ်ပေးနိုင်မယ့် အကူအညီတစ်ချို့အကြောင်းကို ကြည့်ရအောင်။

၁။ ဘာတွေက ရေဓါတ်ဆုံးရှုံးမှုကို ဖြစ်စေသလဲ။

လူအများဟာ ရေဓါတ်ဆုံးရှုံးရခြင်းရဲ့ အကြောင်းအရာဟာ ရေလုံလုံလောက်လောက် မသောက်၍ ဖြစ်တယ်ဆိုတာ သိကြပါတယ်။ ဟုတ်ပါတယ်။ ရေအလုံအလောက် မသောက်ခြင်းဟာဆိုရင် ရေဓါတ်ဆုံးရှုံးနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်ဟာ ရေဓါတ် ၇၀ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ် ကျွန်ုပ်တို့ဟာ အပေါ့သွားခြင်း ၊အလေးသွားခြင်း ၊ချွေးထွက်ခြင်းနှင့် မျက်ရည်ထွက်ခြင်း စတာတွေကနေ ရေတစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလေ့ ရှိကြပါတယ်။ ကျွန်ုပ်တို့ဟာ ဆုံးရှုံးသွားတဲ့ ရေပမာဏကို ပြန်လည်မသောက်ပေး ဘူးဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ ရေဓါတ်ရာခိုင်နှုန်းဟာ လျော့နည်းလာပြီး ပြဿနာတွေ ကြုံလာရမှာ ဖြစ်ပါတယ်။
အိုဟိုင်းရိုး ကျန်းမာရေး စင်တာက ခုလိုပြောပါတယ်။ ကျွန်ုပ်တို့ဟာ ရေဓါတ် ဆုံးရှုံးတဲ့ အခါမှာ ခန္ဓါကိုယ်ထဲမှ စနစ်တွေအတွက် လိုအပ်တဲ့ ဆားနှင့် အလက်ထရိုလိုက်ဆိုတဲ့ ဓါတ်တွေ ဆုံးရှုံးသွားပါတယ်။ ဒီလို ရေနှင့် ဆားဓါတ်တွေ အတူတကွ ဆုံးရှုံးသွားခြင်းဟာ ရေဓါတ်ချို့တဲ့ခြင်းကို ဖြစ်စေနိုင် ပါတယ်။

၂။ ရေဓါတ်ဆုံးရှုံးမှန်းကို သင်ဟာ ဘယ်လိုသိနိုင်သလဲ။ ၎င်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အရွယ်ရောက်ပြီး သူများမှာ အဖြစ်များလေ့ ရှိတဲ့ လက္ခဏာတွေကတော့

• ရေငတ်ခြင်း သို့မဟုတ် နှုတ်ခမ်းခြောက်ခြင်း၊
• အာခံတွင်း ခြောက်သွေ့ခြင်း၊
• ဆီးအရောင်ရင့်ခြင်း သို့မဟုတ် ဆီးအနည်းငယ်သာ သွားခြင်း၊ (တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် ၂ကြိမ်လောက်)
• အိပ်ငိုက်ခြင်း၊
• ဝမ်းချုပ်ခြင်း၊
• ငိုလျှင် မျက်ရည် မထွက်ခြင်း၊
• အသားအရေ ခြောက်သွေ့ခြင်း၊
• ခေါင်းကိုက်ခြင်း၊
• မူးဝေခြင်း၊
• မိုက်ခနဲ ဖြစ်ခြင်း၊
• ကြွက်တက်ခြင်း၊ (အထူးသဖြင့် လေ့ကျင့်ခန်း လုပ်စဉ်) စတာတွေဖြစ်ပါတယ်။

ကလေးများအတွက်ကတော့

• ၆ နာရီမှ ၈ နာရီကြား ဆီးလုံးဝ မသွားခြင်း သို့မဟုတ် သေးခံ မစိုခြင်း၊ (ကလေးကြီးများတွင် ၁၂ နာရီကြာသည်အထိ ဆီးမသွားခြင်း)
• ငိုသောအခါ မျက်ရည်မထွက်ခြင်း
• မျက်လုံးချိုင့်ဝင်နေခြင်း
• ကလေးငယ်လေးများတွင် ငယ်ထိပ် ချိုင့်နေခြင်း
• ဂနာမငြိမ်ဖြစ်ခြင်း၊ ငြိမ်နေခြင်း
• ကလေးကြီးများတွင် နုံးချိခြင်း သို့မဟုတ် မူးဝေခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၃။ တကယ်လို့ သင်ဟာရေဓါတ် ချို့တဲ့နေပြီ ဆိုရင် ဘာလုပ်သင့်သလဲ။

ရေဓါတ် ပြန်ဖြည့်ပါ။ ရေဓါတ်အနည်းငယ်သာ ချို့တဲ့ခြင်းဟာ ရေကို ပိုသောက်ပေးခြင်းအားဖြင့် အိမ်မှာပဲ ရိုးရှင်းစွာ ကုသနိုင်ပါတယ်။
ရေနဲ့ အားဖြည့်အချိုရည်များ ၊ အားကစားလုပ်ရာမှာ သောက်တဲ့ အချိုရည်တွေသောက်ပေးခြင်းအားဖြင့် ချွေးထွက်ခြင်းမှ တစ်ဆင့် ဆုံးရှုံးသွားသော အလက်ထရိုလိုက် ဓါတ်ဆားနှင့် ရေကို ပြန်ဖြည့်ပေးနိုင်ပါတယ်။
ဆေးကောလိပ်များ၏ ပြောပြချက်များအရ အမျိုးသားများဟာ တစ်နေ့လျှင် ရေဖန်ခွက်ပေါင်း ၁၃ ခွက်လောက် သောက်ပေးသင့်ပါတယ်။ ၎င်းဟာ ၃ လီတာလောက်ရှိပါတယ်။ အမျိုးသမီးများတွင်တော့ တစ်နေ့လျှင်ရေ ဖန်ခွက် ၉ ခွက်လောက် သောက်ပေးသင့်ပါတယ်။ ၎င်းဟာ ၂.၂ လီတာလောက်ရှိပါတယ်။
အများစုဟာ နံပါတ် ၈ စည်းမျဉ်းကို သိကြပါတယ်။ ဆိုလိုတာကတော့ ရေ ၈အောင်စ ရှိသောပမာဏကို တစ်နေ့လျှင် ၈ ကြိမ်ကိုသောက်ပြီး ရေဓါတ်ဖြည့်ပါလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သို့သော်လည်း သည်အချက်အလက် ကတော့သိပ္ပံနည်းကျ လက်တွေ့ ခိုင်ခိုင်မာမာ ပြောပြထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်ုပ်တို့ သောက်သင့်တဲ့ ရေပမာဏ နဲ့တော့ အနီးစပ်ဆုံး တူညီပြီး မှတ်ရလွယ်ပါတယ်။ ၎င်းဟာ မှတ်ရလွယ်သော်လည်း ကျွန်ုပ်တို့ဟာ ရေကို ၈ အောင်စထက်ပိုပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။

၄။ ရေဓါတ်ချို့တဲ့ခြင်းအတွက် ဘယ်အချိန်တွေမှာ သင်ဟာဆေးကုသမှု ခံဖို့ရာ စဉ်းစားသင့်ပြီလဲ။

ရေဓါတ်ဆုံးရှုံးခြင်းအတွက် အရမ်းဆိုးဝါးတဲ့ အခြေအနေတွေဖြစ်ပေါ်လာတဲ့အခါ ဆေးကုသမှု ခံယူဖို့ရာ စဉ်းစားသင့်ပါတယ်။ အလွန်ဆိုးဝါးတဲ့ ရေဓါတ်ချို့တဲ့ခြင်းဆိုင်ရာ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• အလွန်အမင်း ရေငတ်ခြင်း၊
• လှုပ်လှုပ်ရှားရှား လုပ်သော်လည်း ချွေးမထွက်တော့ခြင်း၊
• မျက်လုံးများ ချိုင့်ဝင်နေခြင်း၊
• အရေပြားခြောက်သွေ့ရှုံ့တွနေခြင်း၊
• အသက်ရှူ မြန်ခြင်း၊
• ဖျားခြင်း၊
• အာခံတွင်းခြောက်သွေ့ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းနှင့် နှာခေါင်း၊ ပါးစပ် ၊ လည်ချောင်း၊ မျက်ခွံနှင့် နားမှာရှိသော အမြှေးပါးအလွှာများ အလွန်အမင်း ခြောက်သွေ့နေခြင်း၊
• သွေးပေါင်ကျခြင်း၊
• နှလုံးခုန်မြန်ခြင်း၊
• သတိလစ်ခြင်း၊( အလွန်ဆိုးဝါးသော အခြေအနေများတွင် ဖြစ်သည်) စတာတွေပဲ ဖြစ်ပါတယ်။
ရေဓါတ်ချို့တဲ့ခြင်း အနည်းငယ်ဖြစ်လျှင် တောင်မှ ကြီးမားသော ပြဿနာတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ခံစားမှု ပြောင်းလဲခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဝမ်းချုပ်ခြင်း စတာတွေကို ဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၅။ သင်ဟာ ရေဓါတ်ချို့တဲ့ခြင်းရဲ့ အန္တရာယ်တွေမကြုံတွေ့ရအောင် ဘယ်လို ရှောင်ရှားသင့်သလဲ။

သင်ဟာ မနက်တိုင်း နိုးတာနဲ့ ရေတစ်ဖန်ခွက်ကို အရင်ဆုံးသောက်ပါ။
အစာမစားခင်တိုင်းမှာ နောက်ထပ် ရေတစ်ဖန်ခွက်ကို သောက်ပါ။
အလုပ်မှာရှိတဲ့ သင့်ရဲ့ စားပွဲပေါ်မှာ ရေတစ်ဗူး အမြဲ ရှိပါစေ သို့မဟုတ် သင်ဟာ ကျောင်းသွားမှာဆိုရင် လွယ်အိတ်ထဲမှာ ရေတစ်ဗူးထည့်သွားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ကို ရေဓါတ်ဖြည့်ပေးနေမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

ဗိုက်ဗိုက်က နာတယ်၊ ဗိုက်အောင့်လိုက်တာလို့ သားသားမီးမီးလေးတွေကပြောတာကိုမေမေဖေဖေတိုင်းကြားဖူးကြမှာပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
စပွန်ဆာ

အဲယားကွန်းခန်းထိတွေ့နေသူတိုင်း သိထားသင့်တဲ့ အချက်တွေ။

အဲယားကွန်းဆိုတာ ယနေ့ခေတ်လူနေမှုဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အရာတစ်ခုဖြစ်တယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Thin Yadanar @ Frances

ကလေးများတွင် ရေဓါတ်ခန်းခြောက်ခြင်း

ကောင်းစွာ အလုပ်လုပ်နိုင်ရန် ခန္ဓါကိုယ်သည် အပူချိန် ၃၇ ဒီဂရီ ဆဲလ်စီးရပ်တွင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Su Sandy

ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ

ရာသီဥတုအပြောင်းအလဲမှာ သားသားမီးမီးလေးတွေ အအေးမိ၊ တုပ်ကွေး ဖြစ်မှာကို စိုးရိမ်တဲ့စိတ်မိဘတိုင်းမှာရှိမှာပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2019 . 2 mins read

ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 18, 2019 . 2 mins read
မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ

မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2019 . 2 mins read

နွေရာသီမှာ ရေဓါတ်ခန်းခြောက်မှု မဖြစ်စေဖို့ ကာကွယ်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2019 . 2 mins read