လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စု တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။
ထွက်မှာ သေချာပြီလား။
လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စု တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။
ဒီနေ့မှာတော့ လူအများစုသိရှိထားတဲ့ အေသွေး , ဘီဘေး , အိုသွေး, အေဘီအသွေးတို့ပါဝင်တဲ့ ABO သွေးအုပ်စု စနစ်အပေါ်မှာအခြေခံပြီး သွေးအုပ်စုအလိုက် ဆင်ခြင်စားသုံးသင့်တဲ့ အစားအစာတွေအကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။
သွေးအုပ်စုအပေါ်အခြေခံတဲ့ စားသောက်မှုပုံစံတွေက လွန်ခဲ့ဆယ်စုနှစ်စုလောက်စပြီး လူသိများလာခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ အမေရိကန်ဆရာဝန် Dr. Peter J. D’Adamo ရေးသားထုတ်ဝေခဲ့တဲ့ ကိုယ့်သွေးအုပ်စုအလိုက် မှန်ကန်စွာစားပါလို့ အဓိပ္ပာယ်ရတဲ့ ‘ Eat Right 4 Your Type ‘ စာအုပ်ဟာ အုပ်ရေသန်းနဲ့ချီရောင်းချခဲ့ရပြီး အရောင်းအများဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သွေးအုပ်စုအခြေခံ စားသောက်မှုအပေါ်လူတွေအာရုံစိုက်လာကြပါတယ်။
စမ်းသပ်မှုတွေအရလည်း သွေးအုပ်စုပုံစံအပေါ်မူတည်ပြီး အချို့သောရောဂါဖြစ်ပွားနိုင်မှုတွေ ကွာခြားနေတာတွေ တွေ့ရှိရပါသေးတယ်။
အိုသွေးပိုင်ရှင်တွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုလျော့နည်းတယ် ဒါပေမယ့် အစာအိမ်ရောဂါဖြစ်ပွားနိုင်ခြေတော့ နည်းနည်းပိုများပါတယ်။
အေသွေး၊ ဘီသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေပိုများသလို အာရုံကြောဆိုင်ရာပြဿနာအချို့ကြုံတွေ့ရနိုင်ခြေလည်းပိုများနေပါတယ်။
အေ သွေးပိုင်ရှင် တွေက ကစီဓာတ်နဲ့ အသီးအရွက်တွေကိုပိုပြီး လွယ်လွယ်ကူကူချေဖျက်နိုင်ပြီး အသားဓာတ်နဲ့ အဆီတွေကို ချေဖျက်ရာမှာတော့ အချိန်ကြာတယ်လို့ Dr. D’Adamo ကရေးသားထားပါတယ်။
အေသွေးပိုင်ရှင်တွေ ပိုပြီးစားသုံးသင့်တာတွေကတော့
– ပရိုတိန်းဓာတ်ပြည့်ဝတဲ့ ပဲနို့၊ တို့ဖူး
– ဂျုံထွက်ပစ္စည်းတွေဖြစ်တဲ့ မုယောစပါး၊ ဘာလီနဲ့ ပေါင်မုန့်
– အခွံမာစေ့တွေဖြစ်တဲ့ မြေပဲစေ့၊ သစ်ကြားစေ့နဲ့ ဖရုံစေ့
– သံလွင်ဆီ
– ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတို့လို အသီးတွေ
– ပဲတောင့်ရှည်၊ ပဲပိစပ်တို့လို ပဲအမျိုးမျိုး
– ဆာဒင်းငါး၊ ဆယ်လမွန်ငါးအပါအဝင် ရေချိုငါးအမျိုးမျိုး
– ကြက်သား၊ ကြက်ဆင်သား အစရှိသည်တို့ကိုပိုမိုစားသုံးပြီး အမဲသား၊ ဝက်သားနဲ့ ရေငံငါးအများစု၊ ဆီကြော်တွေကိုတော့ ရှောင်ကြဉ်သင့်တယ်လို့ဆိုပါတယ်။
A သွေးပိုင်ရှင်တွေအတွက်ကတော့ အသီးအရွက်နဲ့အသီးအနှံတွေကိုအဓိကထားစားသုံးရမယ်လို့ဖော်ပြထားပါတယ်။
– ဥအမျိုးမျိုးကို စားသုံးသင့်ပါတယ်။
– အစိမ်းရောင်အသီးအရွက်များ
– အမဲသား၊ ဆိတ်သား
– နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံးပြီး ဂျုံထွက်ပစ္စည်းများ၊ ခရမ်းချဉ်သီး၊ အစေ့အမျိုးမျိုးကိုတော့ လျှော့စားသင့်ပါတယ်လို့ဆိုပါတယ်။
B for balance လို့အတိုချုံးလေးမှတ်ထားပြီးတော့ အစာအုပ်စုသုံးခုကို မျှတအောင်စားရမယ်လို့လညိး အကြံပေးထားပါသေးတယ်။
အို သွေးပိုင်ရှင် တွေ ပိုမိုစားသုံးသင့်တာကတော့
– အသားအမျိုးမျိုး
– ငါးအမျိုးမျိုး ( ပင်လယ်စာအပါအဝင် )
– ပန်းဂေါ်ဖီ၊ မုန်ညှင်းရွက်နဲ့ အစိမ်းရောင်အရွက်အများစု
– အသီးအနှံများ
– သံလွင်ဆီ
ဒါ့အပြင် အိုသွေးပိုင်ရှင်တွေက ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပြီး အသားဓာတ်အဓိကလိုအပ်ပြီး အဆီများတဲ့အစားအစာတွေကို ရှောင်ကျဉ်သင့်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။
အို သွေးပိုင်ရှင် တွေကတော့ အသားဓာတ် ( ပရိုတိန်းဓာတ် ) ပါဝင်တဲ့အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပါတယ်လို့လည်းဆိုပါတယ်။
အေဘီ သွေးပိုင်ရှင် တို့အတွက်ကတော့
– အသီးအနှံတွေ၊ တို့ဖူး၊
– နို့ထွက်ပစ္စည်းတွေ
– အသားငါးအမျိုးမျိုးတို့ကိုစုံလင်စွာ စားသင့်ပါတယ်။
အေဘီ သွေးပိုင်ရှင် တွေကတော့ ပြောင်းဖူး၊ ပဲအချို့နဲ့ အခွံမာသီးတွေကလွဲရင် အာဟာရစုံအောင်ရောနှောစားသင့်တယ်လို့ဖော်ပြထားပါတယ်။
အချုပ်ပြောရမယ်ဆိုရင်တော့ သွေးအုပ်စုအလိုက် အစားအစာတွေခွဲခြားစားသုံးခြင်းဟာ လုံးဝမှန်ကန်ကြောင်းကိုတော့ လက်ရှိချိန်ထိ ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ မတူညီတဲ့အတွက်လည်း လူတိုင်းနဲ့လည်းကိုက်ညီချင်မှ ကိုက်ညီမှာပါ၊ ဒါပေမယ့် ၄အုပ်စုလုံးအတွက် အစားအစာတွေဟာ ကျန်းမာရေးနဲ့လျော်ညီစွာ စားသုံးမှုတွေကိုအားပေးတဲ့အတွက် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်ကြောင်းကိုတော့ လေ့လာမှုတွေအရတွေ့ရှိထားရပါတယ်။ ။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
www.healthline.com