အုတ်ဂျုံ (Oatmeal)
အကယ်၍ သင်သည်မနက်ပိုင်း အားအင်လျော့နည်းနေတယ်လို့ ခံစားရတယ်ဆိုလျှင် အုတ်ဂျုံ တစ်ခွက်စာ စားသုံးလိုက်ခြင်းက အကြံဉာဏ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အုတ်ဂျုံသည် ခန္ဓါကိုယ်တွင် သိုလှောင်ထားသော ကာဗိုဟိုက်ဒရိတ်နဲ့ အရည်အသွေးတူသော ကာဗိုဟိုက်ဒရိတ်များ ပါရှိပြီး ဦးနှောက်နဲ့ ကြွက်သားအတွက် စွမ်းအင်လောင်စာ ဖြည့်တင်းပေးသည်။
အကယ်၍ သင့်စွမ်းအားကို မြှင့်တင်လိုလျှင် အုတ်ဂျုံကို မနက်စာအဖြစ်သာမက တစ်နေ့တာ၏ မည်သည့် အချိန်တွင်မဆို စားသုံးပေးနိုင်ပါတယ်။
ပဲအမျိုးမျိုး
ပဲသည် အစားအစာများထဲတွင် စွမ်းအင်ဖြည့်တင်းပေးသော အဓိက ရင်းမြစ်တစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဲတွင် အသားဓါတ်၊ အမျှင်ဓါတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓါတ်များစွာ ပါဝင်သောကြောင့်ဖြစ်သည်။ အသားဓါတ်သည် သင့်ကို လောင်စာဖြည့်တင်းပေးပြီး ကာဗိုဟိုက်ဒရိတ်က သင့်နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် စွမ်းအားကို ထောက်ပံ့ပေးသည်။
အမျှင်ဓါတ်ကတော့ သင့်သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးသည်။ စွမ်းအားမြင့်တင်ပေးသော ကိစ္စရပ်နှင့် ပတ်သတ်လာလျှင် ပဲလွန်းသည် သင့်အတွက် အထူး မိတ်ဆွေကောင်းပင်ဖြစ်သည်။
အခွံမာသီးများ
အသားဓါတ်နှင့် အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သော နောက်ထပ် ရင်းမြစ်တစ်ခုသည် အခွံမာသီး အမျိုးမျိုး ဖြစ်ပါတယ်။ ၎င်းတို့သည် သင့်စွမ်းအား ကို တိုးပွားစေပြီး ဆက်လက်ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။
အခွံမာသီးများသည် သင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးချိန်တွင် စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ အားကစားလုပ်ပြီးချိန် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော (ပိုတက်ဆီယမ်၊ ဆိုဒီယမ်ကဲ့သို့သော) ဓါတ်များ ပြန်လည်ဖြည့်တင်းဖို့အတွက် အစိမ်းဖျော့ရောင် အခွံမာသီးတစ်မျိုးဖြစ်သည့် ပီစတာချီအို (pistachio) စားသုံးသင့်ပါတယ်။ ၎င်းကို စားသုံးခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေရုံသာမက မဂ္ဂနီဆီယမ်ဓါတ်ကိုလည်း ရရှိစေပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်သော နည်းလမ်းများသည် သင်ထင်သလောက် မခက်ခဲပါ။ အထက်တွင် ဖော်ပြထားသော အံ့ဖွယ် အစားအစာများကို သင့်နေ့စဉ် စားသောက်ဖွယ်ရာများတွင် ထည့်သွင်းစားသုံးရုံမျှနှင့်ပင် သင့်အတွက် လုံလောက်သည်ထက်ပိုသော စွမ်းအင် ခွန်အားများရရှိလာမှာ ဖြစ်ပါတယ်။