နှလုံး ကျန်းမာစေတယ်
ဂေါ်ဖီ မှာပါတဲ့ anthocyanins က ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။
ဂေါ်ဖီထုပ်မှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ polyphenol ပါဝင်မှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးသွေးကြောကျဉ်းရောဂါကို ကင်းစေနိုင်ပါတယ်။
နှလုံးသွေးကြောထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ဂေါ်ဖီမှာ ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။
ဂေါ်ဖီမှာ အစာခြေစနစ်ကို အားဖြည့်ပေးမယ့် ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အူတွေကို လှုပ်ရှားမှု ကောင်းစေပြီး အူနံရံတွေကို အာဟာရဓာတ် ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက် ဖြစ်စေတဲ့အရာတွေကို ပြင်ပကို ဝမ်းအနေနဲ့ စွန့်ထုတ်ပေးပါတယ်။
အမျှင်ဓာတ် ပါဝင်နေမှုက အဆာခံနိုင်စေဖို့ အားဖြည့်ပေးပြီး အစား ခဏခဏ မစားမိအောင် ကာကွယ်ပေးတာကြောင့် အဝမလွန်အောင် ကာကွယ်ပေးပါတယ်။ ဝိတ်ချနေသူတွေ အတွက်လည်း အထူး သင့်တော်ပါတယ်။
ဂေါ်ဖီထုပ်က ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းမွန်ဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။