backup og meta

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

    လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ နွားနို့ကို လတ်ဆတ်သော နို့ရည်ပုံစံမှစပြီး အခြောက်ခံထားတဲ့ (သို့) အမှုန့် ပြုလုပ်ထားတဲ့ အသင့်သောက် နို့မှုန့်ပုံစံ အထိ ပုံစံ အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

    ဒါကြောင့် ရိုးရိုးနွားနို့က ပိုကောင်းသလား၊ နို့မှုန့်က ပိုကောင်းသလား ဆိုတာနဲ့ ပတ်သတ်ပြီး မဝေခွဲနိုင် ဖြစ်နေကြပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

    လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် တွေကတော့

    • နို့ရည်နဲ့ နို့မှုန့်တို့ရဲ့ အာဟာရပါဝင်မှု

    နွားနို့ နှင့် နို့မှုန့် နှစ်ခုလုံးမှာ လူသားတွေ လိုအပ်ချက် အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရများ ပါဝင်ကြပါတယ်။ အာဟာရ ပါဝင်မှုကလည်း အတူတူနီးပါး ဖြစ်ပါတယ်။

    နွားနို့ တစ်ခွက် သောက်ရင် (သို့) နို့မှုန့် တစ်ခွက် သောက်ရင် ၈၀ ကယ်လ်လိုရီ ၊အသားဓာတ် ၈ ဂရမ်၊ နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏရဲ့ သုံးဆယ်ရာခိုင်နှုန်းတို့ကို ရရှိနိုင်ပါတယ်။

    • နွားနို့ရဲ့ အကျိုးကျေးဇူးများ

    နို့ရည်မှာ နို့မှုန့်ထက် ဗီတာမင် ဘီ အုပ်စု အနည်းငယ် ပိုပြီး ပါဝင်ပါသတယ်။ လတ်လတ်ဆတ်ဆတ် နို့တစ်ခွက်စာမှာ ဗီတာမင် B12 ၁.၂ မိုက်ခရိုဂရမ် နဲ့ ဗီတာမင် B5 ဝ.၉ မီလီဂရမ် ပါဝင်ပါတယ်။

    နို့မှုန့် တစ်ခွက်မှာတော့ ဗီတာမင် B12 ဝ.၉ မိုက်ခရိုဂရမ် နဲ့ ဗီတာမင်B5 ဝ.၈ မီလီဂရမ် ပါဝင်ပါတယ်။ ဗီတာမင်B5က ဆဲလ်အမြှေးပါးများ ကျန်းမာစေရန် ကူညီပေးပါတယ်။ ဗီတာမင်B12က အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းအတွက် အလွန် အရေးပါပါတယ်။

    လတ်ဆတ်တဲ့ နွားနို့မှာ နို့မှုန့်ထက် ဖော့စ်ဖောရပ်စ်နဲ့ ဆီလီနီယမ်လည်း ပိုမို ပါဝင်ပါတယ်။ ဖော့စ်ဖောရပ်စ်နဲ့ ဆီလီနီယမ် သတ္တုဓာတ်များက ဆဲလ်အမြှေးပါး၊ ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ အင်ဇိုင်းလုပ်ဆောင်မှုများအတွက် အကျိုးပြုပါတယ်။

    လတ်ဆတ်တဲ့ နို့တစ်ခွက်မှာ ဆီလီနီယမ် ၇.၆ မိုက်ခရိုဂရမ်နဲ့ ဖော့စ်ဖောရပ်စ် ၄၇ မီလီဂရမ် ပါဝင်ပါတယ်။ နို့မှုန့် တစ်ခွက်မှာ ဆီလီနီယမ် ၆.၃ မိုက်ခရိုဂရမ်နဲ့ ဖော့စ်ဖောရပ်စ် ၂၇ မီလီဂရမ် ပါဝင်ပါတယ်။

    လူအများစုက လတ်ဆတ်တဲ့ နို့ရည်ကို ပိုမို အရသာတွေ့ကြပါတယ်။

    • နို့မှုန့်ရဲ့ အကျိုးကျေးဇူးများ

    လတ်ဆတ်တဲ့ နို့ရည်ကို အချိန်ကြာကြာ သိမ်းဆည်းမထားနိုင်ပေမယ့် နို့မှုန့်ကိုတော့ ကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါတယ်။

    နို့မှုန့်ကို ရေခဲသေတ္တာထဲတွင် ထိန်းသိမ်းထားရန် မလိုအပ်သလို သူ့ရဲ့ အာဟာရ တန်ဖိုးကိုလည်း အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။

    နို့မှုန့်တွေက လတ်ဆတ်တဲ့ နို့ရည်လောက်လဲ ဈေးမကြီးပါဘူး။

    လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့် ဘယ်အရာက သင့်အတွက် ပိုမို သင့်တော်ပါသလဲ။

    နှစ်မျိုးစလုံးကတော့ အာဟာရ ပါဝင်မှုချင်း အတူတူ နီးပါး ဖြစ်ပါတယ်။ တကယ်လို့ သင်က သဘာဝ အစားအစာတွေကို ပိုမို နှစ်သက်သူဆိုရင် လတ်ဆတ်တဲ့ နို့ရည်ကို ရွေးချယ်သင့်ပါတယ်။ နွားနို့မှာ ကြာရှည်ခံ ပစ္စည်းများနဲ့ ပိုးသတ်ဆေးများ မပါဝင်တာကြောင့် ဖြစ်ပါတယ်။ မီးဖိုချောင်သုံးအတွက် ဆိုရင်လည်း လတ်ဆတ်တဲ့ နွားနို့ကို အသုံးပြုရင် ပိုမိုကောင်းမွန်တဲ့ အနံ့အရသာကို ရရှိနိုင်ပါတယ်။

    အလွယ်တကူ ရရှိနိုင်မှုနဲ့ အချိန် ကြာရှည်ခံမှုကို ထည့်သွင်းစဉ်းစားမယ် ဆိုရင်တော့ နို့မှုန့်က ပိုပြီး သင့်တော်ပါတယ်။ Smoothies (ဖျော်ရည်ပျစ်ပျစ်) လိုမျိုး အချို့ သောက်စရာများမှာလည်း နို့မှုန့်က ပိုပြီး အသုံးဝင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement