တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်သုံးရင်
• ဗြုံးမွေးက အစာစားချင်စိတ်ကိုနည်းစေနိုင်တာကြောင့် ချင်း၊ဖာလာစေ့တို့လို အစာချေဖျက်မှုကို အားပေးတဲ့ပစ္စည်းတွေနဲတွဲဖက် သင့်ပါတယ်။
• အပူကန်တာကြောင့်ဖြစ်တဲ့အရေပြားပြဿနာတွေအတွက်ဆို ဗြုံးမွှေးကို နနွင်းနဲ့တွဲဖက်အသုံးပြုသင့်ပါတယ်။
• ၎င်းကို စမုန်နက်၊ ဇီရာ တို့နဲ့ ပေါင်းစပ်ရင် အူအတွက် ကောင်းတယ်လို့ သိရပါတယ်။
အသုံးဝင်တဲ့နည်းတချို့
• ဗြုံးမွေးဟာ ကလေးမရတာ၊ ဝက်ရူးပြန်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာသုံးတဲ့ Sarasvataristha တင်ချာဆေးရည်အတွင်းအရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။
• ဆေးဝါးအဖြစ်ဖော်စပ်ထားတဲ့ အဆီအဖြစ်ဆိုရင်အဆစ်အမြစ် နာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေအပြင် စိတ်ကိုရှင်းလင်းစေဖို့အထောက်အကူပေးပါတယ်။
• ဗြုံးမွေးအဆီကိုလည်ပင်းမှာလိမ်းရင် ချောင်းဆိုးဝေဒနာနဲ့အဆုတ်ရောင်ရောဂါအတွက် အရမ်းအသုံးဝင်ပြီး (အထူးသဖြင့်ကလေးတွေမှာ)သေးခံလောင်တာ၊ ပွန်းတာသက်သာစေပါတယ်။
• ဗြုံးမွေးအရွက်ကို ကြိတ်တဲ့အရည်တိုက်ရင် ကလေးတွေမှာ ဝမ်းသွားတာကိုသက်သာစေပါတယ်။
• စိတ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာတို့ကုသရာမှာ ဗြုံးမွေးအဆီကို နှမ်းဆီ သို့မဟုတ် အုန်းဆီနဲ့ရောပြီး ခြေဖဝါး၊ အရိုးအဆစ်တွေနဲ့ နားရွက်တို့ကို အိပ်ရာမဝင်ခင်လိမ်းပေးနိုင်ပါတယ်။
သတိထားရမယ့်အချက်များ
• ကိုယ်ဝန်ဆောင် သို့မဟုတ် ကလေးနို့တိုက်ကျွေးနေဆဲဖြစ်ရင် ဗြုံးမွေးဓါတ်စာက ဘေးကင်း မကင်းကို ခိုင်မာတဲ့အထောက်အထား ဖော်ပြချက်မရှိသေးတာကြောင့် ဆေးဝါးအဖြစ်မသုံးတာကောင်းပါ တယ်။
• နှလုံးခုန်နှုန်းကို နှေးစေနိုင်တာကြောင့် သည်အချက်ရှိနှင့်ပြီး သူ တွေသတိထားသင့်ပါတယ်။
• ဗြုံးမွေးကအစာအိမ်နဲ့ အူတွေထဲမှာ စွန့်ထုတ်မှုတွေတိုးစေနိုင် တာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာရှိသူတွေအနေနဲ့ သတိထားသင့်ပါတယ်။
• အဆုတ်အတွင်း အရည်စွန့်ထုတ်မှုကိုတိုးစေနိုင်တာကြောင့် ပန်းနာရင်ကျပ်လို အဆုတ်နဲ့ဆိုင်တဲ့ရောဂါရှိသူတွေသတိထားသုံး စွဲသင့်ပါတယ်။
• သိုင်းရွိုက်ဟော်မုန်းပမာဏကို တိုးစေနိုင်တာကြောင့် သိုင်းရွိုက်ဟော်မုန်းဆေးတွေ သောက်သုံးနေရတဲ့သူတွေ၊ ၎င်းရောဂါရှိသူတွေ သတိထားသုံးစွဲသင့် သို့မဟုတ် ရှောင်ရှားသင့်ပါတယ်။
• ဆီးလမ်းကြောင်းအတွင်း စွန့်ထုတ်မှုကိုတိုးစေနိုင်တာကြောင့် ဆီးလမ်းကြောင်းပိတ်ဆို့မှုရောဂါရှိသူတွေအခြေအနေပိုဆိုးစေနိုင်ပါ တယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။