သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား

    အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား

    ဆိုလိုတာက ဘယ်အသီးအရွက်ကို အစိမ်းစားပြီး ဘယ်အသီးအရွက်ကို ချက်ပြုတ်စားတာကောင်းသလဲဆိုတာ သင်သိပါသလား။ တချို့က ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအာဟာရဓာတ်တွေက အပူနဲ့ထိတွေ့တဲ့အခါ ပျက်ပြယ်သွားတတ်ကြတာမို့ အစိမ်းစားတာပိုကောင်းပါတယ်၊ တချို့ကျတော့ အပူပေးလည်း အာဟာရဓာတ်ဆုံးရှုံးမှုမရှိနိုင်တာကြောင့် ချက်ပြုတ်စားတာကသန့်ရှင်းမှုအတွက် စိတ်ချရပါတယ်။ ဘယ်ဟာတွေကို ဘယ်လိုစားတာ အာဟာရဓာတ်ပိုရနိုင်မလဲ ဆက်ကြည့်ရအောင်။

    ကြက်သွန်ဖြူ

    ဟင်းချက်တိုင်းပါတတ်တဲ့ ကြက်သွန်ဖြူကို အစိမ်းစားတာလည်းကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ သွေးဖိအားကိုထိန်းညှိနိုင်ပြီး ကင်ဆာကာကွယ်နိုင်ပါတယ်။ ချက်စားတာလည်း ဒီဓာတ်တွေရနိုင်ပေမယ့် အစိမ်းထက်တော့ အာဟာရဓာတ်တွေလျော့စေနိုင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ လက်ဖက်သုပ်နဲ့ ကြက်သွန်ဖြူတွဲစားကြတာက ဆေးဖက်ဝင်အာနိသင်ကို ထည့်တွေးထားပုံရပါတယ်။ ခုခေတ်မှာတော့ ကြက်သွန်ဖြူရော၊ အနီရော အစိမ်းစားရင် ခံတွင်းနံမှာကြောက်လို့ သိပ်မစားကြပါဘူး။ ဒီတော့ ကြက်သွန်ဖြူအစိမ်းစားဖို့က အချဉ်ထောင်းစားတာ၊ ငါးပိထောင်းစားတာတွေနဲ့ဆို အိုကေပဲ။ ထိုင်းအစားအစာဆိုပြီး အထောင်းတွေတောင်အမျိုးမျိုး စားကြတယ်မဟုတ်လား။

    တို့စရာ အရွက်တွေ

    မြင်းခွာရွက်လို တို့စားလို့ရတဲ့ အစိမ်းရောင်အရွက်တွေကို အစိမ်းလည်းစားပေးပါ။ သဘာဝအရောင်ဖြစ်တဲ့ အစိမ်းရောင်က chlorophyll ပါဝင်မှုကြောင့် ကျန်းမာရေးအကျိုးကျေးဇူးရှိနေတာပါ။ အစိမ်းရောင်မပျက်အောင် ချက်နိုင်ရင်တော့ အာဟာရဓာတ်တွေ ထိုက်သင့်သလောက်ရနိုင်ပါတယ်။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးကို အစိမ်းစားကြတာ ဘာဂါထဲမှာ၊ ဆန်းဒဝစ်ထဲမှာ၊ အသုပ်တွေထဲမှာ ထည့်ကြတာပေါ့။ ဒါပေမယ့် ကင်ဆာကာကွယ်တယ်ဆိုတဲ့ lycopene ဓာတ်ကို ချက်ထားတဲ့ ခရမ်းချဉ်သီးကနေ ပိုရနိုင်ပါတယ်။

    မုန်လာဥနီ

    မုန်လာဥနီမှာ carotenoids လို့ခေါ်တဲ့ သဘာဝဓာတ်ပစ္စည်းတွေကြောင့် မျက်စိအားကောင်းစေတယ်၊ ကင်ဆာကာကွယ်နိုင်တယ်။carotenoids ဟာလည်း အပူပေးလိုက်မှ ခန္ဓာကိုယ်က စုပ်ယူရလွယ်ကူစေနိုင်ပါတယ်။

    ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီ

    အစိမ်းစားတဲ့အခါ အစာမကြေဖြစ်တတ်တာ၊ ပိုးသတ်ဆေးအန္တရာယ်စိုးရိမ်ရတာကြောင့် ရေနွေးဖျောတာလောက်တော့ လုပ်ပါ။ အရည်ဆူဆူမှာတည်တာ၊ ကြော်တာက ပေါင်းတာထက် glucosinolate လို့ခေါ်တဲ့ ကင်ဆာကာကွယ်တဲ့ ဒြပ်ပေါင်းကိုဆုံးရှုံးရနိုင်ပါတယ်။

    မှို

    မှိုက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ သေချာတာကတော့ အစိမ်းစားလို့မရတာပါပဲ။ပေါင်း၊ချက်၊ကင် အမျိုးစုံလုပ်စားပါ။ တချို့မှိုတွေက အပူပြင်းပြင်းနဲ့အမြန်ချက်ရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပိုရစေပါတယ်။

    ကန်စွန်းဥ

    အမျှင်ဓာတ်၊ ဗီတာမင်A နဲ့ C ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝတဲ့ ကန်စွန်းဥက အရိုးကိုကျန်းမာစေပါတယ်။ ဒါပေမယ့်ပြုတ်လိုက်တဲ့အရည်မှာ သူ့ရဲ့အာဟာရတွေပါသွားစေနိုင်လို့ မီးဖုတ်စားတာအကောင်းဆုံးပါ။ ပြုတ်ခဲ့ရင်တောင် ရေခမ်းပြုတ်ပါ။

    အရည်ကြိတ်သောက်မယ်ဆိုရင်

    အသီးတွေ၊ အရွက်တွေကို ကြိတ်သောက်မယ်ဆိုရင် အာဟာရဓာတ်တွေ အများကြီးရနိုင်ပေမယ့် အဲဒီအသီး၊အရွက်တွေက လတ်ဆတ်ရဲ့လား၊ သန့်ရှင်းရဲ့လား၊ အဆိပ်အတောက်ကင်းစင်ရဲ့လားသေချာအောင်လုပ်ပါ။သေချာဆေးကြောသန့်စင်မှ ဝမ်းပျက်ခြင်း၊ အစာအဆိပ်သင့်ခြင်းကို ကာကွယ်နိုင်မှာပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 08/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: