မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 5 mins read
Share now

အခုခေတ်မှာ အိမ်ရှင်မတွေအနေနဲ့ ဆီကုန်သက်သာပြီးအိုးမကပ်တဲ့ ဒယ်အိုးတွေ၊ဟင်းချက်အိုးတွေအပြင် သတ္တုအမျိုးအစားအမျိုးမျိုးနဲ့ထုတတ်ထားတဲ့ အကင်အိုး၊ပေါင်းအိုးတွေကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီးရွေးချယ်စရာအမျိုးအစာတွေကလည်း စုံလင်လှပါတယ်။ အမြင်လှအောင်ပြင်ဆင်ထားတဲ့ အိုးလေးတွေက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နေသလဲဆိုတာကိုတော့သေသေချာချာသိရှိတဲ့သူက ရှားမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်နဲ့အညီ အပြိုင်အဆိုင်တီထွင်ထုတ်လုပ်လာတဲ့ အိုးလေးတွေရဲ့နောက်ကွယ်က ကျွန်မအပါအဝင် အိမ်ရှင်မတော်တော်များများသတိမထားမိသေးတဲ့ သတိပြုစရာအချက်လေးတွေကို သိရှိနိုင်စေဖို့ လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။

ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ်မှာနေ့စဉ်စားသောက်လိုက်တဲ့အစားအသောက်တွေကတော်တော်လေးကိုလွှမ်းမိုးထားပါတယ်။ အစားအသောက်တွေရဲ့ အာဟာရဓါတ်တွေက အပူချိန်အလါန်အကျွံပေးမှုကြောင့် အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။ ချက်ပြုတ်အပူပေးတဲ့ အခါမှာ အသုံးပြုတဲ့ အိုးတွေမှာပါတဲ့ ဓါတ်သတ္တုတွေက အစားအသောက်တွေထဲ စိမ်ပဝင်သွားတာမျိုးတွေကြောင့်လည်း အစားအသောက်တွေရဲ့ အာဟာရဓါတ်တွေပျက်စီးသွားနိုင်ပါတယ်။ ချက်ပြုတ်ရာမှာ သုံးတဲ့အိုးတွေမှာကိုယ်အတွင်းပါတဲ့ သတ္တုဓါတ်တွေက အစားအသောက်တွေထဲမှာပါတဲ့အင်ဇိုင်းတွေ နဲ့ အစားအသောက်တွေရဲ့ အရသာကိုပြောင်းလဲစေနိုင်သလို ခန္ဓါကိုယ်အတွင်းထဲအထိရောက်ရှိသွားပါတယ်။

မီးဖိုချောင်ထဲမှာ အသုံးပြုတဲ့ ပစ္စည်းတွေထဲက အချို့က အဆိပ်အတောက်ဖြစ်စေတဲ့ အငွေ့တွေထွက်ပေါ်စေနိုင်သလို အစားအသောက်တွေကနေတင့် ခန္ဓါကိုယ်တွင်းထဲကို ဓါတ်ုပစ္စည်းတွေရောက်ရှိသွားစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆိုပါအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေက ခန္ဓကိုယ်ထဲမှာ တဖြည်းဖြည်းချင်းစုလာပြီး ကျန်းမာရေးကိုထိခိုက်တာမျိုးအထိဖြစ်လာစေပါတယ်။

အလူမီနီယံအိုးတွေ

အလူမီယံအိုးတွေက အသုံးများတဲ့ ဟင်းချက်အိုးတွေထဲက အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလူမီနီယံဟင်းချက်အိုးတွေက ခန္ဓါကိုယ်အတွက်အရမ်းအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အလူမီနီယံအိုးတွေနဲ့ချက်ပြုတ်တဲ့အခါ အိုးမှာပါရှိတဲ့ အလူမီနီယံဓါတ်တွေ အစားအသောက်တွေထဲကိုရောက်ရှိသွားပြီးနောက်ဆုံးခန္ဓါကိုယ်အတွင်းပိုင်းထဲအထိရောက်ရှိသွားပါတယ်။ ခန္ဓါကိုယ်တွင်းထဲမြှ အလူမီနီယံပမာဏများလွန်းတာက အက်စထရိုဂျင်ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေနဲ့ အယ်လ်ဇိုင်းမားရောဂါကိုဖြစ်ပေးခံစားရစေနိုင်ပါတယ်။

Copper အိုးတွေ

Copper အိုးတွေကိုလည်း လူကြိုက်များကြပါတယ်။ အဆိုပါအိုးတွေက အပူပေးရမှာတော်တော်လေးအဆင်ပြေပါတယ်။Copper အိုးတွေက အပူပြင်းပြင်းပေးလိုက်တဲ့အခါ ချက်ပြုတ်တဲ့အစားအသောက်တွေထဲကိုCopper ဓါတ်တွေရောက်ရှိသွားပါတယ်။Copper အိုးတချို့ကို အတွင်းပိုင်းကနေ နီကယ်လ်အုပ်ထားတာမျိုးလည်းရှိတတ်ပါတယ်။ နီကယ်လ်ကလည်း ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ဓါတ်မတည့်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

Cast iron အိုးတွေ

Cast iron အိုးတွေက အရမ်းကိုတာရှည်ခံပါတယ်။ ဒါပေမယ့် အိုးမှာပါတဲ့သတ္တုဓါတ်တွေက အစားအသောက်တွေထဲကိုပျော်ဝင်သွားပြီး အစားအစာတွေထဲမှာပါတဲ့ အင်ဇိုင်းဓါတ်တွေကိုပြောင်းလဲစေပါတယ်။နေ့စဉ်နေ့တိုင်းCast iron အိုးနဲ့အစားအစာတွေကို ချက်ပြုတ်နေမယ်ဆိုရင်တော့ အိုးမှာပါတဲ့ သတ္တုဓါတ်တွေကနေ့တိုင်းလိုလိုခန္ဓါကိုယ်ထဲရောက်ရှိသွားပြီး အချိန်ကြာလာတဲ့ အခါ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အနေအထားအထိရောက်ရှိသွားနိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ စိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေပြီးoxidationတွေကိုဖြစ်စေနိုင်တဲ့အထိဖြစ်ပေါ်လာနိုင်သလိုရောဂါတွေကိုကိုဖြစ်စေတဲ့အထိလည်းဖြစ်ပေါ်လာနိုင်ပါတယ်။

ကြွေထည်၊မြေထည်နဲ့ဖန်ထည် အိုးတွေ

ကြွေထည်၊မြေထည်နဲ့ ဖန်ထည်အိုးတွေကို ခဲဓါတ်တွေထည့်ပြီးလုပ်ဆောင်လေ့ရှိပါတယ်။ ခဲဓါတ်တွေက အိုးတွေထဲကို ဓါတ်မစီးအောင်ကာကွယ်ပေးပြီး အရောင်မပြယ်အောင်လုပ်ဆောင်ပေးပါတယ်။ ထုတ်လုပ်တဲ့သူ ကွာခြားသလို အိုးတွေထဲမှာထည့်သွင်းပြုလုပ်ထား တဲ့ခဲဓါတ်ပမာဏလည်းကွာခြားပါတယ်။ အလှဆင်ရုံသက်သက်သာဆိုတဲ့ စာတန်းပါဝင်နေတဲ့ကြွေထည်၊မြေထည်နဲ့ဖန်ထည် ပစ္စည်းတွေနဲ့ချက်ပြုတ်တာမျိုးမလုပ်ပါနဲ

စတိန်းလတ်စ်စတီးအိုးတွေ

စတိန်းလတ်စ်စတီးအိုးတွေကို သံသတ္တုကို ခရိုမီယံ၊molybdenum၊နီကယ်လ်၊တိုက်တေနီယမ်၊copper၊ vanadium တို့လိုမျိုးသတ္တုတွေနဲပအချိုးကျရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ စတိန်းလတ်စ်စတီးကပေါင်းစပ်ပါဝင်နေတဲ့ အခြားသောသတ္တုဓါတ်တွေကို ချက်ပြုတ်တဲ့ အစားအသောက်တွေထဲကို စိမ့်ဝင်စေပါတယ်။ စတိန်းလတ်စ်စတီးမှာပါတဲ့ အခြားသောသတ္တုဓါတ်တွေဖြစ်တဲ့ သံသတ္တု၊ခရိုမီယံ နဲ့နီကယ်လ်တွေက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

တိုက်တေနီယမ်သတ္တုအိုးတွေ

တိုက်တေနီယမ်သတ္တုနဲ့လုပ်ထားတဲ့အိုးတွေက ကျန်းမာရေးအပေါ်ထိခိုက်မှုအနည်းဆုံးလို့ဆိုရပါမယ်။ တိုက်တေနီယမ်သတ္တုက ဟင်းတွေချက်ပြုတ်နေစဉ်မှာ အစားအသောက်တွေကို ဓါတ်ပြုတာမျိုးတွေမရှိပါဘူး။ ကင်ဆာမဖြစ်အောင်ကာကွယ်မှုလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ အရည်အသွေးမြင့်တဲ့ တိုက်တေနီယမ်သတ္တုနဲ့ပြုလုပ်ထားတဲ့ အိုးတွေနဲ့ ဟင်းတွေကိုချက်ပြုတ်ဖို့အကြံပြုလိုပါတယ်။ အရည်အသွေးမြင့်တဲ့ တိုက်တေနီယမ်သတ္တုအိုးတွေကဈေးကြီးပေမယ့် တာရှည်အသုံးခံပြီး ကျန်းမာရေးအတွက် အန္တရာယ်ကင်းပါတယ်။

အိုးတွေ နဲ့ ဒယ်အိုးတွေ

အိုးမကပ်တဲ့ ဒယ်အိုးတွေက အိမ်ရှင်မတော်တော်များများရဲ့ အသည်းစွဲပစ္စည်းတစ်မျိုးဖြစ်မယ်ထင်ပါတယ်။ အသုံးပြုရလွယ်သလို သန့်ရျင်းရတာလည်းလွယ်ကူပါတယ်။ မျက်နှာပြင်မှာ အိုးကပ်တာမျိုးမဖြစ်စေဖို့အတွက် ဆီအများကြီးသုံးဖို့လည်းမလိုအပ်ပါဘူး။ ဒီအချက်ကြောင့်လည်း အိမ်ရှင်မတွေက အိုးမကပ်တဲ့ ဒယ်အိုးကိုကြိုက်နှစ်သက်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် အိုးမကပ်တဲ့ ဒယ်အိုးရဲ့ အတွင်းပိုင်းမျက်နှာပြင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ဓါတ်ပစ္စည်းတွေပါဝင်နေတာကိုတော်တော်များများက သတိမထားမိကြပါဘူး။

အိုးမကပ်တဲ့ ဒယ်အိုးတွေဟာ အပူချိန်ပြင်းပြင်းပေးလိုက်တဲ့အခါ (သို့) အချိန်အကြာကြီးမီးဖိုပေါ်မှာထားလိုက်တဲ့အခါမျိုးမှာ အဆိပ်ဖြစ်စေတဲ့ဓါတ်တွေထွက်လာတာမျိုးတွေဖြစ်ပေါ်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဆိုပါအဆိပ်ဖြစ်စေတဲ့ အငွေ့တွေကလူတွေမှာ တုပ်ကွေးဖြစ်တဲ့ လက္ခဏာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အိုးမကပ်တဲ့ ဒယ်အိုးတွေက အစားအသောက်တွေကို အဆိပ်ဖြစ်စေတဲ့ ဓါတ်တွေနဲ့ တိုက်ရိုက် ထိတွေ့စေတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အိုးမကပ်တဲ့ ဒယ်အိုးအများစုမှာပါဝင်တတ်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ perfluorooctanoic အက်ဆစ် (PFOA) ကသွေးတွင်းကိုလက်စထရောဓါတ်တိုးစေတာ၊ သိုင်းရွိုက်ရောဂါ နဲ့ မျိုးမအောင်တာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

အစားအသောက်ထည့်တဲ့ဗူးတွေ

ပလပ်စတစ်ဗူးတွေနဲ့ အစားအသောက်လေးတွေကို ထည့်ပြီးသယ်သွားတာက သယ်ဆောင်ရလွယ်ကူတယ်ဆိုပေမယ့် အန္တရာယ်များလှပါတယ်။ ပလပ်စတစ်မှာပါတဲ့ ဓါတုပစ္စည်းတွေဖြစ်ကြတဲ့Bisphenol A (BPA)၊ Polyvinyl Chloride (PVC) နဲ့ phthalatesတွေက အစားအသောက်တွေထဲကိုရောက်ရှိသွားတာမျိုးတွေရှိပါတယ်။

ပလပ်စတစ်မှာပါဝင်တဲ့Bisphenol A (BPA) ကကင်ဆာဖြစ်စေနိုင်သလို ဦးနှောက်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြင် နှလုံးကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ အစားအသောက်တွေကို ပလပ်စတစ်ဗူးတွေနဲ့ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ အပူပေးတာမျိုးမလုပ်ပါနဲ့။ အပူအရမ်းပြင်းတဲ့အခါ အန္တရာယ်ရှိတဲ့ဓါတုပစ္စည်းတွေထွက်လာတတ်ပါတယ်။

လေ့လာမှုတစ်ရပ်အရ ဆီးထဲမှာ BPA ပါဝင်မှုပမာဏများတာက ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ အသည်းအဆိပ်သင့်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုများစေနိုင်တယ်။ လို့သိရပါတယ်။

စဉ်းတီတုံးတွေ

အိမ်တော်တော်များများမှာ အခုနောက်ပိုင်း မန်ကျြ်းသားနပြလုပ်တဲ့စဉ်းတီတုံးတွေ။ သစ်သားနဲ့လုပ်ထားတဲ့ စဉ်းတီတုံးတွေအစား၊ ပလပ်စတစ်နဲ့လုပ်တဲ့ စဉ်းတီတုံးတွေကို အသုံးပြုလာကြပါတယ်။ ပလပ်စတစ်စဉ်းတီတုံးတွေက ပိုမိုဘေးကင်းပြီး စိတ်ချရတယ်လို့ယူတဆရပေမယ့် ပလပ်စတစ်စဉ်းတီးတုံးပေါ်မှာ စားသောက်စရာတွေကို ဓါးနဲ့လှီးဖြတ်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ အစင်းတွေက ဘက်တီးရီးယားတွေခိုအောင်းဖို့အကောင်းဆုံးသောနေရာတွေပဲဖြစ်ကြပါတယ်။ ပလပ်စတစ်ကိုလှီးဖြတ်တဲ့အခါ ထွက်လာတဲ့ BPA ဓါတ်တွေကလည်း ခန္ဓါကိုယ်ကို ထိခိုက်စေပါတယ်။

ဘေးကင်းစေဖို့အတွက်အကောင်းဆုံးသောနည်းလမ်းကတော့ ဝါးနဲ့သစ်သားတွေနဲ့ဲပဲလုပ်ထားတဲ့ စဉ်းတီတုံးကိုအသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဝါးနဲပ သစ်မာသားတွေမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ သဘာဝအစွမ်းသတ္တိတွေပါဝင်နေပါတယ်။ ဝါးနဲ့ သစ်မာသားကိုအသုံးပြုပြီးလုပ်ထားတဲ့ စသ်းတီတုံးတွေပေါ်မှာ အစားအစာတွေကိုဓါးနဲ့လှီးဖြတ်တဲ့အခါ အစင်းကြောင်းလေးတွေဖြစ်ပေါ်ပြီး ဘက်တီးရီးယားတွေပုန်းအောင်းနိုင်တယ်ဆိုပေမယ့် အချိန်ကြာကြာတေ့အသက်ရှင်မနေနိုင်ကြပါဘူး အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသေဆုံးသွားတတ်ကြပါတယ်။ဘေးကင်းစိတ်ချ၇စေဖို့အတွက်ဖော်မယ်လ်ဒီဟိုက်ပါတဲ့ ကပ်တဲ့ကော်သုံးမထားတဲ့ ဝါး (သို့) သစ်မာသားနဲ့ထုတ်လုပ်ထားတဲ့ စဉ်းတီးတုံးတွေကို အသုံးပြုပေးပါ။

မီးဖိုချောင်သုံးပစ္စည်းတွေကို ဘေးကင်းအောင်ဘယ်လိုသုံးမလဲ

Cast-iron အိုးတွေက လူကြိုက်များတဲ့ အိုးတွေထဲကတစ်ခုပါ။ အရည်အသွေးကောင်းမွန်တဲ့ Cast-iron အိုးတွေမှာ အခြားဓါတုပစ္စည်းတွေ ထပ်မံဖြည့်စွက်ထားတာမျိုးမရှိပါဘူး။ အရည်အသွေးကောင်းတဲ့Cast-iron အိုးတွေနဲ့ချက်ပြုတ်တဲ့အခါ အစားအသောက်တွေထဲကို စိမ့်ဝင်ရောက်ရှိသွားနိုင်တဲ့ သတ္တုဓါတ်က သံသတ္တုဓါတ်တစ်မျိုးပဲရှိပါတယ်။ မကပ်တဲ့ ဒယ်အိုးတွေနဲ့ မတူတာတစ်ခုက အပူချိန်ဘယ်လောက်ပဲပေးရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိတာပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့Cast-iron အိုးတွေကိုရွေးချယ်ဝယ်ယူမိဖို့တော့လိုအပ်ပါတယ်။ အလားတူပဲစတိန်းလတ်စ်စတီးအိုးတွေ နဲ့ အခြားသတ္တုတွေနဲ့လုပ်ထားတဲ့ အိုးတွေကိုဝယ်ယူတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်တဲ့အိုးတွေကို ဝယ်ယူအသုံးပြုဖို့လိုအပ်ပါတယ်။

Teflon နဲ့ မကပ်တဲ့အိုးတွေရဲက မျက်နှာပြင်မှာသုတ်ထားတဲ့အရာတွေက မျိုချမိတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာကိုတော်တော်များများကသိထားပြီးသားပါ။ အပူချိန် ၅၀၀ ဒီဂရီ နဲ့ ၅၀၀ ဒီဂရီအထက်အပူပေးတဲ့အခါ အဆိပ်ဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းတေါထွက်ပေါ်လာစေပါတယ်။

အဆိုပါဓါတုပစ္စည်းတွေကို မိုက်ခရိုဝေ့မီးဖိုနဲ့ဖောက်ထားတဲ့ပြောင်းဖူပေါက်ပေါက်တွေကို ထုတ်ပိုးတဲ့ အိတ်တွေ၊အမြန်စားအစာအသောက်တွေကိုထည့်တဲ့ ခွက်တွေဗူးတွေမှာပါ ပါဝင်တတ်ပါတယ်။

အဆိုပါ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့တာကိုရှောင်ရှားစေနိုင်ဖို့ဆိုရင်အောက်ပါအချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့လိုပါတယ်။

  • မကပ်တဲ့အိုးတွေကို အပူချိန်ပြင်ြပ်ငးပေးပြီး အစားအသောက်တွေနွှေးတာမျိုး မလုပ်ပါနဲ့။
  • မကပ်တဲ့အိုးတွေကို အပူချိန် ၅၀၀ ဒီဂရီအထက်နဲ့ အပူပေးတာမျိုးမလုပ်ပါနဲ့။
  • မကပ်တဲ့အိုးတွေကိုသုံးပြီးချက်တဲ့အခါ အိုးအပေါ်မှာညှော်နံ့စုပ်တဲ့ပန်ကာတွေကို ဖွင့်ထားပေးပါ။
  • အိမ်မွေးငှက်လေးတွေများမွေးထားရင်Teflon (သို့) မကပ်တဲ့အိုးတွေကို အသုံးပြုပြီး ချက်ပြုတ်တာမျိုးမလုပ်ပါနဲ့။ အဆိုပါဓါတုဓါတ်ပစ္စည်းတွေပါတဲ့ အိုးကို အပူချိန်ပြင်းပြင်းနဲ့အပူပေးတဲ့အခါထွက်လာတဲ့ အနံ့က ငှက်ကလေးတွေကို စက္ကန့်ပိုင်းအတွင်းသေစေနိုင်ပါတယ်။
  • ဘေးကင်းတဲ့ သတ္တုနဲ့လုပ်ထားတဲ့ အိုးမျိုးကိုရွေးချယ်ဝယ်ယူပေးပါ။ အရည်အသွေးကောင်းတဲ့ အိုးတွေကိုရွေးချယ်ဝယ်ယူဖို့တော့လိုအပ်ပါတယ်။
  • မိုက်ခရိုဝေ့နဲ့ဖောက်ထားတဲ့ပြောင်းဖူးပေါက်ပေါက်တွေ၊ အမြန်စားအစားအစာတွေကိုရှောင်ကြဉ်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ

မီးဖိုချောင် အိမ်ထောင်ရှင် သန့်ရှင်းရေး အနံ့ဆိုး မိသားစု ချက်ပြုတ် ထမင်းဟင်း ကော်ဖီမှုန့် အာလူး ရှာလကာရည် သစ်ကြံပိုးခေါက် ဗိုက်အောင့်ဗိုက်နာ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် နနွင်း

ဟင်းခတ် ဟင်းချက် ခန္ဓာကိုယ် မီးဖိုချောင် စိတ်ကျန်းမာရေး နနွင်း ဓာတ်တိုးဆန့်ကျင်အာနိသင် ဟင်းလျာ အသားအရေ ရောင်ရမ်းမှု စိတ်ဓာတ်ကျ curcumin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ

မီးဖိုချောင် ကြက်သွန်နီ မျက်စိ မျက်ရည်ကျ မျက်ရည်ဂလင်းတွေ မျက်ဝန်းများ ဗီတာမင် C ကော်လာဂျင်ဓာတ် အသားအရေ ဆံပင် မျက်စိပူ မျက်ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

လက် အရေပြား ယားယံခြင်း အသားအရေ အသားခြောက် ဓာတ်မတည့် ဓာတုပစ္စည်း အရေပြားရောဂါ မှိုစွဲခြင်း အစိုဓာတ် လေထု ဆပ်ပြာ ဆီးချိုရောဂါ လိမ်းဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အားမြှင့်တင်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 27, 2020 . 1 min read

ကိုယ့်ကလေး ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2020 . 2 mins read