အခြေခံ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ပမာဏ (BMR) ဆိုတာဘာလဲ။
တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ပမာဏ (BMR) ဆိုသည်မှာ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းအစရှိသည်တို့အပါအဝင် ခန္ဓာကိုယ်က ၎င်း၏ အခြေခံလုပ်ငန်းဆောင်တာများကိုထမ်းဆောင်ရန်အတွက် လိုအပ်သည့် ကယ်လိုရီပမာဏစုစုပေါင်းဖြစ်သည်။ BMR သည် လှုပ်ရှားသွားလာမှုများကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါ။ ထို့ကြောင့် သင်နေ့စဉ်ရိုးရှင်းစွာပြုလုပ်သည့်အရာများဖြစ်သည့် လမ်းလျှောက်ခြင်း၊နေ့စဉ်လုပ်ငန်းဆောင်တာများထမ်းဆောင်ခြင်းအစရှိသည်တို့ကိုပြုလုပ်ရန်အတွက် သင့်ခန္ဓာကိုယ်က လိုအပ်သည့်နေ့စဉ် ကယ်လိုရီပမာဏသည် BMR ထက်မြင့်များနေမည်ဖြစ်သည်။
အခြေခံ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ပမာဏ (BMR) ပတ်သက်ပြီးပိုမိုသိရှိလိုပါက
ကယ်လိုရီလိုအပ်ချက်ဆိုတာဘာလဲ။
ကယ်လိုရီသည် စွမ်းအင်ယူနစ်တစ်ခုဖြစ်သည်။ အသက်ရှင်နိုင်ရန်အတွက် ကယ်လိုရီလိုအပ်သည်။ ကယ်လိုရီမရှိပါက ခန္ဓာကိုယ်ထဲမှ ဆဲလ်များသည်လုပ်ငန်းဆောင်တာများကိုထမ်းဆောင်နိုင်မည်မဟုတ်တော့ဘဲ နှလုံးသည်ပင် ရပ်တန့်သွားမည်ဖြစ်သည်။ အဆိုပါစွမ်းအင်ကို အစားအသောက်များမှရရှိနိုင်သည်။ သင့်လိုအပ်သည့် ကယ်လိုရီပမာဏ ထက် နည်းပါးသည့် သို့မဟုတ် များပြားသည့် စားသောက်မှုပုံစံသည် ကျန်းမာရေးဆိုးကျိုးများကိုရရှိစေနိုင်ပါသည်။
ကယ်လိုရီလိုအပ်မှုပမာဏသည် သင့်ခန္ဓာကိုယ်က အခြေခံလုပ်ငန်းဆောင်တာများထမ်းဆောင်ရန်နှင့်နေ့စဉ်လုပ်ငန်းဆောင်တာများထမ်းဆောင်ရန်အတွက် လိုအပ်သည့် ကယ်လိုရီပမာဏဖြစ်သည်။ သင့်ခန္ဓာကိုယ်ကနေ့စဉ်ကယ်လိုရီပမာဏမည်မျှလိုအပ်သည်ဆိုသည့်အျက်ကို သိရှိနိုင်ပါက သင်၏ စားသောက်မှုပုံစံနှင့် အစားအသောက်ကို စီစဉ်ရေးဆွဲနိုင်မည်ဖြစ်သည်။
ကယ်လိုရီလိုအပ်ချက်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက
အစားအသောက်ထဲမှာ ကယ်လိုရီပမာဏဘယ်လောက်ပါနေလဲ။
နေ့စဉ်နေ့တိုင်း သင်စားသောက်နေသည့် အစားအသောက်များတွင် ကယ်လိုရီမည်မျှပမာဏပါသည်ကို ခန့်မှန်းနိုင်ရန်အတွက် ယခုဇယားကိုအသုံးပြုပါ။
Find a table of calorie in local food