ဟင်းသီးဟင်းရွက်များကိုစားသုံးပေးသင့်ကြောင်း ကျွန်ုပ်တို့အားလုံးမကြာခဏကြားဖူးကြသည်။ အစာအာဟာရ၏အစွမ်းသည် အံ့အားသင့်စရာကောင်းပြီးထိုအစားအစာများထဲတွင် ဟင်းသီးဟင်းရွက်များကထိပ်ဆုံးမှပါဝင်နေသည်။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စားသမျှထဲတွင် ဟင်းသီးဟင်းရွက်များမှာအဓိကပါဝင်ခွင့်မရကြပါ။ လူအများစုကရိုးရှင်းလွယ်ကူသောဟင်းသီးဟင်းရွက်များအမယ်စုံအောင် စားပေးဖို့ရန် ပျက်ကွက်ကြသည်။ ကျန်းမားရေးအတွက် အဆီချခြင်းနှင့် အမျှင်ဓါတ်များသောဟင်းသီးဟင်းရွက်များစားဖို့အရေးဦးစားပေးလုပ်သင့်ပါသည်။