ခန္ဓါကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ခန္ဓါကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့

ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီး ရွေးလို့ရပါတယ်နော်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက် ပုံစံ စားခြင်းဆိုပြီး အများကြီးပါပဲနော်။ အားလုံးနီးပါးကတော့ ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ကြက်ဥရဲ့ ဘယ်လိုအာဟာရဓါတ်တွေက အားပြည့်စေတာလဲ၊ ကျန်းမာရေး ကောင်းမွန်ဖို့ ဘာတွေ ပေးစွမ်းနိုင်သလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ကြက်ဥမှာ အမိုင်နိုအက်ဆစ်တွေ ပါဝင်ပြီး ဒီအက်ဆစ်ဟာ ခန္ဓါကိုယ်ရဲ့ တစ်ရှူးတွေ ဖွံ့ဖြိုးတိုးတက်မှု၊ ဇီဝဖြစ်ပျက်မှုနဲ့ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ စွမ်းဆောင်ပေးပါတယ်။ ကြက်ဥအကြီးတစ်လုံးမှာ ပရိုတင်း(၆) ဂရမ် ပါဝင်ပြီး အကောင်းဆုံးသော ပရိုတင်းဓါတ်လည်း ဖြစ်ပါတယ်။ အရိုးတစ်ရှုးတွေထဲ ကယ်လ်စီယမ် ဝင်ခြင်းကိုး တိုးတက်စေပြီး သွေးကြောတွေထဲ ကယ်လ်စီယမ် လျှော့ကျစေတာ ကူညီတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာဖို့အတွက် အာဟာရ ဓါတ်တစ်မျိုးပါပဲ။

ကြက်ဥမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ဖော့စဖော့ရပ်၊ ဇင့်ဓါတ်နဲ့ သံဓါတ်တွေ ပါဝင်ပါသေးတယ်။ သံဓါတ်ကတော့ ရာသီလာခြင်းတွေကြောင့် ပင်ပန်းတာတွေ မဖြစ်စေဖို့ အထောက်အကူပြုပြီး ဇင့်ဓါတ်ကတော့ အစားအစာကနေ စွမ်းအင်အဖြစ်ကူးပြောင်းခြင်းကို ဖြစ်စေမှုနဲ့ ကိုယ်ခံအား တက်အောင် ပြုလုပ်ပေးပါတယ်။ ဖော့စဖော့ရပ်ကတော့ အရိုးနဲ့ သွားတွေ ကျန်းမာဖို့ အကောင်းဆုံးပါပဲ။

ဟားဗက်တက္ကသိုလ်ရဲ့ သုတေသန ပြုလုပ်ချက်တွေအရတော့ ကြက်ဥစားသုံးခြင်းဟာ အရွယ်ရောက်တဲ့အခါ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ (၂၀၀၅) ခုနှစ်မှာတော့ တစ်ပတ်ကို အနည်းဆုံး ကြက်ဥ(၆၀၀) စားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူထက် (၄၀%) ရင်သားကင်ဆာဖြစ်ခြင်းကို မခံစားရဘူးလို့ ဆိုထားပါတယ်။

ကြက်ဥစားသုံးခြင်းရဲ့ အကျိုးဆက်အနေနဲ့ အမြင်အာရုံတွေ ပျက်စီးတာကိုလည်း လျော့ချပေးပါသေးတယ်။ ကြက်ဥမှာ Lutein နဲ့ Zeaxanthin တွေလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ပါဝင်တာမို့ မျက်စိအားကောင်းစေဖို့ အကျိုးပြုပါတယ်။ ကြက်ဥအနှစ်မှာ Lutein နဲ့ Zeaxanthin ပါဝင်တာ ပိုများပါတယ်နော်။ ဗီတာမင် အေ လည်း ပါဝင်သေးတာမို့ အမြင်အာရုံတွေ အတွက်တော့ စိတ်ချရပါတယ်နော်။

ဗီတာမင်ဓါတ်တွေ လိုအပ်နေတယ်ဆိုရင်တော့ ကြက်ဥ စားပေးဖို့ မမေ့ပါနဲ့နော်။ ကြက်ဥအနှစ်မှာ ကြက်ဥအကာထက် ပိုပြီးတော့ ဗီတာမင်တွေ ပိုများပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင် B6၊ B12၊ A၊ D ၊E နဲ့ K တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ကြက်ဥမှာ ကလိုရင်းလည်း ပါဝင်တာမို့ ဦးနှောက်အတွက်လည်း ကောင်းမွန်စေပါတယ်။

ကြက်ဥကြိုက်တယ်ဆိုရင်တော့ များများလေး စားပေးနော်။ ခန္ဓါကိုယ် ဝဖြိုးစေပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အာဟာရဓါတ်တွေ အပြည့်အစုံ ပါဝင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဥအနှစ်တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြက်ဥစားရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

နေ့စဉ် ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ ကြက်ဥပြုတ်ကို အမယ်တစ်ခုအဖြစ် ထည့်သွင်းချင်သူတွေကို အထောက်အကူဖြစ်မဖြစ်ဆိုတာကို ဗဟုသုတဖြစ်စေဖို့ ရှင်းပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ

ကလေးက သွက်လက် တက်​ကြွနေမှ သင်ယူမှုကောင်းသလို မှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ ဖြစ်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read