home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

ကြယ်တာရာလို့တောင် အမည်ပေးတင်စားထားတဲ့စောင်းလျားသီးဟာ လှီးဖြတ်လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။ အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင်စောင်းလျားသီးယို၊စောင်းလျားသီးနဲ့ချဉ်စပ်နှပ်ထားတဲ့လက်ဖက်တို့ကို စားရင်ကြွေသွားနိုင်ပါတယ်။စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလို အရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။

ဒါပေမယ့် ဟိုးအရင်ကအိမ်ရှေ့တွေမှာ စိုက်ထားတတ်တဲ့စောင်းလျားပင်လေးတွေက အခုတော့ရှားပါးနေပါပြီ။ အပင်ရှိနေသေးတဲ့အိမ်တွေမှာဆိုလည်း တန်ဖိုးမစား၊ သိပ်မစားကြတော့ လမ်းပေါ်မှာပြန့်ကျဲ။ တကယ်တော့ တန်ဖိုးမကြီးတဲ့ သဘာဝအသီးအနှံ၊အပင်လေးတွေကဆေးဖက်ဝင်တာ လူသိနည်းကြပါတယ်။ ဥပမာ ငယ်ငယ်ကဆော့ကြ၊စားကြတဲ့ဗောက်သီးကဆေးဖက်ဝင်မှန်းသိလာတဲ့အခါ နိုင်ငံခြားမျိုးတွေကိုဈေးကြီးပေးပြီးမှာယူကြတယ်။ အခုလို တန်ဖိုးမထားကြတဲ့ သဘာဝဆေးဖက်ဝင်အသီးလေးတွေကို တန်ဖိုးသိလာတဲ့အခါ လွယ်လွယ်နဲ့ရှာဝယ်လို့မရနိုင်တော့ဘူး၊ဈေးကြီးပေးပြီးလိုက်ဝယ်ရတော့တာပါပဲ။ ခုတော့ အရမ်းမရှားသေးခင် တန်ဖိုးထားပေးလိုက်ပါ။စောင်းလျားသီးက ဘယ်လိုအဖိုးတန်လဲဆိုတော့ …

အရွယ်တော် စောင်းလျားသီးတစ်လုံး (၉၁ ဂရမ်ခန့်)မှာ ဗီတာမင် C ကအများဆုံးဆိုပေမယ့် အမျှင်ဓါတ်၊ ပရိုတင်း၊ ဗီတာမင် B5၊ဖောလိတ်၊ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ တစ်ခါစားအတွက် ကယ်လိုရီ ၂၈ နဲ့ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ် ပါဝင်ပါတယ်။

ကင်ဆာကာကွယ်တယ်

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ ခန္ဓါကိုယ်ထဲကfree radicals အဆိပ်အတောက်တွေကို ပျက်ပြယ်သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ပါဝင်မှုလည်းများလို့ အူမကြီးမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

အရောင်ကျစေနိုင်တယ်

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှုလျော့ကျစေနိုင်တဲ့flavonoidsတွေပါဝင်လို့ တစ်ရှူးတွေပျက်စီးစေနိုင်တဲ့ free radicals တွေကို ဟန့်တားနိုင်ပါတယ်။

နို့ထွက်များစေတယ်

နို့တိုက်မိခင်တွေအတွက်က ကလေးအတွက် နို့ရည်အလုံအလောက်ထွက်ရှိနိုင်ဖို့ အရေးကြီးဆုံးပါ။ တခြားအာဟာရတွေလည်း စားလို့ရပေမယ့် တခါတလေချင့်ချိန်စားသုံးရင် နို့ထွက်များအောင် အထောက်အကူပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ အရေးကြီးတာက သိပ်လည်းမစိမ်း၊ အမှည့်မလွန်ခင် စားဖို့ပါ။

နှလုံးအတွက်ကောင်းတယ်

စောင်းလျားသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေဟာelectrolyte မှာပါဝင်တဲ့အရေးကြီးဓါတ်တွေဖြစ်ပြီးသွေးဖိအားကိုထိန်းညှိဖို့ အရေးပါတဲ့အရာတွေပါ။ နှလုံးကြွက်သားအပါအဝင် ခန္ဓါကိုယ်ရဲ့ကြွက်သားလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆိုဒီယမ်ကိုလည်း ထိန်းနိုင်တယ်။ ကိုလက်စထရောကိုလည်း ကျစေလို့ နှလုံးအတွက်ဆေးတစ်လက်ဖြစ်နေတာပါ။

ကိုယ်ခံအားကောင်းစေတယ်

စောင်းလျားသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးနဲ့တခြားရောဂါပိုးတွေကိုလည်း ကာကွယ်နိုင်တယ်။

အသားအရေလှစေတယ်

ဗီတာမင် C လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အဆိပ်အတောက်တွေမှန်သမျှ ကူညီဖယ်ရှားပေးနေတော့ ဆိုင်မှာသွားပြီး အဆိပ်ထုတ်စရာမလိုတော့ပါဘူး။ အသားအရေပိုလှပြီး ဝက်ခြံကင်းဖို့၊ရေဓါတ်ဖြည့်တင်းပြီးချောမွတ်စေဖို့၊ အရေးအကြောင်းတွေလျော့စေဖို့စောင်းလျားသီးက ကူညီပေးမှာပါ။

အဆီကျစေတယ်

ချဉ်စော်ကားသီးခြောက်တို့ ဘာတို့ကို တကူးတကဝယ်ပြီးရေစိမ်သောက်ကြမယ့်အစားဈေးမကြီးတဲ့စောင်းလျားသီးကို မသုံးချင်ကြဘူးလား။ သတ္တုဓါတ်နဲ့အမျှင်ဓါတ်တွေကြွယ်ဝနေတော့ အဆီချအစီအစဉ်လုံးပမ်းနေသူတွေအတွက် ကွက်တိပါပဲ။ရေဓါတ်လည်းဖြည့်ဆည်းပေးနိုင်လို့ အားကစားလုပ်တဲ့အချိန်မှာဆို အဆင်ပြေတယ်၊electrolytesတွေထိန်းညှိပေးနိုင်မယ့်သတ္တုဓါတ်တွေရောနှောပါဝင်လို့ အသုံးဝင်ပါတယ်။

သတိထားဖို့က –

စောင်းလျားသီးဟာoxalate ပမာဏပါဝင်မှုများလို့ တချို့သူတွေမှာဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့်ကျောက်ကပ်မကောင်းသူ၊ကျောက်ကပ်ရောဂါရှိသူတွေအတွက်တော့ဖျော်သောက်တာတွေမလုပ်သင့်ပါဘူး။ကျောက်ကပ်ရောဂါအခံရှိသူတွေစောင်းလျားသီးကိုအမြဲစားသုံးရင်ကျောက်ကပ်ထိခိုက်စေမယ်၊ အာရုံကြောဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တယ်၊တက်တာ၊ အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။