ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို မိတ်ဆွေတွေနဲ့အတူ စားသောက်ဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးသင့်ပါတယ်။ မိသားစုလူစုံတက်စုံနဲ့ မိသားစုထမင်းဝိုင်းဖြစ်အောင်လည်း စီစဉ်ပါ။ ဒီလိုအချိန်မျိုးမှာ တခါတလေ မိဘတွေရဲ့ မိတ်ဆွေတွေကိုပါ ဖိတ်လို့ရပါတယ်။
လူကြီးမိဘတွေကို သက်တူရွယ်တူတွေနဲ့တွေ့ဆုံဖြစ်စေဖို့ ကျောင်းကန်ဘုရားမှာ၊ တရားပွဲမှာ၊ ရပ်ရွာသာရေးနာရေးကိစ္စတွေမှာ သွားရောက်ဖို့ အားပေးတိုက်တွန်းပေးပါ။
(၂) ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်ထားပါ
လူကြီးတွေရဲ့ ဆာလောင်မှုကို သိရှိနိုင်စွမ်းက အသက်အရွယ်နဲ့လိုက်ပြီး ကျဆင်းလာပါတယ်။ ဆာရင် ဆာမှန်းမသိကြတာများတာကြောင့် သူတို့ဆာတယ်ပြောမှ ပြင်ဆင်ကျွေးတာထက် ထမင်းစားချိန်နဲ့ သရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်ထားရှိပေးတာ ပိုကောင်း ပါတယ်။ အစားစားချိန်ပုံမှန်ရှိတာက လူကြီးတွေကို သင့်လျော်တဲ့ အစားအစာ အမျိုးအစားနဲ့ ထိုက်သင့်တဲ့ပမာဏကို စားမိစေဖို့ အထောက်အကူပေးပါတယ်။
(၃) ပမာဏအနည်းအများထက် အာဟာရဓာတ်ပြည့်ဝဖို့ကိုပဲ အဓိထားပါ
လူကြီးမိဘတွေကို ပမာဏနည်းနည်းနဲ့ အာဟာရဓါတ်ပါဝင်မှုပြည့်ဝတဲ့အစားအစာတွေပဲကျွေးပါ။ လူကြီးတွေအနေနဲ့ ထမင်းစားပွဲပေါ်က ပန်းကန်အကြီးကြီးကို မြင်လိုက်ရရင် ဒါကို ကုန်အောင်စားနိုင်ပါ့မလားဆိုပြီး ဝန်ထုပ်ဝန်ပိုးစိတ် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတည်းနဲ့ အများကြီးကျွေးမယ့်အစား စားစရာကို အကြိမ်များများခွဲပြီး အချိန်ခြားကာ နည်းနည်းချင်းကျွေးတာပိုကောင်းပါတယ်။
ဒါ့အပြင် ဒီလိုကျွေးတဲ့အစားအသောက်တွေက အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေဖြစ်ဖို့ သတိထားပါ။
သရေစာအတွက်ဆိုလည်း စားရလွယ်တဲ့ သရေစာလေးတွေပြင်ဆင်ပေးလို့ရပါတယ်။ လူကြီးတချို့က သရေစာကိုပဲ တောင့်တပြီး ထမင်းကို မစားချင်ကြတာတွေ ရှိပါတယ်။ ဒါ့ကြောင့် အရသာရှိတဲ့ သရေစာလေးတွေက တစ်နေ့တာမှာလိုအပ်တဲ့ ကယ်လိုရီပမာဏကို အလုံအလောက်ရရှိအောင် ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဥပမာ –
- အသီးအနှံများ
- ခရက်ကာ
- ကြက်ဥ
- အဆီမပါတဲ့အသား
- အစေ့အဆန်
- ကြက်ဥပူတင်း
- ကွေကာအုပ်
- ပေါင်မုန့်
တကယ်လို့ အစာမျိုချရတာအခက်အခဲရှိနေတယ်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊smoothies ၊milkshakes ဒါမှမဟုတ်သောက်သုံးရတဲ့ဖြည့်စွက်အာဟာရတွေကို တိုက်ကျွေးနိုင်ပါတယ်။
(၄) ဘာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလဲဆိုတာစောင့်ကြည့်နေပါ
လူကြီးတွေသဘောကျတတ်တဲ့ အစားအစာတွေ၊ မကြိုက်တဲ့အစားအစာတွေ၊ သူတိုနဲ့မတည့်တဲ့အရာတွေကို မှတ်ထားပါ။ သူတို့ အစာစားချင်စိတ်ပိုဖြစ်လာတတ်တဲ့အချိန်တွေ၊ ရက်တွေကိုလည်း မှတ်ထားသင့်ပါတယ်။
လူကြီးတွေရဲ့ အစာစားချင်စိတ်တိုးလာအောင် လုပ်ရတာ တော်တော်လေးပင်ပန်းပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ၊ ဖြတ်ထိုးဉာဏ် သုံးပါ၊ စိတ်မလျှော့လိုက်ပါနဲ့။
ဘယ်လိုပဲကြိုးစားကြိုးစား၊ နောက်ဆုံးမှာ ထင်ထားသလို အစာစားချင်စိတ်တိုးမလာခဲ့ရင်တော့ ဆရာဝန်ပြပြီး အကြံဉာဏ်တောင်းခံတာအကောင်းဆုံးပါပဲ။ အစားစားချင်စိတ်နည်းနေတာ ဆက်ဖြစ်နေရင် အားဆေးတွေသုံးပြီး စားချင်စိတ်ကို နှိုးဆွပေးတာမျိုးက အထောက်အကူဖြစ်စေနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။