လူတွေဟာ စိတ်ဓာတ်ခဏခဏကျနိုင်ပေမယ့် စိတ်ကျရောဂါကတော့ တစ်သက်မှာ တစ်ကြိမ်သာဖြစ်တတ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အခြေအနေက အဲ့လိုမရိုးရှင်းတတ်ပါဘူး။
လူတွေဟာ စိတ်ဓာတ်ခဏခဏကျနိုင်ပေမယ့် စိတ်ကျရောဂါကတော့ တစ်သက်မှာ တစ်ကြိမ်သာဖြစ်တတ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အခြေအနေက အဲ့လိုမရိုးရှင်းတတ်ပါဘူး။
တစ်ကြိမ်ကုသပြီးချိန်မှာတောင်မှ နောက်ထပ်တစ်ကြိမ် စိတ်ကျဝေဒနာပြန်ခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီဝေဒနာကို ဆေးဝါး၊ စိတ်ပိုင်းဆိုင် ဒါမှမဟုတ် လျှပ်စစ်ရှော့ခ်ရိုက်ပြီး လိုက်ကြတာများပါတယ်။
ဆေးဝါးနဲ့ကုသတဲ့နည်းလမ်းကတော့ အသုံးများပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ဒီလိုစနစ်တကျကုသမှုတွေ ခံယူပြီး ပျောက်ကင်းသွားချိန်မှာ ရောဂါလက္ခဏာတွေပြန်ပြပြီး စိတ်ကျဝေဒနာ ထပ်ပြီးခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ ပျောက်ကင်းပြီးမှ ထပ်ကျော့စိတ်ဓာတ်ကျတာမျိုးပေါ့။
ဒီလိုဖြစ်လာစေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ အလွန်စိတ်ဖိစီးစရာ စိတ်ပင်ပန်းစရာ အဖြစ်အပျက်မျိုးကို ပြင်းထန်စွာကြုံတွေ့လိုက်ရချိန်တွေမှာ ခုလိုထပ်ဖြစ်နိုင်ပါတယ်။
ဒါ့အပြင်
ထပ်ကျော့စိတ်ကျဝေဒနာခံစားလာရရင် ပုံမှန်စိတ်ကျဝေဒနာတွေလိုပဲ ရောဂါလက္ခဏာတွေပြသတတ်ပါတယ်။ အောက်ပါလက္ခဏာတွေဟာ စိတ်ကျဝေဒနာ ထပ်မံဖြစ်ပွားသူတွေမှာ ပြသတတ်တဲ့ လက္ခဏာတွေဖြစ်ကြပါတယ်။
စိတ်ကျဝေဒနာ ထပ်ပြီး မဖြစ်ပေါ်စေဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်ခြင်းဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး ကောင်းမွန်တဲ့နည်းလမ်းလို့ ဆိုလို့ရပါတယ်။
အောက်ပါနည်းလမ်းတွေနဲ့ ဒီဝေဒနာကို ကာကွယ်နိုင်ပါတယ်။
ဒီနည်းလမ်းတွေက စိတ်ကျဝေဒနာ ခံစားခဲ့ရသူတွေကို နောက်တစ်ကြိမ် စိတ်ဓာတ်ကျဆင်းတာမျိုးထပ်မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါလိမ့်မယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။