backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ကဘာလဲ။

ခြေကျင်းဝတ်တွေ ခြေထောက်တွေရောင်နေခြင်းဟာ ထိုနေရာတွေမှာ အရည်တွေစုနေခြင်းကြောင့်ဖြစ်ပြီး ဒဏ်ရာကြောင့်မဟုတ်ပါက မနာကျင်ပါဘူး။

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖောခြင်းဖြစ်စေတတ်သော အချက်တွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းရှောင်ကြဉ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်လေ့ရှိသောလက္ခဏာတွေကတော့-

  • နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါများရှိပါက ဖောခြင်းရောင်ခြင်းခံစားရတတ်ပါတယ်။
  • ဖောနေသောနေရာမှာ နီရဲနေပြီး ထိကြည့်ပါက ပူနွေးနေနိုင်ပါတယ်။
  • ကိုယ်အပူချိန်ကပုံမှန်ထက်ပိုမြင့်နေတတ်တယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရုတ်တရတ်ဆိုးဆိုးရွားရွား ဖောရောင်လာတတ်ပါတယ်။
  • အိမ်တွင်းကုနည်းများသုံးသော်လည်း အသုံးမဝင်ဘဲပိုဆိုးလာတာမျိုးကြုံရနိုင်ပါတယ်။

တခြားလက္ခဏာတွေအနေနဲ့

  • ရင်ဘတ်မှာ နာကျင်နေ၊ တင်းကြပ်နေခြင်း
  • မူးခြင်း
  • ေဝဝါးခြင်း
  • အသက်ရှူရခက်ခြင်း

ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ခြေထောက်တွေမှာဖောခြင်းဟာ စိတ်ပူစရာအခြေအနေတစ်ခုတော့မဟုတ်ပေမယ့် တခါတလေမှာတော့ ပြင်းထန်တဲ့ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။

ဒါကြောင့်အထက်ပါလက္ခဏာတွေပါခံစားရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ခြင်းပြသင့်ပါတယ်။

အကြောင်းရင်းများ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ခြေကျင်းဝတ်၊ ခြေထောက်တွေ ဖောရခြင်းအကြောင်းတွေ အများကြီးရှိနိုင်ပါတယ်။ အများအားဖြင့်တော့ တချို့သော နေထိုင်မှုပုံစံတွေကြောင့်ဖြစ်လာတတ်တယ်၊ ဥပမာ-

  • အဝလွန်ခြင်းဟာ သွေးလှည့်ပတ်မှုကို လျော့ကျစေပြီး ခြေထောက်၊ ခြေကျင်းဝတ်မှာ သွေးတွေပုံစေပါတယ်။
  • အချိန်ကြာမတ်တပ်ရပ်ခြင်း၊ ထိုင်နေခြင်းတွေဟာလည်း ကြွက်သားတွေမလှုပ်ရှားတာကြောင့် သွေးတွေကိုပြန်တွန်းမပို့ပေးနိုင်တာဖြစ်နိုင်တယ်။

တချို့သောဆေးတွေကြောင့်လည်း ဖောနိုင်ပါတယ်။

  • စတီးရွိုက်
  • ကျား/ မဟော်မုန်းဆေးများ
  • စိတ်ဓါတ်ကျလျှင်သောက်ရသောဆေးများ
  • စတီးရွိုက်မပါသော အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေး

ဒါ့အပြင်ထိုဆေးတွေဟာ သွေးပျစ်စေပြီး သွေးလှည့်ပတ်မှုလျော့ကျစေတာကြောင့် ခြေထောက်တွေမှာ ဖောစေတတ်ပါတယ်။ တကယ်လို့ သင်သောက်နေတဲ့ဆေးကြောင့် ဖောရောင်လာရတယ်ထင်ရင် ဆရာဝန်နဲ့သေချာပြန်တိုင်ပင်ကြည့်ပါ။ မတိုင်ပင်ဘဲ မိမိသဘောနဲ့ ဆေးရပ်မပစ်ပါနဲ့။

တခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းတွေကတော့-

  • ဟော်မုန်းအပြောင်းအလဲတွေ (ဥပမာအမဟော်မုန်းများ) ကလည်း ခြေထောက်သွေးလှည့်ပတ်မှုလျော့စေပြီး ဖောရောင်စေနိုင်ပါတယ်။ ထိုသို့ပြောင်းလဲခြင်းတွေဟာ ကိုယ်ဝန်ဆောင်ချိန်တွေ၊ လစဉ်ဓမ္မတာလာစဉ်တွေမှာ ဖြစ်နိုင်ပါတယ်။
  • ခြေထောက်ရှိ သွေးကြောတွင် သွေးခဲခြင်းကြောင့်လည်း သွေးစီးမှုအနှောင့်အယှက်ဖြစ်ပြီး ဖောရောင်ကာ နေရထိုင်ရခက်စေနိုင်တယ်။
  • ခြေဖဝါး၊ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ ပိုးဝင်းတာတွေရှိရင်လည်း ထိုနေရာမှာ သွေးလျှောက်တာကောင်းစေတာကြောင့် ဖောစေပါတယ်။
  • ခြေထောက်ရှိသွေးပြန်ကြောများ သွေးပြန်ပို့လွှတ်မှု အားမကောင်းရင်လည်း ဖောစေနိုင်တယ်။
  • နာတာရှည်နှလုံးဖုံးအမြှေးပါးရောင်ရမ်းခြင်းဟာ အသက်ရှူရခက်ခဲစေပြီး တာရှည်ဆိုးရွားတဲ့ ခြေထောက်ဖောခြင်းတွေဖြစ်စေတတ်ပါတယ်။
  • ပြန်ရည်ကြောစနစ်ဟာ ပြန်ရည်ဂလင်း၊ ပြန်ရည်ကြောတွေနဲ့ ဖွဲ့စည်းထားကာ ခန္ဓါကိုယ်မှာ အရည်များသယ်ဆောင်စီးဆင်းစေသော စနစ်ဖြစ်တယ်။ ထိုပြန်ရည်ကြောများရောင်ခြင်း၊ ပိတ်ခြင်းတွေကြောင့်လည်း တစ်သျှူးတွေမှာ အရည်များစုကာ ဖောခြင်းဖြစ်စေတတ်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် သွေးပေါင်တက်ပါကလည်း သွေးလှည့်ပတ်မှုကိုထိခိုက်စေပြီး ခြေထောက်တွေ လက်တွေမှာ ဖောစေရောင်စေတတ်တယ်။
  • အရက်သောက်ခြင်းနှင့် ဘီပိုး စီပိုးတို့ကြောင့် ဖြစ်တတ်သော အသည်းခြောက်ခြင်းကြောင့်လည်း သွေးပေါင်ချိန်တက်ပြီး သွေးလှည့်ပတ်မှု ထိခိုက်ကာ ခြေထောက်၊ ခြေကျင်းဝတ်တို့မှာ ဖောခြင်းများဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖောခြင်းကိုအားပေးတတ်သောအချက်များ

  • အသက်အရွယ်
  • ကိုယ်အလေးချိန်များခြင်း
  • ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊
  • အသည်းခြောက်ခြင်း၊
  • ပြန်ရည်ကြောအဖွဲ့အစည်းရောင်ခြင်း၊
  • နှလုံးအမြှေးဖုံးရောင်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က စမ်းသပ်မှုများလုပ်ပြီး လက္ခဏာများနဲ့ပတ်သတ်လို့ မေးမြန်းပါလိမ့်မယ်။

ဖောရခြင်းအကြောင်းအရင်းကိုသိဖို့အတွက်တော့ အောက်ပါစစ်ဆေးမှုထဲမှာ တစ်ခု သိုမဟုတ့် တစ်ခုထက်ပိုပြီး လုပ်ခိုင်းနိုင်ပါတယ်။

သွေးစစ်ဆေးမှု

ဓါတ်မှန်

အယ်လ်ထရာဆောင်း

အီးစီဂျီ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ကို ဘယ်လိုကုသပါသလဲ

တကယ်လို့ဖောခြင်းဟာ သာမန်နေထိုင်မှုပုံစံ၊ ထိခိုက်မှုသေးသေးကြောင့်ဖြစ်ပါက သာမန်အိမ်တွင်းကုသမှုပုံစံတွေလောက်သာ အကြံပေးနိုင်ပါတယ်။

တကယ်လို့ တခြားရောဂါအခြေအနေတစ်ခုခုကြောင့်ဖြစ်နေရင်တော့ ထိုအခြေအနေကို ကုသဖို့လုပ်ရပါမယ်။ ဆီးဆေးလိုဆေးမျိုးနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိတတ်တာကြောင့် သာမန်အိမ်တွင်းကုနည်းနဲ့ မရမှသာ သုံးသင့်ပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးများ

  • လှဲနေစဉ်မှာ ခြေထောက်ကို နှလုံးအထက်ရောက်အောင် မြှောက်ထားပါ။ ခေါင်းအုံးဖြစ်ဖြစ်ခံထားလို့ရပါတယ်။
  • လှုပ်လှုပ်ရှားရှားနေပါ၊ ခြေထောက်ကိုလှုပ်ရှားပေးနေပါ။
  • ဆားလျှော့သုံးပါ၊ သင့်ခြေထောက်မှာ သွေးများ၊ အရည်များပုံခြင်းကိုသက်သာစေပါလိမ့်မယ်။
  • ပေါင်တဝိုက်မှာတင်းကြပ်သော အဝတ်များဝတ်ခြင်း ရှောင်ပါ။
  • ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်ခန္ဓါကိုထိန်းသိမ်းထားပါ။
  • ဖောသောနေရာတွင် အသားကပ်ခြေအိတ်လို တင်းကြပ်စေသောခြေအိတ်မျိုးဝတ်နိုင်ပါတယ်။
  • နာရီတိုင်း မတ်တပ်ရပ်ပေး၊ လှုပ်ရှားလမ်းလျှောက်ပေးပါ။ (အထူးသဖြင့်အချိန်ကြာမတ်တပ်ရပ်၊ ထိုင်နေရပါက)

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement