အပူချိန် စိုထိုင်းမှု လေဝင်လေထွက် ဘယ်လောက်ကြာအောင် ဘာလုပ်နေခဲ့သလဲ ဘယ်အချိန်မှာ စပြီး ကြွက်တက်လာသလဲ၊ ဘယ်ကြွက်သားမှာ ဖြစ်တာလဲ ချွေးရောထွက်သလား ပူပြင်းသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်သော အလေ့အကျင့်ရှိ သလား ရေအလုံအလောက် သောက်ရဲ့လား စသည်တို့ကို မေးရမည်။ ဆီးအရောင်သည်လည်း အရေးကြီးသည်။ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်လာလျှင် ကျောက်ကပ်က ရေကို ထိန်းသိမ်းထားပြီး ပိုပျစ်သော၊ အနံ့ပြင်းသော၊ အဝါရောင်ရင့်ရင့်ဆီးကို ထုတ်ပေးသည်။ ခန္ဓာကိုယ်ရေဓာတ် အပြည့်အဝရှိလျှင် ဆီးအရောင်ကြည်သည်။
လူနာကိုစ မ်းသပ်လျှင် အများအားဖြင့် ပုံမှန်အတိုင်းဖြစ်နေမည်။ ရေဓာတ် အပြည့်အဝပြန်မဖြည့်ရသေးလျှင် ကြွက်တက်သောနေရာကို ထိလျှင်နာနေပြီး လှုပ်ရှားလျှင်လည်းနာမည်။ ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများဖြစ်သည့်
- ပါးစပ်နှင့် လျှာခြောက်နေခြင်း
- ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် ချွေးမထွက်ခြင်း
- ဆီးသွားနည်းလာခြင်းတို့ တွေ့ရမည်။
- သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း တို့လည်းဖြစ်နိုင်သည်။
- လူနာ၏ မတ်တပ်ရပ်နေချိန် သွေးပေါင်ချိန်သည် လှဲနေချိန်ထက် အလွန်နည်းနေမည်။
အပူကြောင့်ကြွက်တက်ခြင်း ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်က သင့်ကို အပူကြောင့်ဖြစ်သည့် အခြားပိုပြင်းထန်သော ရောဂါများရှိမရှိ စစ်ဆေးပြီး လိုအပ်သည့် အကြောဆေးများပေး၍ ရေဓာတ်ပြန်ဖြည့်ပေးမည်။
နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
- အေးသောနေရာတွင် အနားယူပြီး ဓာတ်ဆားပါသော အချိုရည်/ရေအေးအေးသောက်ပါ။
- ဓာတ်ဆား အလွယ်မရလျှင် ရေတစ်လီတာတွင် အိမ်သုံးဆား လက်ဖက်ရည်တစ်ဇွန်း၏ ၁/၂ နှင့် သကြား လက်ဖက်ရည်ဇွန်း ၆ဇွန်းကို ရော၍ ကိုယ်တိုင်ဓာတ်ဆားဖျော်ရည် ဖျော်နိုင်သည်။
- ဆားဆေးပြားများသည် ဗိုက်အောင့်စေတတ်ပြီး လိုအပ်သည့် အရည်များကို ပြန်မဖြည့်ပေးနိုင်သဖြင့် မသုံးသင့်ပါ။
- ပူပြင်းသော ပတ်ဝန်းကျင်တွင် အလေ့အကျင့်မရှိသေးဘဲ အလုပ်စလုပ်ကာစ ရက်ပိုင်းတွင် အပူကြောင့်ကြွက်တက်ခြင်းကို ခံစားရနိုင်သည်။ အလေ့အကျင့်ရသွားပြီး လိုအပ်သောအရည်ကို ပြန်သောက်ပေးပါက ထိုသို့ဖြစ်နိုင်ခြေ နည်းသွားလိမ့်မည်။
သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။