ဘယ်အရာတွေက ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ပရော်တယ်ဂျီးယား ဖူးဂပ်စ် မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ
အခြားသော စအိုနာကျင်မှုများဖြစ်စေသည့် အကြောင်းအရင်းများအား စစ်ဆေး ဖယ်ထုတ်ခြင်းအားဖြင့် ပရော်တယ်ဂျီးယား ဖူးဂပ်စ်အား အများအားဖြင့် အတည်ပြုသည်။
ထိုကဲ့သို့အခြားအကြောင်းအရင်းများမရှိကြောင်း အတည်ပြုရန် သင်၏ဆရာဝန်သည် ထိတွေ့ကိုင်တွယ်စစ်ဆေးခြင်း၊နာကျင်မှု၏ပြင်းထန်မှု၊ကြာချိန်စသည်တို့နှင့် ပတ်သတ်သော မေးခွန်းများမေးခြင်း၊လိပ်ခေါင်း၊အက်ကွဲကြောင်းများ၊ပြည်တည်နာနှင့် အခြားသော စအိုနာစေသည့် ရောဂါများရှိမရှိကို စစ်ဆေးတတ်သည်။ အခြားသော ရောဂါများအတည်ပြုဖယ်ထုတ်ပြီးပါက သင်၏ဆရာဝန်သည် ပရော်တယ်ဂျီးယား ဖူးဂပ်စ်အား စစ်ဆေးအတည်ပြုနိုင်သွားမည်ဖြစ်သည်။
Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကို ဘယ်လိုကုသပါသလဲ
ကုသမှုနည်းပေါင်းများစွာရှိသော်လည်း ထိုရောဂါလက္ခဏာများသက်သာမှုမှာ လူတစ်ဦးနှင့်တစ်ဦးမတူညီပေ။ ဖြစ်ပွားသည့်အကြောင်းအရင်းကိုတိကျစွာ မသိနိုင်သောကြောင့် ကုသမှုသည် ဖြစ်ပွားသော လက္ခဏာများပေါ်မူတည်သည်။ အကယ်၍ဖြစ်ပွားရသည့် အကြောင်းအရင်းအားသိရှိရပါက ထိုအကြောင်းအရင်းအားကုသရပါမည်။
အကယ်၍စိတ်ဖိစီးမှုသည်ဖြစ်ပွားစေသည့်အကြောင်းအရင်းဖြစ်ပါကနှစ်သိမ့်ဆွေးနွေးကုသခြင်းသည်အထောက်အကူပြုနိုင်ပါသည်။ ရေနွေးဖြင့်ရေချိုးခြင်းနှင့် ရေနွေးစိမ်ခြင်းတို့ကိုလည်း ကုသမှုတွင် အသုံးပြုတတ်သည်။ သင်၏ဆရာဝန်မှ ဂလစ်စရင်းထရိုင်နိုက်ထရိတ် (သို့) အခြားသော လိမ်းဆေးများကိုညွှန်ကြားတတ်သည်။
အကယ်၍ သင်၏ကြွက်သားကျုံ့မှုများသည် ပြင်းထန်ပါက ဘိုတောက်စ်ဆေးများ (သို့) ထုံဆေးအချို့ကို စအိုနားတွင် ထိုးသွင်းပေးရသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပရော်တယ်ဂျီးယား ဖူးဂပ်စ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပရော်တယ်ဂျီးယား ဖူးဂပ်စ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။