backup og meta

ဖိအားကြောင့် ဖြစ်သောအနာကို ဘယ်လိုကာကွယ် ကုသမလဲ

ဖိအားကြောင့် ဖြစ်သောအနာကို ဘယ်လိုကာကွယ် ကုသမလဲ

ဖိအား သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော အနာ များကို ကုသဖို့ထက် ကာကွယ်ဖို့က ပိုလွယ်ကူပါတယ်။ ဒီလိုဆိုလို့လည်း ဖြစ်စဉ်က ရိုးရှင်းလွယ်ကူတယ်လို့တော့ မဆိုလိုပါဘူး။ ထိုပြဿနာကို ကာကွယ်ဖို့အတွက်ရော၊ ကုသဖို့အတွက်ရော အဆင့်ဆင့်လိုတယ် ဆိုတာသိဖို့တော့ အရေးကြီးပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် အရေပြားပေါ် သက်ရောက် နေတဲ့ဖိအားကို လျှော့ချဖယ်ရှားပစ်ဖို့က အရေးကြီးဆုံးအချက်ပါ။ တစ်နေရာထဲကို အချိန်အကြာကြီး ဖိထားတာကြောင့် ထိုနေရာကို သွေးလျှောက်မှု နည်းပြီး ဆဲလ်များကို သေစေ၊ ပျက်စီးစေတာကြောင့် အနာဖြစ်ရခြင်း ဖြစ်တယ်။

မကြာခဏ ပုံစံအမျိုးမျိုး ပြောင်းပေးခြင်း အပြင် ပွတ်တိုက်ခြင်း၊ အရှိန်နှင့် ပွတ်မိခြင်း၊ တစ်နေရာတည်းကို တိုက်ရိုက်ဖိမိနေသော အနေအထားတွင် နေခြင်း များကိုရှောင်ရှားခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ ဖိအားသက်ရောက်ခြင်းကို သက်သာစေနိုင်ပါတယ်။

နောက်တစ်နည်းကတော့ မွေ့ရာ၊ အိပ်ရာခင်း၊ ထိုင်ခုံကူရှင်တွေလို အကာအကွယ် အထောက်အပံ့ ပေးနိုင်မည့် အရာများ သုံးခြင်းဖြစ်တယ်။ ဒီပစ္စည်းတွေက ဖိအားကို လျှော့ချပြီး တစ်နေရာတည်းမှာ ဖိအားမသက်ရောက်စေဖို့ လုပ်ဆောင်ပေးပါတယ်။

အရေပြားကို ကာကွယ်စောင့်ရှောက်ခြင်း ကလည်း ဖိအားကြောင့်ဖြစ်သောအနာများကို ကာကွယ်ရာမှာ အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ ရေနွေးနွေးလေးနဲ့ ဆပ်ပြာ ပျော့ပျော့လေး သာအသုံးပြီး အရေပြားကို အရမ်းကြီး မပွတ်တိုက် မိဖို့ သတိထားပါ။ ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်တာမို့ အရေပြားကို နူးညံ့စေမယ့် လိုရှင်း၊ ခရင်မ်လိုမျိုးတွေလည်း သုံးပေးနိုင်ပါတယ်။

ဆီးဝမ်းမထိန်းနိုင်တဲ့ အခက်အခဲရှိတဲ့ လူတွေ အတွက် စိုစွတ်၊ ပေရေ သွားတဲ့ နေရာကို ချက်ချင်း သန့်စင်ပေးပါ။ အရေပြားကို စိုထိုင်းမှုမှ ကာကွယ် ပေးထားနိုင်တဲ့ ခရင်မ်၊ လိုးရှင်း၊ လိမ်းဆေး တစ်မျိုးမျိုးလည်း သုံးနိုင်ပါတယ်။ အထူးသဖြင့် တင်ပါး၊ တံတောင်ဆစ်၊ ဒူး၊ ခြေဖနောင့်နေရာတွေမှာ အနာတွေဖြစ်နေလား နေ့စဉ် စစ်ဆေး နေသင့်ပါတယ်။

ကောင်းမွန်တဲ့ ကျန်းမာရေး အလေ့အကျင့်တွေကလည်း သင့်ကို ဖိအားကြောင့်ဖြစ်တဲ့ အနာတွေမှ ကာကွယ်ပေးနိုင်မှာပါ။ ပရိုတင်းနဲ့ ရေဓါတ် လုံလောက်စွာပါတဲ့ ကျန်းမာရေးညီညွတ်တဲ့ စားသောက်မှုပုံစံတွေဟာ ခန္ဓါကိုယ်အလေးချိန် ထိန်းပေးရာမှာ ကူညီပေးပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရေပြား ခြောက်သွေ့စေပြီး အရေပြားကို သွေးလျှောက်မှု လျော့နည်းစေတာမို့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်တာဟာလည်း ကောင်းမွန်တဲ့ အကျင့်တစ်ခုဖြစ်မှာပါ။

ဘယ်လိုကုသမလဲ

ဖိအားကိုလျှော့ခြင်း

ဖိအားကြောင့်ဖြစ်သောအနာ ကိုကုသရာမှာ ပထမဆုံးအဆင့်ကတော့ ထိုအနာကိုဖြစ်စေတဲ့ ဖိအားကို ဖယ်ရှား လျှော့ချလိုက်ခြင်း ဖြစ်တယ်။ ထိုသို့လျှော့ချခြင်းမှာ ပုံစံအနေအထားပြောင်းခြင်း၊ အခုအခံများ ခံထားခြင်းတို့ ပါဝင်တယ်။ ထိုကဲ့သို့ အနာများဖြစ်နေရင် မကြာခဏ အနေအထားပြောင်းပေးဖို့၊ နေရာမှန် အနေအထားတွေမှာ နေဖို့က အရေးကြီးပါတယ်။ သက်တောင့်သက်သာ ရှိစေမယ့် မွေ့ရာ၊ အိပ်ရာနဲ့ ကူရှင်တွေလည်း သုံးနိုင်တယ်။

အနာကိုသန့်စင်ခြင်း၊ ဆေးထည့်ခြင်း

ဖိအားကြောင့်ဖြစ်သော အနာတွေကိုသန့်စင်ပေးပြီး ရောဂါပိုးတွေ မဝင်အောင် ဂရုစိုက်နေဖို့ကလည်း အရေးကြီးပါသေးတယ်။ အဆင့် (၁) အနာတွေ ( အရေပြားပေါက်ပြဲခြင်းမရှိသေးတဲ့အနာ) အတွက် ဆပ်ပြာပျော့ပျော့နဲ့ အသာအယာ ဆေးကြောပြီး ခြောက်သွေ့အောင် ပြန်သုတ်ပါ။ ဒါပေမယ့် ပေါက်ပြဲနေပြီဆိုတော့ ဆေးမထည့်ခင်မှာ ဆားရည်နဲ့ ဆေးကြော သန့်စင်ပေးပါ။

ဆေးထည့်ပြီးပတ်တီးစည်းထားခြင်းတွေဟာ အနာဘေးပတ်ဝန်းကိုခြောက်သွေ့စေကာ အနာကိုစိုစွတ်နေအောင် ထိန်းထားနိုင်ပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးထားနိုင်ပါတယ်။ လိမ်းဆေးဂျယ်လ်၊ ပတ်တီး၊ ပလာစတာ၊ ဆေးပတ်တီး ကြိုက်ရာသုံးနိုင်ပါတယ်။

ထိခိုက်ထားသောအရေပြားကိုဖယ်ပစ်ခြင်း

ထိခိုက်ထားသော အရေပြား၊ တစ်သျှူးတွေကို အနာအခြေအနေ၊ လူအခြေအနေ၊ ကုသမှုဦးတည်ချက်တွေပေါ်မူတည်ပြီး နည်းအမျိုးမျိုးနဲ့ဖယ်ပစ်နိုင်တယ်။ ခွဲစိတ်ဖယ်ရှားခြင်၊ အထူးပြုစက်ပစ္စည်းများသုံးခြင်း၊ အင်ဇိုင်းများဖြင့် အနားကိုစား

စေခြင်း စသည်ဖြင့်နည်းအမျိုးမျိုးရှိပါတယ်။

နာကျင်မှုကိုသက်သာစေခြင်း၊ ပဋိဇီဝဆေးများ သောက်ခြင်း၊ လိမ်းခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် ပတ်သက်ပြီး အကောင်းမွန်ဆုံးသော နည်းလမ်းကို စဉ်းစားစီစဉ်ခြင်း၊ အကြောဆွဲခြင်း ကြွက်သားတောင့်ခြင်းကို သက်သာစေခြင်း၊ ဖိအားဖြေလျှော့ခြင်း စသည့်နည်းအမျိုးမျိုးကိုလည်း သုံးနိုင်ပါသေးတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Prevention. http://www.mayoclinic.org/diseases-conditions/bedsores/basics/prevention/con-20030848. Assessed
January 13, 2017.

 

ယခုပုံစံ

17/01/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။

အနာ မရင်းအောင် ဘယ်လိုကာကွယ်ကြမလဲ



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement