အဓိပ္ပါယ်ဖွင့်ဆိုချက်
Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) ကဘာလဲ။
အစွဲလမ်းလွန် စိတ်ဝေဒနာ (obsessive compulsive disorder) ဆိုသည်မှာ လူနာ၏ တွေးခေါ်မှုနှင့် အပြုအမှုများကို ထိခိုက်စေသော စိတ်ရောဂါ တစ်မျိုးဖြစ်ပါသည်။ လူနာသည် အတွေးများ အမြဲပေါ်လာပြီး စွဲလန်းစိတ်နဲ့ တူညီသောလှုပ်ရှားမှုများကို ထပ်ခါထပ်ခါ ပြုလုပ်ပါသည်။ ဥပမာ တံခါးကို သော့ခတ်ထားသလား မထားသလား ဟု တွေးကာ တံခါးဆီသို့ ခဏခဏ သွားခြင်း ဖြစ်သည်။ လူနာများသည် ထိုသို့တွေးခြင်းကိုရပ်ရန် ကြိုးစား သော်လည်း စိတ်ရှုပ်ထွေးမှုနှင့် စိတ်တင်းမာမှု များသာ ထပ်မံ ဖြစ်စေပါသည်။ နောက်ဆုံးတွင် စိတ်သက်သာစေရန် ထိုလှုပ်ရှားမှုများကိုသာ လိုက်လံ ပြုလုပ်ပါတော့ သည်။