မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
Non-Hodgkin lymphoma ဆိုသည်မှာ ပြန်ရည်ကြော စနစ်တွင် ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ ထိုကင်ဆာ အမျိုး အစားတွင် အကျိတ်များသည် lymphocyte ( သွေးဖြူဥများ) မှ ဖြစ်ပွားသည်။ ထိုဆဲလ်များကို ပြန်ရည်ဖု (lymph node)၊ ဘေလုံး နှင့် ကိုယ်ခံအားစနစ်၏ အခြားအင်္ဂါများတွင် တွေ့နိုင် သည်။
Non-Hodgkin lymphoma ၏ ဝိသေသလက္ခဏာ များသည် မည်သည့်နေရာတွင်မဆို စတင်နိုင်ပြီး ခန္ဓါကိုယ်ရှိ မည်သည့်အင်္ဂါကိုမဆို ပျံ့နှံ့နိုင်ပါသည်။ Non-Hodgkin lymphoma အမျိုးအစား များစွာရှိပါသည်။ သို့သော် အဖြစ် အများဆုံးမှာ diffuse B-cell lymphoma နှင့် follicular lymphoma တို့ဖြစ်ပါသည်။
ကိုယ်ခံအားစနစ် အားနည်းသောလူများသည် Non-Hodgkin lymphoma ပို၍ ဖြစ်ပွားနိုင်ချေ ရှိသည်။ ရောဂါ သည် အသက် ၆၀ကျော် သူများတွင် ပို၍ အဖြစ်များသည်။ အမျိုးသားများသည် အမျိုးသမီးများထက် ရောဂါဖြစ်နိုင်ချေ ပိုများပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကန့်သတ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
Non-Hodgkin lymphoma ဖြစ်ပါက အတွေ့ရအများ ဆုံးရောဂါလက္ခဏာများမှာ-
• ညဘက်တွင် ချွေးအလွန်ပြန်ခြင်း
• အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း
• လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ နှင့် အခြားနေရာများရှိ ပြန်ရည်ဖုများ ရောင်ခြင်း
• ကိုယ်အလေးချိန် ကျဆင်းခြင်း
• ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် ခက်ခဲခြင်း
• ဝမ်းဗိုက်အောင့်ခြင်း၊ ဖူးရောင်ခြင်း
• အစာ မစားလိုခြင်း
• ဝမ်းချုပ်ခြင်း
• မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း
• ခေါင်းကိုက်ခြင်း
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
ရောဂါလက္ခဏာများသည် လျော့နည်းပါး သွားခြင်းမရှိဘဲ ကြာရှည်ဖြစ်ပေါ်နေပါက ဆရာဝန်အား အကြောင်းကြားပါ။ ရောဂါ အခြေအနေသည် လူအများတွင် ကွဲပြားနိုင်သည်။ ရောဂါ အဖြေရှာမှုများ၊ ကုသမှု များပြုလုပ်ရန် နှင့် သင့်အတွက် အကောင်းဆုံး ကုသမှု ရရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
ခန္ဓါကိုယ်မှ lymphocytes များ အများအပြားထုတ်သော အခါ Non-Hodgkin lymphoma ဖြစ်ပွားပါသည်။ များလာ သော lymphocyte များသည် ပြန်ရည်ဖုများတွင် စု ပြုံလာပြီး ဖောင်းလာကာ အကျိတ်များဖြစ်လာပါသည်။ ထို အကျိတ်များသည် ဆက်လက်ကြီးထွားလာပြီး ပတ်ဝန်းကျင် ရှိ ဆဲလ်များကို ထိခိုက်စေသည်။ လက်ရှိတွင် သိပ္ပံပညာရှင် များသည် သွေးဖြူဥဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကွဲပွားခြင်း၏ အကြောင်းရင်းကို ရှင်းလင်းစွာ မသိသေးပါ။ သို့သော်လည်း lymphoma သည် ကိုယ်အင်္ဂါအစားထိုးထားသူများ သို့မ ဟုတ် HIV ရှိသူများစသော ကိုယ်ခံအားစနစ် အားနည်းသူ များတွင် ဖြစ်နိုင်သည်ဟု ဆိုပါသည်။
Non-Hodgkin lymphoma ဖြစ်နိုင်ချေကို မြင့်စေသော အချက်များမှာ
• ကိုယ်ခံအားစနစ် ပိတ်ဆို့မှုများ။ ကိုယ်အင်္ဂါအစား ထိုးခြင်း ပြုလုပ်ဖူးပါက Non-Hodgkin lymphoma ဖြစ်လွယ်ပါသည်။ ကိုယ်ခံအားချပေးသော ကုထုံး ကြောင့် ခန္ဓါကိုယ်မှ ရောဂါများကို တိုက်ထုတ် နိုင်စွမ်း ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်။
• အချို့ ဗိုင်းရပ်စ် နှင့် ဘတ်တီးရီးယားကူးစက်မှုများ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော Non-Hodgkin lymphoma တွင် HIV ၊ Epstein-Barr ဗိုင်းရပ်စ်နှင့် Helicobacter pylori ( အစာအိမ်အနာ ဖြစ် စေသော ဘက်တီးရီးယား) တို့ပါဝင်သည်။
• ဓါတုပစ္စည်းများ။ ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး စသော ဓါတုပစ္စည်းများဖြင့် အလွန်အမင်း ထိတွေ့ ခြင်းသည် Non-Hodgkin lymphoma ဖြစ်နိုင်ချေကို မြင့်စေသည်။
အသက်။ အသက်ကြီးသူများ ( အသက်၆၀ကျော်) သည် ကိုယ်ခံအားစနစ် စတင်အားနည်းစပြုလာ သောကြောင့် ရောဂါဖြစ်နိုင်ချေ မြင့်ပါသည်။
ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ရောဂါ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များအတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ဆေးစစ်ခြင်းနှင့် သွေးဖောက်စစ်ခြင်းတို့ အပေါ်မူတည်၍ ရောဂါအဖြေရှာမှုကို ပြုလုပ်ပါမည်။ ပြန်ရည်ဖုမှ တစ်ရှူးစယူခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းတို့ဖြင့် ရောဂါအဖြေရှာမှုကို ပိုမိုတိကျအောင် ဆောင်ရွက်နိုင်သည်။ အချို့တွင် ဆရာဝန် သည် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် တင်ပါးဆုံ အား ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်း၊ ရင်ဘတ်အား X-ray taking positron emission (PET) ဟုခေါ်သော အထူးဓါတ်မှန် ရိုက် ခြင်းတို့ကို ပြုလုပ်နိုင်သည်။
Non-Hodgkin lymphoma ၏ ကုသမှုသည် လူနာ၏ အသက်၊ ကျန်းမာရေးနှင့် အကျိတ်ဖွံဖြိုးမှုအပေါ် မူတည်ပါ သည်။ အကျိတ်သည် အလွန်ကြီးထွားခြင်း မရှိဘဲ ဆိုးရွား သော လက္ခဏာများကို မဖြစ်စေပါက များသောအားဖြင့် ကုသမှု ခံယူရန် မလိုအပ်ပါ။ သို့သော် ဆရာဝန်သည် အကျိတ် ကြီးထွားမှုမရှိကြောင်း သေချာစေရန် သင့်ကျန်းမာ ရေး အခြေအနေကို ပုံမှန် စောင့်ကြည့်ပါလိမ့်မည်။
အကျိတ်သည် ကြီးထွားလာပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါက ဆရာဝန်သည် အောက်ပါကုသမှုများကို လုပ် ဆောင်ပါလိမ့်မည်။
• ကင်ဆာဆေးကုထုံး။ ဆရာဝန်သည် ကင်ဆာဆဲလ်များကို ဖျက်စီးရန် သောက်ဆေး၊ ထိုးဆေးများကို ပေးပါ လိမ့်မည်။
• ဓါတ်ရောင်ခြည်ကုထုံး။ ဆရာဝန်သည် အကျိတ်များ ကို ကုသရန် စွမ်းအင်မြင့် ရောင်ခြည်များကို အသုံး ပြုသည်။
• ပင်မဆဲလ် (stem cell)များကို အစားထိုးခြင်း။ ပင်မဆဲလ် များကို ကျန်းမာသော ခန္ဓါကိုယ်ထဲ အစားထိုးထည့် ကာ ပိုကောင်းသော သွေးဆဲလ် အသစ်များကို ဖြစ် ပေါ်စေသည်။
• ဆေးများ အသုံးပြုခြင်းသည် ကိုယ်ခံအားစနစ်ကို သန်မာစေပြီး ကင်ဆာကို ခုခံနိုင်သည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Non-Hodgkin lymphoma ကို ထိန်းချုပ်နိုင်ပါသည်။
• ရောဂါလက္ခဏာများနှင့် သင်၏ကျန်းမာရေး တိုး တက်မှုကို စောင့်ကြည့်ရန် ပြန်လည်ဆေးစစ်မှုများ ကို ပြုလုပ်ပါ။
• ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ။ မိမိသဘောဖြင့် ဆေးသောက်ခြင်းကို ရပ်ခြင်းမပြုရ။
• သင်သောက်နေသော ဆေးများအားလုံးအကြောင်း ဆရာဝန်အား ပြောပြပါ။
• ကိုယ်ဝန်ရှိနေပါက သို့မဟုတ် နို့တိုက်နေရပါက ဆရာဝန်အား အသိပေးပါ။
• ပါးစပ် အနာများ မဖြစ်စေရန် သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။
• ကလေးမွေးရန် အစီအစဉ်ရှိပါက သုက်၊ မျိုးဥ ဘဏ် သို့ သုက် သို့မဟုတ် မမျိုးဥ ကို ပို့ရန် စဉ်းစားပါ။
• အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။