အဓိပ္ပါယ်ဖွင့်ဆိုချက်
Toxicology Tests (ကိုယ်တွင်း ဆေးနှင့် ဓါတုဆိုင်ရာ စစ်ဆေးခြင်း) ဆိုတာဘာလဲ။
Toxicology Tests ဟာ ကိုယ်ခန္ဓါအတွင်း ဆေး၊ ဓါတုပစ္စည်း ပါမပါကို သွေး၊ ဆီး၊ တံတွေး၊ အစာအိမ် အရည်၊ ချွေး အစရှိသည်တို့မှ တစ်ဆင့် စစ်ဆေးခြင်း ဖြစ်ပါတယ်။
ဆေး၊ ဓါတုပစ္စည်းတွေဟာ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရသောဆေးများ၊ ဆရာဝန်ညွှန်ကြားချက်မပါပဲ သောက်ရသောဆေးများ၊ ဗီတာမင်များ၊ အာဟာရဖြည့်စွက်စာများ၊ အရက်၊ တရားမဝင်သောဆေး၊ ဥပမာ ကိုကိန်းနဲ့ ဘိန်း တို့ပါဝင်ပါတယ်။ လူတွေဟာ ကိုယ်ခန္ဓါအတွင်းကို ဒီပစ္စည်းတွေ မတော်တဆသော်လည်းကောင်း၊ တမင်တကာသော်လည်းကောင်း ထည့်မိတတ်ကြပါတယ်။
Toxicology စစ်ဆေးမှုဟာ ဆေးအမျိုးအစား ၃၀ ကို တစ်ပြိုင်နက် စစ်ဆေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို သွေး၊ တံတွေးအစား ဘာလို့ ဆီးအတွင်းမှာ စစ်ဆေးရလဲဆိုတာ အကြောင်းရင်း သုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ သွေးထက်စာရင် ဆီး၊ တံတွေးတွေကို စစ်ဆေးမှုလုပ်ဖို့ လွယ်ကူပါတယ်။ ဒုတိယတစ်ချက်ကတော့ ဆီးဟာ ဆေးအကြွင်းအကျန်တွေကို သွေးထက်စာရင် ပိုမိုထိန်းသိန်းထားနိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ တံတွေး စစ်ဆေးမှုဟာ လွန်ခဲ့တဲ့ရက်ကအသုံးပြုခဲ့တဲ့ ဆေးတွေကို တွေ့ရှိနိုင်ပေမယ့် ဆီးစစ်ဆေးမှုကတော့ လွန်ခဲ့တဲ့ ငါးရက်အတွင်း ဆေးအသုံးပြုမှုကို တိုင်းတာနိုင်ပါတယ်။
အခြေခံအကြောင်းရင်းကို သိရှိခြင်း
Toxicology Tests တွေကို ဘာကြောင့် လုပ်ကြတာလဲ။
လူအတော်များများဟာ ဆေးကို မတော်တဆ သောက်မိရင်သော်လည်းကောင်း၊ ဆေးလွန်သွားရင်သော်လည်းကောင်း၊ အဆိပ်မိရင်သော်လည်းကောင်း၊ အရေးပေါ်အခြေအနေ အတော်များများမှာ ဒီစစ်ဆေးမှုကို ပြုလုပ်တတ်ကြပါတယ်။ ဆေးအဆိပ်သင့်ခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေဖို့အတွက်၊ လူတစ်ယောက်ဟာ ဆေးပေါ်မှာ မှီခိုမှုရှိမရှိ သိရှိရန်အတွက်၊ ဆေးပညာအရသော်လည်းကောင်း၊ တရားဥပဒေအရသော်လည်းကောင်း ကိုယ်ခန္ဓါအတွင် ဆေးရှိမရှိ စစ်ဆေးဖို့လည်း အသုံးပြုကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။