လေပြွန်ကြီးမှတဆင့် အဆုတ်အသားစယူခြင်း ဆိုတာဟာ အဆုတ်တစ်ရှူး အနည်းငယ်ကို ဖယ်ထုတ်နမူနာယူခြင်းကို ဆိုလိုပြီး သင့်အဆုတ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သိရှိနိုင်ဖို့အတွက် နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။
သင့်ရောဂါကို အတိအကျ အမည်တပ် ရှာဖွေဖော်ထုတ်ဖို့အတွက် လိုအပ်လာရင် အဆုတ်အသားစယူ စစ်ဆေးခြင်းကို ပြုလုပ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ဥပမာ
ရင်ဘတ်ဓါတ်မှန် ဒါမှမဟုတ် CT ရိုက်တဲ့အခါ မူမမှန်တဲ့ အနေအထားတွေ တွေ့နေရပြီဆိုရင် အတွင်းကျကျ အသေးစိတ် သိနိုင်ဖို့အတွက် အဆုတ်အသားစယူရပါမယ်။ ယေဘုယျပြောရရင် အခြားသော စစ်ဆေးမှုတွေနဲ့ အဆုတ်ပြဿနာ ဘာဖြစ်နေတယ်ဆိုတာကို ကံသေကံမ ပြောလို့မရတဲ့ အနေအထားတွေမှာ အဆုတ်အသားစယူပြီး စစ်ဆေးတာကို ပြုလုပ်ရပါတယ်။
အဆုတ်အသားစယူတာဟာ ယေဘုယျအားဖြင့် စိတ်ချရပြီး အန္တရာယ် မရှိပါဘူး။ ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ အန္တရာယ်ဟာလည်း သင့်နဂိုအဆုတ်ရောဂါ ဘယ်လောက်ဆိုးနေသလဲအပေါ် မူတည်ပါတယ်။
တကယ်လို့ သင့်မှာအသက်ရှုလမ်းကြောင်းဆိုင်ရာ ဆိုးရွားပြင်းထန်တဲ့ ပြဿနာတွေ မူလကတည်းက ရှိနေတယ်ဆိုရင် အသားစယူပြီးတဲ့အချိန်မှာ အဆိုပါ အခြေအနေဟာ ယာယီအားဖြင့် ပိုဆိုးနေမှာ ဖြစ်ပါတယ်။ လေပြွန်ကြီးမှတဆင့် အဆုတ်အသားစယူခြင်းအပြင် ဓါတ်မှန် ဒါမှမဟုတ် CT scan ရိုက်ခြင်းဖြင့်လည်း အဆုတ်မှာ ဘာပြဿနာရှိနေသလဲ သိရှိနိုင်ပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။
သင့်အနေနဲ့ စိတ်လက်ဖြေလျှော့မှုရှိစေဖို့အတွက် ဆရာဝန်က စိတ်ငြိမ်ဆေးပေးထားမှာ ဖြစ်ပြီး အသားစယူတဲ့ လုပ်ငန်းစဉ်ဟာ နာရီဝက်တောင် ကြာမှာ မဟုတ်ပါဘူး။bronchoscope လို့ခေါ်တဲ့ မှန်ပြောင်းအပျော့စားလေးကို သင့်နှာခေါင်းထဲမှတဆင့် အဆုတ်ထဲရောက်အောင် ထည့်မှာဖြစ်ပြီး အဆိုပါ မှန်ပြောင်းလေးရဲ့ အကူအညီနဲ့ လေပြွန်ကြီးကို ဆရာဝန်က စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်။
ပြီးရင် အသားစယူရာမှာ အသုံးပြုတဲ့ ညှပ်ကလေး (forceps)ကို လေပြွန်ကြီးကနေတဆင့် အဆုတ်ထဲရောက်အောင် ထည့်သွင်းပါလိမ့်မယ်။ နောက်ဆုံးမှာတော့ forceps ရဲ့ အကူအညီနဲ့ အဆုတ်တစ်ရှူးနမူနာယူမှာ ဖြစ်ပါတယ်။
စိတ်ငြိမ်ဆေး၊အိပ်ဆေးတွေရဲ့ အာနိသင်ပြယ်သွားပြီးတဲ့နောက်မှာ သင်အိမ်ပြန်နိုင်ပါပြီ။ အသားစအဖြေပေါ်မူတည်ပြီး ဆက်လုပ်ရမယ့် ဆေးဝါးကုသမှုတွေ၊ရက်ချိန်းတွေနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်က သင့်ကို အသိပေးပါလိမ့်မယ်။ အထူးအထွေ ညွှန်ကြားထားတာမျိုး မရှိဖူးဆိုရင် နောက်တရက်မှာ လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါပြီ။ ဒါပေမယ့် တလအတွင်း လေယာဉ်မစီးရပါဘူး။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လေပြွန်ကြီးမှတဆင့် အဆုတ်အသားစ ယူခြင်းကို စိတ်ငြိမ်ဆေး ဒါမှမဟုတ် ထုံဆေးပေးပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးလေးတွေက-
သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်ကို ကြိုတင်ပြောပြထားသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။