Cold agglutinins သွေးစစ်ဆေးချက်ဆိုတာ ခန္ဓါကိုယ်မှ Cold agglutinins လို့ခေါ်တဲ့ antibodies (ခန္ဓါကိုယ် ပြင်ပမှ ပစ္စည်းတွေကို တိုက်ခိုက်ခုခံသော ပစ္စည်းများ) ထုတ်နိုင်တဲ့ အခြေအနေကို စစ်ဆေးတဲ့ စစ်ဆေးချက်ဖြစ်ပါတယ်။ Cold agglutinins တွေဟာ ပုံမှန်အားဖြင့် ရောဂါပိုးဝင်တဲ့ အချိန်မှာ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က ထုတ်လုပ်တာ ဖြစ်ပါတယ်။ Cold agglutinins တွေဟာ နိမ့်တဲ့ အပူချိန်မှာ သွေးနီဥတွေကို အတူတူ စုလာအောင် လုပ်ဆောင်ပေးပါတယ်။
ကျန်းမာတဲ့လူတွေမှာ ဆိုရင်တော့ ပုံမှန်အားဖြင့် သူတို့ရဲ့ သွေးထဲမှာ Cold agglutinins ပမာဏ နည်းနေတတ်ပါတယ်။ ဒါပေမယ့် lymphoma (lymph nodes တွေမှာ ဖြစ်တတ်တဲ့ အကျိတ် ကင်ဆာတစ်မျိုး) သို့မဟုတ် တချို့သော Mycoplasma pneumonia ကဲ့သို့သော ရောဂါပိုး ဝင်ခြင်းတွေဟာ Cold agglutinins ပမာဏကို များစေနိုင်ပါတယ်။
Cold agglutinins ပမာဏ များနေခြင်းက သာမန်အားဖြင့် ပြင်းထန်တဲ့ ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။ တစ်ခါတလေ မှာတော့ Cold agglutinin ပမာဏ များနေခြင်းက အအေးနဲ့ ထိတွေ့တဲ့ အရေပြားအောက်ရှိ သွေးကြောတွေမှာ ရှိတဲ့ သွေးတွေကို စုလာ စေနိုင်ပါတယ်။ ဒါကြောင့်လည်း လက်တွေ၊ ခြေထောက်တွေမှာ ဖျော့တော့တဲ့ အရေပြားကို ဖြစ်စေပြီး ထုံကျင်တာတွေ ဖြစ်စေနိုင်ပါတယ်။
အရေပြားကို နွေးထွေးအောင် လုပ်လိုက်ပါက အဲဒီ ရောဂါလက္ခဏာတွေ သက်သာသွားပါလိမ့်မယ်။ တချို့သော အခြေအနေတွေမှာ ဆိုရင် သွေးဥတွေ စုလာတဲ့ အတွက် လက်ချောင်း၊ ခြေချောင်းထိပ်၊ နားရွက်၊ နှာခေါင်း ထိပ်တွေဆီကို သွေးစီးတာ ရပ်သွားစေနိုင်ပါတယ်။ အဲဒီလို ဖြစ်တာက အေးခဲသွားသလို ဖြစ်သွားတဲ့အတွက် တစ်သျှူးတွေကို ပျက်စီးစေနိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာ အဲဒီ ကိုယ်အစိတ်အပိုင်းတွေ ပုပ်တာ အထိတောင် ဖြစ်နိုင်ပါတယ်။
Cold agglutinins ပမာဏ များခြင်းဟာ တစ်ခါတလေမှာ ခန္ဓါကိုယ် တစ်လျှောက်မှာ ရှိတဲ့ သွေးနီဥတွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်တဲ့ အခြေအနေကို autoimmune hemolytic anaemia (ကိုယ့်သွေးနီဥတွေကို ကိုယ့်ဆဲလ်က ပြန်တိုက်ပြီး ဖြစ်တဲ့ သွေးအားနည်းရောဂါ) လို့ ခေါ်ပါတယ်။
လူတစ်ယောက်ဟာ အေးတာနဲ့ ထိတွေ့တဲ့အခါ တုံ့ပြန်မှု တစ်ခုခု ဖြစ်လာရင်၊ သို့မဟုတ် သွေးဥဆဲလ်တွေ ပျက်စီးတာကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါရဲ့ ရောဂါလက္ခဏာတွေ ရှိနေရင် Cold agglutinins နဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်နိုင်တာကြောင့် Cold agglutinins ကို စစ်ဆေးရပါတယ်။ ရောဂါလက္ခဏာတွေကတော့ –
Mycoplasma အကောင်ကြောင့် ဖြစ်တဲ့ အဆုတ်ယောင် ရောဂါ (နမိုးနီးယား) ဖြစ်နေတဲ့ သူတွေရဲ့ တစ်ဝက်ကျော်ကျော်မှာ Cold agglutinins ပမာဏ များနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နောက်ပိုင်း Mycoplasma ကြောင့်ဖြစ်တဲ့ အဆုတ်ယောင် ရောဂါကို စစ်ဆေးတဲ့ စစ်ဆေးချက်တွေမှာ Cold agglutinins သွေးစစ်ဆေးချက်ကို အစားထိုး လုပ်ဆောင်လာကြပါတယ်။
Rouleaux လို့ ခေါ်တဲ့ သွေးနီဥတွေ စုနေတာကို သွေးဥဆဲလ် အရေအတွက်ကို အပြည့်အစုံ စစ်ဆေးချက် (CBC) မှာ တွေ့ခဲ့ရင် သင့်ကို သင့်ဆရာဝန်က Cold agglutinins ပမာဏ များနေတာရှိ၊ မရှိ သိရအောင် Cold agglutinins စစ်ဆေးဖို့ ပြောပါလိမ့်မယ်။
သွေးမသွင်းခင်မှာ၊ သို့မဟုတ် ခန္ဓါကိုယ်အစိတ်အပိုင်း တစ်ခုခု အစားမထိုးခင်မှာ ပေးမယ့်သူနဲ့ လက်ခံမယ့်သူ သွေးအမျိုးအစား တည့်၊ မတည့် စစ်ဆေးလေ့ ရှိပါတယ်။ သွေးထဲမှာ အမျိုးအစား ခွဲရခက်တဲ့ Cold agglutinins ပမာဏ များစွာရှိပါတယ်။
အရွယ်ရောက်ပြီးသား လူကြီးတွေမှာ ဆိုရင် နှစ်ပေါင်းများစွာ ကြာရှည်ခံတဲ့ Cold agglutinins များစွာ ရှိပါတယ်။
Infectious mononucleosis သို့မဟုတ် Mycoplasma pneumonia ကဲ့သို့ ရောဂါပိုး ဝင်ခြင်းတွေလို အဓိကအားဖြင့် Cold agglutinins ကြောင့် မဟုတ်တဲ့ ရောဂါတွေနဲ့ ဆက်စပ်မှုရှိတဲ့ အခြေအနေတွေမှာ Cold agglutinins ကို တော်ရုံ စစ်ခိုင်းလေ့ မရှိပါဘူး။ အဲဒီလို အခြေအနေတွေ အတွက် ဒီ စစ်ဆေးချက်က တိကျမှု မရှိလို့ အဲဒီလို ရောဂါတွေကို ရောဂါအမည် သတ်မှတ်ဖို့ Cold agglutinins ကို စစ်ဆေးလေ့ မရှိပါဘူး။
Cold agglutinins စစ်ဆေးချက် မလုပ်ခင် ဘာမှ ကြိုတင် လုပ်ဆောင်ထားစရာ မလိုပါဘူး။
ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ –
အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့အတွက် အနည်းငယ် တင်းကျပ်တဲ့ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့ အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။
ထိုးပြီး မိနစ် ၂၀၊ ၃၀ အကြာမှာ ဂွမ်းစ၊ ကပ်ထားတဲ့ ပလာစတာ (tape) ကို ခွာနိုင်ပါတယ်။ စစ်ဆေးချက် အဖြေရဖို့ ရက်သတ်မှတ် ပေးလိုက်ပါလိမ့်မယ်။ အဖြေရတဲ့ အခါ ဆရာဝန်က ဒီအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ ဆရာဝန် ပြောတဲ့အတိုင်း လိုက်နာသင့်ပါတယ်။
Cold agglutinins စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး မေးစရာအချက်တွေ ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
အောက်မှာ ဖော်ပြမယ့် ပုံမှန်တန်ဖိုးတွေက – ဒီတန်ဖိုးတွေက ဓါတု စစ်ဆေးခန်း တစ်ခုနဲ့တစ်ခုကြားမှာ ကွာခြားချက် ရှိနိုင်ပါတယ်။ သင် စစ်ဆေးထားတဲ့ ဓါတုစစ်ဆေးခန်းက ပုံမှန် ရလဒ်အဖြေထဲမှာ သင့်စစ်ဆေးချက် အဖြေက ရှိနေသင့်ပါတယ်။ ဒါ့အပြင် သင့်ဆရာဝန်ကလည်း သင့်ကျန်းမာရေး အခြေအနေနဲ့ တခြား အချက်အလက်တွေပေါ် မူတည်ပြီး သင့်စစ်ဆေးချက် အဖြေကို တွက်ချက်ပေးပါလိမ့်မယ်။ ဆိုလိုတာက ဒီမှာ ဖော်ပြထားတဲ့ ပုံမှန် ရလဒ်တန်ဖိုးနဲ့ အနည်းငယ် ကွာဟနေပေမယ့်လည်း သင့်အတွက်နဲ့ သင်စစ်ဆေးထားတဲ့ ဓါတုစစ်ဆေးခန်း အတွက်တော့ ပုံမှန်ဖြစ်နေနိုင်ပါတယ်။
ပုံမှန် ရလဒ်တန်ဖိုး – ၁ အချိုး ၁၆ အောက် နည်းတယ်။ (အပူချိန် ၄ ဒီဂရီ ဆဲစီးရပ်စ်)
Cold agglutinins များနေခြင်းက mycoplasma ကြောင့်ဖြစ်တဲ့ အဆုတ်ယောင်ခြင်း (နမိုးနီးယား) ကဲ့သို့ ရောဂါပိုးဝင်ခြင်း၊ Mononucleosis ၊ အသည်းရောင် C ပိုး၊ သို့မဟုတ် တခြား ဗိုင်းရပ်ပိုးများ ဝင်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Cold agglutinins များနေပါက အအေးဓါတ်နဲ့ ထိတွေ့တဲ့အခါ ရောဂါလက္ခဏာတွေ ပြနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေမှာ – လက်ချောင်းထိပ်၊ ခြေချောင်းထိပ်၊ နားရွက်၊ နှာခေါင်းတွေမှာ ထုံနေခြင်း၊ လောင်ကျွမ်းနေသလို ခံစားရခြင်း၊ နာကျင်ခြင်း၊ အရေပြားအရောင် ဖျော့တော့ နေခြင်းတို့ ပါဝင်ပါတယ်။ ပုံမှန်ထက် ပမာဏ အရမ်းများ နေပါက အအေးဓါတ်နဲ့ ထိတွေ့တဲ့အခါ သွေးခဲတာတွေ ဖြစ်နိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။
ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး Cold agglutinins ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။