အဓိပ္ပါယ်ဖွင့်ဆိုချက်
Clonidine Suppression Test
သွေးတိုးရှိသူ၊ သွေးတွင်း catecholamine ဟော်မုန်းများသူ သို့ ဆီးတွင်း catecholamine အကြွင်းအကျန်များသူ တွေမှာ pheochromocytoma (ကျောက်ကပ်အပေါ်တွင်ကပ်နေသော adrenal ဂလင်းတွင် အကျိတ်ရှိခြင်း) ရောဂါဖြစ်နိုင်ချေကိုသိရဖို့ သုံးတဲ့ စစ်ဆေးမှုတစ်ခုပါ။
Clonidine ဟာ သွေးတိုးသမားတွေအတွက်သုံးတဲ့ ဆေးတစ်မျိုးဖြစ်တယ်။ ဦးနှောက်ကိုသက်ရောက်ပြီး ခန္ဓါကိုယ်ရဲ့ adrenal ဂလင်းကိုလှုံ့ဆော်ခြင်းကို အားနည်းစေတယ်။ ဒါကြောင့် adrenal ဂလင်းကနေထုတ်တဲ့ catecholamines နဲ့ metanephrines ဟော်မုန်းထွက်ခြင်းကို နည်းစေပါတယ်။
ဘယ်အချိန်စစ်ဆေးလေ့ရှိလဲ
အကြောင်းအရင်းအမျိုးမျိုးဖြစ်နိုင်တယ်။
- သွေးတွင်း catecholamine ဟော်မုန်းတက်နေခြင်းဟာ adrenal ဂလင်းအကျိတ်ကြောင့်လား၊ တခြားပြင်ပမှ ဟော်မုန်းရခြင်းကြောင့်လား ခွဲခြားရန်။
- တကယ်လို့ မြင့်တက်နေတဲ့ဟော်မုန်းဟာ ဤစစ်ဆေးမှုအတွက်သက်မှတ်ထားတဲ့ ဟော်မုန်းပမာဏအမြင့်ဆုံးရဲ့ လေးဆထက် နည်းနေသေးပါက adrenaဂလင်းအကျိတ်ဖြစ်တဲ့ Pheochromocytoma သို့ parahanglioma ရောဂါဖြစ်နိုင်ချေများပါတယ်။
- pheochromocytoma သွေးတွင်း သို့ ဆီးတွင်း အတွက်စစ်ဆေးခြင်း နှစ်ခုလုံးအဖြေတူမနေပါက ဒီစစ်ဆေးမှုမလုပ်သင့်ပါဘူး။
ပုံမှန်သွေးတွင်း metanephrine နဲ့ normetanephrine ရှိသူအတွက် စစ်ရန်မလိုပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။