backup og meta

Bunion Surgery (ဘူနီယွန် ခြေမရိုးခွဲစိတ်မှု )

Bunion Surgery(ဘူနီယွန် ခြေမရိုးခွဲစိတ်မှု) ဆိုတာဘာလဲ

Bunion Surgery ဆိုတာ Bunion ကြောင့် ဖိအားတွေ၊ နာကျင်မှုတွေဖြစ်တဲ့အခါ ဖယ်ပစ်ဖို့လုပ်တဲ့ ခွဲစိတ်မှုတစ်ခုပါ။ Bunion ဆိုတာ ခြေထောက်အပေါ်ဘက်၊ ခြေမအောက်ခြေမှာ ခြေမရိုးပုံယိုယွင်းသွားပြီး ရောင်ရမ်းနာကျင်နေခြင်းကိုခေါ်ပါတယ်။ ထိုခွဲစိတ်မှုက ခြေမကိုပြန်ဆန့်ပေးပြီး ခြေချောင်းတွေကိုသာမန် ရှူးဖိနပ်တွေနဲ့တော်အောင် ပြန်လုပ်ပေးနိုင်ပါတယ်။

Bunions များဖြစ်ရခြင်းအဓိကအကြောင်းကတော့ ရှူးဖိနပ်တွေက ခြေမအတွက်လုံလောက်အောင် မကျယ်တာကြောင့်ဖြစ်တယ်။ ဒါကြောင့်ခြေမကပုံမှန်နေရာမှာမနေနိုင်တော့ဘဲ ရောင်ရမ်းလာခြင်းဖြစ်တယ်။ တခါတရံမှာ ထိုရောဂါက ခြေမအခြေမှာ အရိုးအဆစ်ရောင်ခြင်းနဲ့ပါတွဲဖြစ်တတ်ပါတယ်။

ဘာကြောင့်ထိုခွဲစိတ်မှုလုပ်ရတာလဲ

ထို Bunion ခြေမရိုးပုံယွင်းခြင်းအများစုဟာ ခွဲစိတ်စရာမလိုပဲ ကုသလို့ရပါတယ်။ ဒါပေမယ့် မခွဲစိတ်ဘဲမသက်သာဘူးဆိုရင်တော့ နာကျင်မှုပျောက်ဖို့နဲ့ ခြေထောက်ပုံယွင်းနေမှုကိုပြင်ဖို့ ခွဲစိတ်ရပါလိမ့်မယ်။ ခွဲစိတ်မှုကိုများသောအားဖြင့်-

  • မခွဲစိတ်ဘဲနာကျင်မှုမသက်သာတော့တဲ့အခါ
  • လမ်းလျှောက်ခြင်း ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ ခက်ခဲနေပြီဆိုရင်

လုပ်လေ့ရှိပါတယ်။

ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ

ထိုခြေထောက်ခွဲစိတ်မှုလုပ်ဖို့လေ့လာရင် ရိုးရှင်းတဲ့ခွဲစိတ်မှုနဲ့ ခြေထောက်ကိုလုံးဝအကောင်းပကတိဖြစ်အောင် ခွဲပေးနိုင်တယ်ဆိုတဲ့ ကြော်ငြာတွေကိုသတိထားပါ။ ဒါတွေကမှားပါတယ်။ ခွဲစိတ်မှုရဲ့အဓိကရည်ရွယ်ချက်က နာကျင်မှုသက်သာပြီး အရိုးပုံစံယွင်းနေမှုကိုအတတ်နိုင်ဆုံး ပြင်ပေးဖို့ပါ။ လုံးဝအကောင်းအတိုင်းပြင်လို့မရနိုင်ပါဘူး၊ ဒါကလှဖို့ပဖို့အတွက်ပြင်တဲ့ ခွဲစိတ်မှုမျိုးမဟုတ်ဘူးလေ။

ခွဲစိတ်ပြီးတဲ့အခါကျပ်တဲ့ရှူးဖိနပ်တွေစီးလို့မရပါဘူး၊ တကယ်က တသက်လုံးမစီးသင့်တဲ့ ရှူးဖိနပ်တွေရှိပါတယ်။ ကောင်းကောင်းတော်မယ့်ဖိနပ်မျိုးသာရွေးပါ။

ထို Bunion အခြေအနေတွေက ကြပ်လွန်းတဲ့ဖိနပ်တွေစီးလို့ဆိုတာ မမေ့ပါနဲ့။ တကယ်လို့ထိုကဲ့သို့ဖိနပ်တွေဆက်စီးနေရင် ပြန်ဖြစ်ဦးမှာပါပဲ။

ခွဲစိတ်မှုကနေဖြစ်နိုင်ချေရှိတာတွေကတော့-

  • နာကျင်မှု
  • သွေးထွက်မှု
  • ရောဂါပိုးဝင်မှု
  • အမာရွတ်
  • သွေးခဲမှု
  • ဆီးမသွားနိုင်မှု တို့ဖြစ်တယ်။

နောက်ထပ် သတ်သတ်မှတ်မှတ်ဖြစ်တဲ့ ပြဿနာတွေက-

  • အာရုံကြောထိခိုက်ခြင်း
  • အရိုးဒဏ်ရာကျက်မှုပြဿနာများ
  • ခြေမမလှုပ်နိုင်တော့ခြင်း
  • အလွန်အမင်းနာကျင်ခြင်း၊ တောင့်တင်းခြင်း၊ ခြေထောက်မလှုပ်နိုင်တော့ခြင်း
  • ခြေဖဝါးနာကျင်ခြင်း
  • ရောဂါပြန်ဖြစ်ခြင်း တို့ဖြစ်တယ်။

မခွဲစိတ်ခင်ဖြစ်နိုင်ချေရှိတဲ့အရာတွေသိထားသင့်ပါတယ်။ တကယ်လို့သိချင်တာရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်သင့်တယ်။

ဘယ်လိုပြင်ဆင်ထားရမလဲ

မခွဲစိတ်ခင်မှာ မှီဝဲနေတဲ့ဆေးတွေရှိပါက ဆရာဝန်ကိုပြောပြပါ။ ဘယ်ဆေးတွေရပ်သင့်တယ် မရပ်သင့်ဘူးပြောပါလိမ့်မယ်။

သွေးစစ်ဆေးမှု၊ ဆီးစစ်မှု၊ ECG ၊ ဓါတ်မှန်၊ ခြေထောက်အထူးပြုဓါတ်မှန် တွေလုပ်ခိုင်းနိုင်ပါတယ်။

ခွဲစိတ်နေစဉ်ဘာတွေဖြစ်လာနိုင်လဲ

မေ့ဆေးအမျိုးမျိုးရှိပါတယ်။

ခွဲစိတ်မှုဟာ မိနစ် ၃၀ လောက်ကြာတတ်ပါတယ်။

ခွဲစိတ်နည်းပုံစံအမျိုးမျိုးရှိပြီး ရောဂါအခြေအနေနဲ့ ယုံစံယိုယွင်းမှုပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။

ခွဲစိတ်ဆရာဝန်က ဝိုင်ယာကြိုး၊ စကူ၊ အပ်၊ သံချောင်းများသုံးကာ အရိုးကိုနေရာတကျဖြစ်အောင် ထိန်းပါလိမ့်မယ်။ ခွဲစိတ်မှုပေါ်မူတည်ပြီး ခြေထောက်မှာဆက်ထားရမလား၊ ပြီးရင်ဖယ်ပစ်ရမလား ဆရာဝန်ဆုံးဖြတ်ပါလိမ့်မယ်။

တွေ့ရများတတ်တဲ့ခွဲစိတ်မှုတချို့ကတော့-

  • Osteotomy : များသောအားဖြင့်သုံးတတ်တဲ့ ခွဲစိတ်မှုပါ။ ခြေမရိုးကနေထွက်လာတဲ့ အရိုးပိုင်းကိုဖယ်ပစ်ပြီး ခြေမရိုးများကိုနေရာတကျပြန်ထားပေးပါလိမ့်မယ်။
  • Arthrodesis : ဒီခွဲစိတ်မှုမျိုးမှာတော့ ခြေမရိုးကို တခြားခြေချောင်းရိုးတွေ၊ ခြေထောက်ရိုးတွေနဲ့တွဲပစ်လိုက်ပါတယ်။ ဒီခွဲစိတ်မှုမျိုးက ယုံစံယိုယွင်းမှုအခြေအနေဆိုးတဲ့ လူနာတွေမှာလုပ်လေ့ရှိပါတယ်။
  • Excision Arthroplasty: ထိခိုက်သွားတဲ့အဆစ်နေရာကိုဖယ်ပစ်ပြီး တစ်သျှူးအမာတွေနဲ့ အဆစ်တုတစ်ခုဖန်တီးပေးပါလိမ့်မယ်။

တကယ်လို့သိချင်တာ၊ စိတ်ပူတာရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

ခွဲစိတ်ပြီးတဲ့အခါဘာဖြစ်မှာလဲ

ခွဲစိတ်တဲ့နေ့ ဒါမှမဟုတ် နောက်တစ်နေ့မှာပဲ အိမ်ပြန်နိုင်မှာပါ။

ခွဲစိတ်ပြီးပထမပတ်မှာ ရောင်ရမ်းမှုကိုသက်သာစေဖို့ ခြေထောက်တွေကိုမြှောက်တင်လေ့ကျင့်သင့်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ပုံမှန်လှုပ်ရှားမှုတွေလုပ်နိုင်ဖို့ကူညီပေးပါလိမ့်မယ်။ မလုပ်ခင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။

ရောင်ရမ်းမှုသက်သာပြီး ရှူးဖိနပ်အပျော့လေးတွေစီးနိုင်ဖို့က ခြောက်ပတ်နဲ့အထက်ကြာနိုင်ပါတယ်။

များသောအားဖြင့်တော့ ခွဲစိတ်ပြီးခြောက်လလောက်ထိ ရှူးဖိနပ်တွေမစီးနိုင်လောက်ပါဘူး။ ခွဲစိတ်ရာကိုမထိခိုက်ဘဲ သွားလာရအဆင်ပြေအောင် ပတ်တီးဖြစ်ဖြစ် အထူးဖိနပ်ပုံစံတစ်မျိုးဖြစ်ဖြစ်စည်းပေးထားပါလိမ့်မယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Bunion Removal. http://www.healthline.com/health/bunion-removal. Accessed July 16, 2016.
Bunion Surgery. http://www.webmd.com/skin-problems-and-treatments/bunion-surgery. Accessed July 16, 2016.
Bunion Surgery. http://orthoinfo.aaos.org/topic.cfm?topic=a00140. Accessed July 16, 2016.

ယခုပုံစံ

06/08/2017

Dr.Aye Myat Myat Noe မှ ရေးသားသည်။


ဆက်စပ် အကြောင်းအရာများ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်အတွက် အကူအညီများ ရယူရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/08/2017 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement