ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hyponatremia (ဆိုဒီယမ်နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆိုဒီယမ်နည်းခြင်းကို သွေးတွင်းဆိုဒီယမ်လယ်ဗယ် တိုင်းတာခြင်းဖြင့် အတည်ပြုနိုင်ပါသည်။ ဆိုဒီယမ်နည်းခြင်း၏ အောက်ခံအကြောင်းရင်းကိုတော့ ရှာရခက်ပါသည်။ ဆရာဝန်မှ သင်၏ရောဂါရာဇဝင်၊ လက်ရှိကျန်းမာရေးအခြေအနေနှင့် လတ်တလောသုံးနေသည့် ဆေးဝါးများကိုမေးမြန်းပါလိမ့်မည်။ ထို့အပြင် တစ်ချို့သော စစ်ဆေးချက်များကိုလည်း ပြုလုပ်ရန်ပါလိမ့်မည်။ ဥပမာ ခန္ဓါကိုယ်အတွင်းမှအရည်ပမာဏ၊ သွေးပြင်းအားနှင့် ဆီးတွင်ပါသောပစ္စည်းများကို တိုင်းတာရန် ဆီးစစ် သွေးစစ်ပြုလုပ်ရနိုင်ပါသည်။
Hyponatremia (ဆိုဒီယမ်နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ
ဤအခြေအနေအား ကုသရခြင်းမှာ အောက်ခံအဓိကအကြောင်းရင်းကို ဦးတည်ရမည်ဖြစ်သည်။
- ရေသောက်ရပ်ထားခြင်း
- ဆီးဆေးပမာဏများချိန်ညှိခြင်း
- အောက်ခံအခြေအနေအား ကုသခြင်း
ပြင်းထန်သော ဆိုဒီယမ်နည်းခြင်းကတော့ အရေးပေါ်အခြေအနေဖြစ်သွားပါသည်။ ကုသရန်အတွက်မူ –
- ဆိုဒီယမ်အကြောဆေးချိတ်ခြင်း
- ခေါင်းကိုက်၊ ပျို့အန်၊ တက်ခြင်းများအတွက် ဆေးများ
သွေးတွင်းဆိုးဒီယမ်အား တဖြည်းဖြည်းချင်း တိုးပေးရမည်ဖြစ်သည်။ အလျင်အမြန်တိုးခြင်းက ပြင်းထန်သောရလဒ်များကို ဖြစ်ပွားစေပြီး မကြာခဏဆိုသလို ဦးနှောက်ထာဝရပျက်စီးမှုကို ဖြစ်စေပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆိုဒီယမ်နည်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆိုဒီယမ်နည်းခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
- ဆက်စပ်သောအခြေအနေများကိုကုသပါ။ ဆိုဒီယမ်နည်းခြင်းကိုဖြစ်စေသော အခြေအနေများဖြစ်သော ဒရီနယ်ဂလင်းမလုံလောက်ခြင်းလိုအခြေအနေအား ကုသခြင်းအား သွေးတွင်းဆိုဒီယမ်နည်းခြင်းကို ကာကွယ်နိုင်ပါသည်။
- မိမိကိုယ်ကို ရောဂါအကြောင်းပိုသိပါစေ။ ဆိုဒီယမ်နည်းခြင်းကိုဖြစ်စေနိုင်သည့် ရောဂါရှိနေလျှင် သို့မဟုတ် ဆီးဆေးများသောက်နေရလျှင် ဆိုဒီယမ်အားနည်းခြင်း လက္ခဏာများကို သတိပြုပါ။ ဆေးအသစ်စတိုင်း ဆရာဝန်နှင့် အမြဲဆွေးနွေးပါ။
- အလွန်အမင်းလှုပ်ရှားမှုပြုလုပ်ရလျှင် သတိနှင့်လုပ်ပါ။ အားကစားသမားများသည် ပွဲအတွင်းချွေးထွက်သလောက်သာ အရည်ကို သောက်သင့်သည်။ ရေငတ်မှုကိုကြည့်ပြီး လိုအပ်သလောက် အရည်ပမာဏကို သောက်နိုင်ပါသည်။
- လှုပ်ရှားမှုများလုပ်နေချိန်တွင် အားကစားဆိုင်ရာ အချိုရည်များကိုသောက်ရန်စဉ်းစားပါ။ မာရသွန်လို တာရှည်ပြေးပွဲများ အလွန်အမင်း လှုပ်ရှားရမှုများတွင်ပါရမည်ဆိုပါက ရေအစား လျှပ်ကူးသတ္တုဓါတ်များပါသော အားကစားဆိုင်ရာ အချိုရည်များသောက်ရန် ဆရာဝန်နှင့် ဆွေးနွေးကြည့်ပါ။
- ရေးကိုအထိန်းနှင့်သောက်ပါ။ ရေသောက်ခြင်းသည် ကျန်းမာရေးအတွက် အဓိကကျပြီး လုံလောက်စွာသုံးရမည်ဖြစ်သည်။ သို့သော် လိုသည်ထက်မပိုရပါ။ တစ်နေ့တာတွင် အမျိုးသမီးတစ်ယောက်သည် ၂.၂လီတာ သောက်နိုင်ပြီး အမျိုးသားသည် ၃ လီတာသောက်နိုင်ပါသည်။ ရေငတ်ခြင်းနှင့် ဆီးအရောင်သည် ရေဘယ်လောက်သောက်ရမည်ကို သိနိုင်သော အချက်ပြများဖြစ်ပါသည်။ ရေမဆာဘူး၊ ဆီးလဲအဝါဖျော့ဖျော့ဆိုပါက ရေလုံလောက်စွာသောက်ထားကြောင့် သိနိုင်ပါသည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။