အဓိပ္ပါယ်ဖွင့်ဆိုချက်
Hand, Foot, And Mouth Disease (လက်၊ခြေထောက် နှင့် ပါးစပ်ရောဂါဆိုတာဘာလဲ) ကဘာလဲ။
လက်၊ခြေထောက်နှင့် ပါးစပ်ရောဂါ သို့မဟုတ် HFMD ဆိုသည်မှာ မတူညီ သော ဗိုင်းရပ်စ် များကြောင့် ဖြစ်သော ကူးစက်တတ် သော ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းသည် ကလေးငယ်များတွင် အဓိက ဖြစ်ပွားသည်။ ပါးစပ်တွင် သွေးစုနာပေါက်ခြင်း၊ လက် နှင့် ခြေထောက်များတွင် အဖုအပိမ့်များထွက်ခြင်းတို့ ဖြစ်သည်။ ဤရောဂါသည် မပြင်းထန်ပါ။ သီးခြားကုသမှု မလိုအပ်ပါ။ ၂ပတ်အတွင်း ပျောက်ကင်းသွားလေ့ ရှိသည်။ သို့သော်လည်း အချို့ကိစ္စများတွင် ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ပိုလီယို စသော ပြင်းထန်သော ဆိုးကျိုး များကို ဖြစ်စေနိုင်သည်။ သေဆုံးသည်အထိ ဆိုးရွားနိုင်သည်။