backup og meta

နေ့လယ်နေ့ခင်းငိုက်မျဉ်းမှုကို ဘယ်လို အနိုင်ယူမလဲ

နေ့လယ်နေ့ခင်းငိုက်မျဉ်းမှုကို ဘယ်လို အနိုင်ယူမလဲ

ကျွန်ုပ်တို့အားလုံးအတွက် တူညီသည့်အချက်က မနက်ခင်းတွင် ရွှင်လန်းတက်ကြွပြီး အင်တာနက်မှ ပေးစာများစစ်ခြင်း၊ လုပ်ကိုင်ရမယ့်အလုပ်များကို စစ်ခြင်းဖြင့် ကုန်ဆုံးတတ်သော်လည်း နေ့လယ်ခင်း ၂ နာရီခန့်လောက်တွင်တော့ ဒီတက်ကြွမှုများကုန်ခမ်းပြီ ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်းဘက် ငိုက်မျဉ်းမှုက ရုံးဝန်ထမ်းများဖြစ်လေ့ရှိတဲ့ ဖြစ်စဉ်တစ်ခုပါ။ နေ့လယ်နေ့ခင်းငိုက်မျဉ်းမှုကို ဘယ်လို အနိုင်ယူမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

နေ့လယ်နေ့ခင်းငိုက်မျဉ်းမှုကို ဘယ်လို အနိုင်ယူမလဲ

နေ့လယ်နေ့ခင်းငိုက်မျဉ်းမှုကို ဘယ်လို အနိုင်ယူမလဲ ဆိုတော့

(၁) လမ်းလျှောက်ပါ

သင်ထိုင်နေတဲ့ ခုံမှထပြီး ၁၅ မိနစ်ခန့် လမ်းလျှောက်ရင်း စကားစမြည်ပြောပါ။ ၁ နာရီရဲ့ ကျန်ရှိတဲ့ ၄၅ မိနစ်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့  ဒီ ၁၅ မိနစ်ကို မနှမြောသင့်ပါ။ သင့်ကိုယ်သင် ရွှင်လန်းတက်ကြွအောင်နေပြီး  ပျင်းရိနုံးခွေခြင်းကို အနိုင်ယူပါ။ ငုတ်တုတ်ထိုင်ပြီး မလုပ်ချင်လုပ်ချင်နဲ့ အတင်းအားစိုက်မနေဘဲ လမ်းလျှောက်လိုက်ပါ။

(၂) သင့်ဦးနှောက်ကို အလုပ်ပေးပါ

သင့်ဦးနှောက်က လက်ရှိအလုပ်လုပ်နေရင်း စွမ်းရည်ကျလာပြီဆိုရင် သင့်ဦးနှောက်ကို အခြားအလုပ်ပြောင်းခိုင်းပါ။ နောက်တစ်ပတ်ရုံးတက်ရင် သင်လုပ်ရမည့်အလုပ်များကို ကြိုတင်စဉ်းစားပါ။ အချို့ကို ဖြည့်စွက်ပါ။ အင်တာနက်၊ စမတ်ဖုန်းတို့ရဲ့ အကူအညီနဲ့ လုပ်ကိုင်ဖွယ်ရာများကို ရေးချမှတ်သားလိုက်ပါ။

(၃) အချဉ်စားလိုက်ပါ

ချဉ်တဲ့အရသာက သင့်ကိုအိပ်ငိုက်မှုမှ နိုးထစေပါတယ်။ သံပရာ၊ လိမ္မော်တို့မှရတဲ့ ချဉ်ဖြုံးတဲ့ အနံ့ကတောင် သင့်ကိုလန်းဆန်းအားပြည့်စေပါလိမ့်မယ်။ ရနံ့ကုထုံးများနဲ့ ပတ်သက်တဲ့ သုတေသနများမှာ စူးရှတဲ့ ရနံ့က စိတ်အာရုံကို နှိုးဆွပေးပြီး စိတ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် နေ့လည်နေ့ခင်းဘက်တွင် အသုံးပြုနိုင်ပါတယ်။

(၄) ကိုယ်နေဟန်ထားကို ပြင်ဆင်ပါ

လျော့တိလျော့ရဲ ထိုင်နေရင် အလိုလို အိပ်ငိုက်လာနိုင်ပါတယ်။ ဒါ့ပြင် တစ်နေ့တာလုံး ၈ နာရီကျော်ကြာ ထိုင်ပြီး အလုပ်လုပ်ရတဲ့အတွက် မျက်လုံး ညောင်းခြင်း၊ လက်ချောင်းနဲ့ ကျောကုန်းတို့ ညောင်းညာခြင်း ဖြစ်နိုင်တဲ့အပြင် စနစ်တကျမထိုင်ပါက ကျောရိုးဆစ်များ လွဲခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို သင့်တင့်တဲ့ ကိုယ်နေဟန်ထား ရှိပြီး ကြွက်သားများ ပြေလျော့စေဖို့ သင်ထိုင်နေတဲ့ ခုံမှာပဲ ယောဂကျင့်စဉ် အချို့ကို ကျင့်သုံးပါ။ တည့်မတ်တဲ့ ကိုယ်နေဟန်ထားက စွမ်းအင်ကို တိုးမြင့်စေပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုမိုတိုးစေနိုင်သည်ဟု သုတေသန တစ်ခုက ဆိုပါတယ်။

(၅) အစာစားပေးပါ

စွမ်းအင်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြည့်စေနိုင်တဲ့ နည်းက အစာစားခြင်း ဖြစ်ပါတယ်။ သင့်စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အစေ့အဆန် လက်တစ်ဆုပ် (သို့မဟုတ်) သကြားလုံး တစ်လုံး စားပေးပါ။ အညိုရောင်ချောကလက်မှာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့ပြင်  ကဖင်းဓာတ်လည်း ပါဝင်တာကြောင့် စိတ်ကိုလန်းဆန်းစေပါတယ်။

(၆) အလုပ်စားပွဲကို ရှင်းလင်းသပ်ရပ်စွာထားပါ။

ရှုပ်ပွနေတဲ့ စားပွဲက သင်အလုပ်များကြောင်း၊ ကြိုးစားကြောင်း သက်သေ ဖြစ်ပေမယ့် ဒီအရှုပ်အထွေးက သင်ရဲ့ ဖန်တီးနိုင်စွမ်းကို ကျစေပါတယ်။ နာမည်ကျော် သိပ္ပံပညာရှင် Albert Einstein က “ ရှုပ်ပွနေတဲ့စားပွဲဟာ ရှုပ်ထွေးနေတဲ့စိတ်ရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ ဒါဆို ပြောင်ရှင်းနေတဲ့ စားပွဲက ဘာလက္ခဏာလဲ။” (စိတ်မှာ ရှင်းလင်းနေတဲ့အတွက် ဖန်တီးမှု ပြုလုပ်ရန် လွယ်ကူတယ်လို့ ဆိုလိုတာပါ။)

မလိုအပ်တဲ့ အရာများကို ဖယ်ရှားလိုက်ပါ။ အစီအစဉ်တကျ သပ်ရပ်တဲ့ သင့်စားပွဲက သင့်အလုပ်အကိုင်နဲ့ ရည်မှန်းချက်များကို ပြည့်မီအောင် အားထုတ်ဖို့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

18 Tricks to Beat the Afternoon Slump at Work. http://www.rd.com/health/wellness/13-ways- to-beat-the-afternoon- slump-at- work/. Accessed September 30, 2016.

22 Ways to Beat the Afternoon Slump. http://greatist.com/happiness/boost-energy- midday. Accessed
September 30, 2016.

8 Super-Productive Ways to Beat the Afternoon Slump. https://www.themuse.com/advice/8-superproductive-ways- to-beat- the-afternoon- slump. Accessed September 30, 2016.

11 Caffeine-Free Ways To Beat Your Midday Slump. http://www.huffingtonpost.com/2014/12/15/11-ways-to- beat-that- pesk_n_6296550.html. Accessed September 30, 2016.

When To Say Yes To The Messy Desk. http://www.forbes.com/sites/davidburkus/2014/05/23/when-to-say- yes-to- the-messy- desk/#1daa3037526d. Accessed September 30, 2016.

 

ယခုပုံစံ

12/10/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွေကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement