အမျိုးသားအမျိုးသမီး- အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ၂ဆပိုများပါတယ်။
လူမျိုးနဲ့နေထိုင်ရာဒေသ- မြောက်ပိုင်းဥရောပလူဖြူများသို့ စကန်ဒီနာဗီယန်မျိုးနွယ်တွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
polymyalgia rheumatic- ဒီလူနာမှာ သွေးကြောရောင်နိုင်ချေပိုများပါတယ်။
မိသားစုရာဇဝင်- တစ်ခါတစ်လေမှာ မျိုးရိုးလိုက်တ်တ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သွေးအတွင်း ဟီမိုဂလိုဘင်သို့ အောက်ဆီဂျင်သယ်ေပေးတဲ့ပရိုတိန်းပမာဏကို တိုင်းတာခြင်း
သွေးနီဥဆဲလ်ရာခိုင်နှုန်းကို တိုင်းတာခြင်း
အသည်းကောင်းကောင်းအလုပ်လုပ်မလုပ်စစ်ဆေးခြင်း
အချိန်တစ်နာရီကျော်ကြာပြီးနောက် စမ်းသပ်ဖန်ပြွန်အောက်ခြေမှာ သွေးနီဥတွေဘယ်လောက်မြန်မြန်အနည်ထိုင်လာလဲဆိုတာကို တိုင်းတာခြင်းဖြစ်ပါတယ်။ အီအက်စ်အာဂဏန်းမြင့်နေခြင်းက ခန္ဓါကိုယ်အတွင်းရောင်ရမ်းခြင်းရှိနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။
အသည်းကနေထုတ်လုပ်တဲ့ ပရိုတိန်းကို တိုင်းတာခြင်းဖြစ်ပါတယ်။ တစ်ရှူးတွေထိခိုက်ပျက်စိးတဲ့အခါမှာ သွေးထဲကိုရောက်လာပါတယ်။ ပမာဏများနေခြင်းက ခန္ဓါကိုယအတွင်း ရောင်ရမ်းခြင်းရှိနေပြီလို့ ရည်ညွှန်းပါတယ်။
အသားစထုတ်ယူခြင်း-အကောင်းဆုံးနည်းလမ်းကတော့ နားထင်သွေးလွှတ်ကြောအသားစယူခြင်း ဖြစ်ပါတယ်။
Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒိအခြေအနေကြောင့် သွေးစီးဆင်းမှုမလုံလောက်ခြင်းကနေ တစ်ရှူးတွေပျက်စီးခြ်ငးကိ ုလျှော့ချနိုင်ဖို့နည်းနိုင်သမျှနည်းနိုင်အောင်သာ ရည်ရွယ်ပါတယ်။
သံသယရှိနေမယ်ဆိုရင် ရောဂါအဖြေရှည်အတည်ပြုမရသေးဘဲနဲ့တောင် ကုသမှုကချက်ချင်းစသင့်ါပတယ်။ အဖြေရှာအတည်ပြုပြီးပြီဆိုရင် ကော်တီကိုစတီးရွိုက်သောက်ဆေးပေးသင့်ပါတယ်။
ကော်တီကိုစတီးရွိုက်ကြောင့် အောက်ပါအခြေအနေ ကျန်းမာရေးူပြဿနာတွေဖြစ်စေနိုင်ပါတယ်
အရိုးပါးခြင်းအရိုးပွခြင်း
သွေးတိုးခြင်း
ကြွက်သားအားနည်းခြင်း
ရေတိမ်
အတွင်းတိမ်
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်ခြင်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
ပုံမှန်ကျန်းမားရေးစစ်ဆေးမှုခံယူခြင်း- ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတေနဲ့ နောက်ဆက်တွဲပြဿနာတွေကို စစ်ဆေးဖို့ ဆရာဝန်နဲပတွေ့ဆုံသင့်ပါတယ်။
အက်စပရင်- အက်စပရင်၇၅ကနေ၁၅၀မီလီဂရမ်အကြားနေ့စဉ် မှီဝဲခြင်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ နေ့စဉ်အက်စပရင်ပမာဏနည်းနည်းမှီဝဲခြင်းက မျက်လုံးကန်းခြင်းနဲ့လေသင်တုန်းဖြတ်ြင်းဖြစ်နိုင်ချေကို နည်းစေပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။