Gaucher’s disease ကို ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ရောဂါလက္ခဏာတွေ၊ ထိလိုက်အနာတရ ဖြစ်တာတွေ၊ ဘဝအခြေအနေ စတာတွေ ကို ထိန်းချုပ်ဖို့ အတွက် အထောက်အကူဖြစ်စေမယ့် ကုထုံးတွေတော့ရှိပါတယ်။ တချို့မှာတော့ ကုထုံးမလိုတဲ့ ရိုးရိုး လက္ခဏာ တွေ ရှိတတ်ပါတယ်။
Gaucher’s disease ဖြစ်ပွားနေတဲ့ သူတွေမှာ အောက်ပါ ဆေးကုသမှု နည်းလမ်းတွေ စတင်ပြီးပြီးချင်းမှာ ပဲ အခြေအနေ တိုးတက်ပြောင်းလဲလာတာ တွေ့နိုင်ပါတယ်။
- အင်ဇိုင်းများ အစားထိုးခြင်း – ချို့တဲ့ နေတဲ့ အင်ဇိုင်းတွေကို လူတွေ ပြုပြင်ဖန်တီးထားတဲ့ အင်ဇိုင်းတွေ နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ လူနာရဲ့ သွေးပြန်ကြောထဲကို အင်ဇိုင်းတွေ ထည့်ပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့် ၂ ပတ်တာ အချိန်အတွင်းမှာ ဆေး အကြိမ်ရေများများ တော့ ရှိပါတယ်။ ကုသမှု ခံယူတဲ့ လူတွေဟာ အင်ဇိုင်းနဲ့ မတည့်တာ မျိုး ၊မကြာခဏ ဖြစ်လေ့ရှိပါတယ်။
- ပြဿနာ ဖြစ်စေတဲ့ အရာတွေ ထုတ်လုပ်ခြင်းကို ပိတ်ပင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ သောက်ဆေးတွေ ဖြစ်တဲ့ miglustat (Zavesca) နဲ့ eliglustat (Cerdelga) စတာတွေက Gaucher’s disease ခံစားရတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ အဆီတွေ စုပုံနေအောင် ထုတ်လုပ်ခြင်းကို ရပ်တန့်စေပါတယ်။
- အရိုးပွ၊ အရိုးအားနည်းခြင်းကို ကုသတာမျိုးလည်း လုပ်ပါတယ်။ ဒီကုသမှု နည်းလမ်းတွေက Gaucher’s disease ကြောင့် အရိုးအားနည်းနေတာကို ပြန်လည် တည်ဆောက်ဖို့ အထောက်အပံ့ပေးပါတယ်။
တကယ်လို့ ရောဂါလက္ခဏာတွေက ပြင်းထန်ပြီး လုံလောက်တဲ့ ကုသမှုမျိုး မရရှိဘူး ဆိုရင် ဆရာဝန်က အကြံပေးပါလိမ့်မယ်။
- ရိုးတွင်းခြင်ဆီ အစားထိုးခြင်း – ဒီနည်းလမ်းမှာ ဆိုရင် Gaucher’s disease ကြောင့် ထိခိုက်သွားတဲ့ ဆဲလ်တွေ (
သွေးတွေ ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေ) ကို ဖယ်ရှားပြီး ပြန်လည်အစားထိုးလိုက်ပါတယ်။ Gaucher’s disease ရဲ့ လက္ခဏာတွေကို ကုသပျောက်ကင်းစေနိုင်ပါတယ်။ အင်ဇိုင်းအစားထိုးကုသမှုထက် ဒီနည်းလမ်းကို လုပ်လေ့လုပ်ထ နည်းပါတယ်။
- သရက်ရွက် ဖယ်ထုတ်ခြင်း – အင်ဇိုင်းအစားထိုးမကုသခင်မှာ သရက်ရွက်ကို ဖယ်ထုတ်ခြင်းက အတွေ့ရအများဆုံး ကုသနည်း တစ်ခု ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီနည်းလမ်းကို နောက်ဆုံး နည်းလမ်းတစ်ခု အနေနဲ့ အသုံးပြုပါတယ်။
နေထိုင်မှုပုံစံ ပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှု ပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက Gaucher’s disease ကို ထိန်းချုပ်နိုင်သလဲ။
အောက်ပါ နေထိုင်မှု ပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေကို လိုက်နာမယ် ဆိုရင် Gaucher’s disease ကို ကုသဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
- Gaucher’s disease ကို ထိန်းချုပ်ဖို့ ဆေးသောက်ဖို့ တင်မက ပဲ လုပ်ရမှတွေအများရှိပါတယ်။ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် စားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ စိတ်ဖိအားလျှော့ချဖို့ နဲ့ အခြား နေထိုင်မှု ပုံစံတွေကလည်း ပိုကောင်းတဲ့ ဘ၀ ရရှိအောင် အထောက်အကူ ဖြစ်နိုင်ပါတယ်။
Gaucher’s disease ခံစားရသူချင်း တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ တချို့မှာတော့ သာမန် လက္ခဏာတွေပဲ ဖြစ်တတ်ပေမယ့် တချို့တွေမှာ ပြင်းထန်ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ သင် သို့မဟုတ် သင့်ကလေးက ရောဂါ ခံစားနေရမယ် ဆိုရင်တော့ မိသားစုနဲ့ သူငယ်ချင်းတွေ ဆီက နွေးထွေးတဲ့ မေတ္တာကို ရယူပါ။ သူတို့ရဲ့ အားပေးမှုတွေက ဝေဒနာတွေကို ရင်ဆိုင်နိုင်ပြီး ရောဂါ ပျောက်ကင်းစေတဲ့ အထိ အရေးပါပါတယ်။
ရောဂါအကြောင်း သိနိုင်သမျှ သိအောင် လုပ်ထားပါ။ များများသိလေလေ မကြောက်လေလေ ဖြစ်ပါတယ်။ Gaucher’s disease နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို ဖတ်ပါ။ ဆရာဝန်ကို သိချင်တာတွေ မေးပါ။ ဒီမှာဖော်ပြထားတဲ့ အချက်တစ်ချို့ က သင် သို့မဟုတ် သင့်ကလေးကို ကျန်းကျန်းမာမာ နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
နာကျင်မှု နဲ့ မောပန်းခြင်းတို့ကို ထိန်းချုပ်ခြင်း – Gaucher’s disease ကြောင့် အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။ အရိုးကြေလို့ ခေါ်တဲ့ နာကျင်မှုက ညဖက်တွေမှာ မခံရပ်နိုင်လောက် အောင် နာကျင်နေတတ်ပါတယ်။ ဘယ်လိုခံစားရတယ် ဆိုတာ ဆရာဝန်ကို ပြောပြပြီး သက်သာစေမယ့် နည်းလမ်းကို အကြံတောင်းကြည့်ပါ။ အင်ဇိုင်းအစားထိုးကုထုံး (ERT – enzyme replacement therapy) ကလည်း အကူအညီ ဖြစ်ပါလိမ့်မယ်။ သင် သို့မဟုတ် သင့်ကလေး အနေနဲ့ အနာပျောက်ဆေးတွေကိုလည်း သောက်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ့ ပမာဏ ကို အတိုးအလျော့ လုပ်ကြည့်ပြီး နာကျင်တဲ့ အခါကျရင်လည်း စိတ်လျှော့ထားပါ။
Gaucher’s disease ကြောင့် ဖြစ်ပေါ်တဲ့ နောက်ထပ် ပြဿနာ တစ်ခုက မောပန်းတာပဲ ဖြစ်ပါတယ်။ သွေးနီဥတွေ နည်းပါးတဲ့ အတွက်ဖြစ်ပေါ် တတ်တဲ့ သွေးအားနည်းခြင်းက မောပန်းလွယ်စေပါတယ်။ ဒီပြဿနာကို ထိန်းချုပ်ဖို့
- တစ်နေ့တာ အတွင်း ခဏခဏ အနားယူပါ။
- အလုပ်လုပ်တဲ့အခါ နည်းနည်းချင်းစီခွဲလုပ်ပါ။
- သူများဆီက အကူအညီယူပါ။
- အိပ်ရာစောစောဝင်ပါ။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
နာကျင်မှု နဲ့ မောပန်းမှု တို့ကြောင့် လမ်းလျှောက်တဲ့အခါ လှေကားတက်တဲ့ အခါ ခက်ခဲနေမယ်ဆိုရင် ကိုယ်ကာယ အထူးကုပညာရှင်ကို ပြပါ။ ခန္ဓါကိုယ်လှုပ်ရှားနိုင်အောင် အထောက်အကူ ပြုပေးမယ့် လေ့ကျင့်ခန်းတွေကို ပြသပေးပါလိမ့်မယ်။ သေချုာမရပ်နိုင်ဘူး ဆိုရင်လည်း ချိုင်းထောက်၊ ကြိမ်လုံး သို့မဟုတ် လမ်းလျှောက်အကူအညီ ရယူဖို့ ဆရာဝန်ကို ပြောပြပါ။
လေ့ကျင့်ခန်းလုပ်ပါ – မောပန်းနေပြီး မလှုပ်ချင်ရင်တောင်မှ ကျန်းကျန်းမာမာနေနိုင်အောင် ခန္ဓါကိုယ်က လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။
မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။