backup og meta

မော့တာလျှော့ကြစို့

မော့တာလျှော့ကြစို့

မော့တာလျှော့ကြစို့ ………… အရက်ကို နည်းနည်း စသောက်ရင်း စွဲမှန်း မသိ စွဲနေပြီလား။ နေ့တိုင်း မမော့ရ မနေနိုင် ဖြစ်နေပြီလား။ ဒါဆို ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာဖို့ သေချာနေပြီနော်။ ဘယ်လို နည်းလမ်းလေးတွေနဲ့ အရက်ကို ထိန်းထိန်းသိမ်းသိမ်း သောက်ရမလဲ ဆိုတာ ဆက်လေ့လာ ကြည့်လိုက်ပါအုံး။

မော့တာလျှော့ကြစို့

မော့တာလျှော့ကြစို့ လို့ ပြောရတာက ဘယ်အစားအသောက် မဆို တန်ဆေး လွန်ဘေး ချည်းဘဲ မဟုတ်လား။ အရက် သောက်တာလည်း ဒီလိုပဲလေ၊ နည်းနည်း သောက်ရင်တော့ ဘာမှ မသိသာပေမဲ့ သောက်ရင်း သောက်ရင်း များလာတော့ ရေရှည်မှာ အသည်း ကစပြီး တစ်ကိုယ်လုံး ဒုက္ခရောက်တော့တာပေါ့။ ဒါ့ကြောင့် အရက်ကို စည်းကမ်း ရှိရှိ သောက်ဖြစ်အောင် ဒီအချက်လေးတွေ အတိုင်း လုပ်ဆောင်ကြည့်ပါ။

–           မသောက်ခင် ကတည်းက ဘယ်နှခွက်ပဲ သောက်မယ် ဆိုတာ စိတ်ထဲက တွေးထားပါ၊ သတ်မှတ်ထားတဲ့ ခွက်ပမာဏ အတိုင်းပဲသောက်ပါ။ သတ်မှတ် မထားဘဲ အဆင်ပြေသလို သောက်နေရင် အရက် ပမာဏ အများကြီး ဝင်သွားနိုင်လို့ ဖြစ်ပါတယ်။

–           တစ်ပတ်ကို အရက်၊ ဘီယာ၊ ဝိုင်သောက်ဖို့ ဘယ်လောက်ပဲ ပိုက်ဆံ သုံးမယ်ဆိုပြီး ကန့်သတ်ချက် လုပ်ထားပါ။ ဒီလို လုပ်တာက ပိုက်ဆံလည်း ချွေတာရာ ရောက်သလို အရက်လည်း လျှော့သောက် ဖြစ်စေမှာပါ။

–           ကိုယ် အရက် လျှော့သောက်ဖို့ ကြိုးစားနေတယ် ဆိုတာ ကိုယ့်ဘေးနား သူငယ်ချင်းတွေ၊ မိသားစုတွေ၊ အထူးသဖြင့် သောက်ဖော်သောက်ဖက်တွေကို ပြောပြထားပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ် လေးလေးနက်နက် လုပ်နေတယ် ဆိုတာလည်း သူတို့ သိပါစေ၊ ဒါဆို သူတို့လည်း အထောက်အကူ ပေးနိုင်မှာပါ။

–           အရက်ကို ချက်ချင်းကြီး တိခနဲ ဖြတ်တာမျိုး မလုပ်သင့်တာ လူတိုင်း သိမှာပါ။ ဒါ့ကြောင့် တစ်ရက်ချင်း နည်းနည်းချင်းစီ လျှော့သောက်သွားပေးသင့် ပါတယ်။ ဒါဆို တဖြည်းဖြည်းနဲ့ အရက် လုံးဝ ပြတ်သွားတဲ့ အထိတောင် ဖြစ်နိုင်ပါတယ်။

–           အရက် ဒါမှမဟုတ် ဝိုင် သောက်တာကို လုံးဝ မဖြတ်ပစ်နိုင် သေးရင် နောက်တစ်နည်း လုပ်လို့ ရတာ ရှိပါသေးတယ်။ ခွက်သေးသေး ဒါမှမဟုတ် ပုလင်းသေးသေးပဲ ရွေးသောက်ပါ။ နည်းနည်းပဲ သောက်တာက အများကြီး သောက်တာ ထက်တော့ ပိုကောင်းပါတယ်။

–           အရက်၊ ဘီယာ သောက်ရင်လည်း ပြင်းအား နည်းတဲ့ အမျိုးအစားတွေကိုပဲ ရွေးချယ် သောက်ပေးပါ။ ဥပမာ lager beer မသောက်ဘဲ နည်းနည်း ပေါ့တဲ့ ဘီယာပဲ သောက်တာမျိုး၊ အရက် ဆိုလည်း အယ်လ်ကိုဟော ပါဝင်မှု ပိုနည်းတဲ့ အရက်ကို သောက်တာမျိုး လုပ်နိုင်ပါတယ်

–           အရက် သောက်တာက ရေဓာတ် ခန်းခြောက်စေပါတယ်။ ဒါ့ကြောင့် အရက် သောက်နေချိန်မှာ ရေ သို့မဟုတ် သစ်သီးဖျော်ရည်တစ်မျိုးမျိုးပါ တစ်လှည့်စီ သောက်ပေးပါ။ ဒါဆို အရက်လည်း အရမ်း မသောက်နိုင်တော့ သလို ရေဓာတ်လည်း မခန်းခြောက်စေတော့ပါဘူး။

–           အရက်ကို အချိန် သတ်မှတ်ပြီး သောက်ပါ။ ညနေ ရုံးဆင်းတိုင်း သူငယ်ချင်းတွေနဲ့ စုံပြီး သောက်လိုက်၊ ညဘောလုံးပွဲကြည့်ရင်း သောက်လိုက်နဲ့ လုပ်နေရင် တစ်ပတ်လုံး နားရက် မရှိ သောက်နေရပါလိမ့်မယ်။ အဲ့တော့ တစ်ပတ်အတွင်းမှာ ဘယ်နေ့ပဲ သောက်မယ် ဆိုပြီး သေချာသတ်မှတ်ထားပါ။

အရက်ကို ပုံမှန် သောက်နေကျပမာဏထက်လျှော့သောက်လိုက်မယ်ဆို ရေတိုမှာရော ရေရှည်မှာပါ သိသာတဲ့ရလဒ်တွေခံစားရမှာပါ။ ကိုယ်သောက်နေကျပမာဏထက်လျှော့သောက်တာနဲ့တင် တစ်ပတ်အတွင်းမှာ အရင်ကထက်ပိုလန်းဆန်းလာတာ၊ မနက်ပိုင်းအိပ်ရာနိုးရင်ခေါင်းကကြည်လင်လန်းဆန်းနေတာ၊ အသားအရည် ပိုစိုပြေလာတာ၊ တစ်နေ့တာလုံးအားအင်ပြည့်ဝသလိုခံစားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာဆိုလည်း

–           ညဖက်အိပ်ရေး၀၀အိပ်ပျော်တာ

–           စဉ်းစားဆုံးဖြတ်နိုင်စွမ်း တိုးတက်လာတာ

–           နှလုံးကျန်းမာရေးပိုကောင်းလာတာ

–           ခုခံအားစနစ်ပိုးကောင်းလာတာ တွေခံစားရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလိုအကျိုးကျေးဇူးတွေရရှိခံစားချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး အရက်ကိုပုံမှန်ထက် လျှော့သောက်ဖို့ ကြိုးစားကြပါစို့လို့ နှိုးဆော်လိုက်ရပါတယ်။

ရေးသားသူ – Dr.Htoo Tint

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/drinklessbeyourbest/drinkingless.html

https://www.health.harvard.edu/staying-healthy/11-ways-to-curb-your-drinking

https://www.health.gov.au/topics/alcohol/about-alcohol/how-can-you-reduce-or-quit-alcohol

https://www.cancer.org.au/blog/12-tips-to-reduce-your-alcohol-intake

https://www.drinkaware.co.uk/advice-and-support/help-to-reduce-drinking/alcohol-in-the-home/how-to-cut-down-on-alcohol-at-home

ယခုပုံစံ

18/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement