မိသားစုတွင်းမှာ ဖြစ်တတ်ပြီး ဒီရောဂါရှိတဲ့ ကလေးကို မွေးဖွားဖူးတဲ့ ရာဇဝင်ရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဖြစ်နိုင်ခြေများတဲ့ အချက်မရှိခြင်းဆိုတာ ရောဂါမဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဖြစ်နိုင်ခြေ အချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးရပါမယ်။ ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။
ရောဂါရှာဖွေခြင်းမှာ သွေးထဲမှာ အဒီနိုဆင်းဒီအမိုင်းနေ့စ် ပမာဏကျဆင်းခြင်းနဲ့ ရောဂါလက္ခဏာတွေဟာ အထောက်အကူပြုပါတယ်။
SCID ကို များသောအားဖြင့် အသက် ၆လမှာတွေ့ရပြီး တနှစ်အရွယ်မှာလည်း တွေ့နိုင်ပါတယ်။ အဲဒီပြသနာလောက် မဆိုးတဲ့ CID ပြသနာကိုတော့ အသက်၁နှစ်နဲ့ ၁၀နှစ်ကြားထဲမှာ တွေ့ရပါတယ်။
သွေးစစ်ဆေးမှု၊ ဓါတ်မှန် စတာတွေဟာ ဒီအခြေအနေကို သိနိုင်ဖို့ အထောက်အကူပြုပါတယ်။
Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ
အောက်ပါကုထုံး ၃မျိုးရှိပါတယ်။
- ရိုးတွင်းချဉ်ဆီအစားထိုးခြင်း။ ဒီကုသမှုမှာ ပျက်စီးနေတဲ့ ကိုယ်ခံအားဆဲလ်တွေကို လှူဒါန်းသူဆီက ကောင်းမွန်တဲ့ဆဲလ်တွေနဲ့ အစားထိုးခြင်း ပါဝင်ပါတယ်။
- အင်ဇိုင်းအစားထိုးခြင်း။ လျော့နည်းနေတဲ့ ADA အင်ဇိုင်းတွေနေရာမှာ အစားထိုးပြီး ကိုယ်ခံအားစနစ်ကို ပုံမှန်အလုပ်လုပ်စေပါတယ်။
- မျိုးရိုးဗီဇကုထုံး။ ချို့ယွင်းချက်ရှိတဲ့ ဗီဇတွေနေရာမှာ ပြုပြင်ထားတဲ့ ဗီဇတွေ အစားထိုးပြီး ADA အင်ဇိုင်းပမာဏကို မြင့်တက်စေပါတယ်။
ဒီပြသနာဟာ အလွန်ရှားပါးတာကြောင့် ရေးဆွဲပြီး ကုသမှုလမ်းညွှန်ချက်တွေ မရှိပါဘူး။ အကောင်းဆုံးကုသမှုကတော့ တဦးချင်းစီအပေါ် မူတည်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူအျားစုကတော့ ရိုးတွင်းချဉ်ဆီအစားထိုးခြင်းဟာ အကောင်းဆုံးရွေးချယ်မှုလို့ သဘောတူလက်ခံ ထားကြပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်းအတွက် အထောက်အကူ ပြုသလဲ
သင့်မှာ ဒီရောဂါရှိရင် သင့်ကလေးမှာ ဒီဗီဇကို လက်ခံနိုင်ခြေရှိပါတယ်။ မျီုးရိုးဗီဇနဲ့ပတ်သက်လို့ ဆွေးနွေးခြင်းဟာ ရောဂါရှိတဲ့ကလေး ရနိုင်ခြေ ရှိမရှိ သိရအောင် အထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။