လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှု (Sexual Assault) ဖြစ်လာပြီဆိုရင် တိုင်ကြားခြင်း၊ အစစ်ဆေးခံခြင်း၊ သက်သေထွက်ဆိုခြင်း စတဲ့နောက်ဆက်တွဲ လုပ်ကိုင်ဆောင်ရွက်စရာတွေပါ ကြုံလာရပါတယ်။ နစ်နာသူအနေနဲ့လည်း စိတ်ဒဏ်ရာများနဲ့ ကြုံတွေ့ခံစားနေရသည့်တိုင် ဒီအဆင့်များကိုတော့ မလွဲမသွေရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီအဆင့်တွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေအတွက် ကြုံရတာတစ်ခုက ဆရာဝန်ထွက်ဆိုချက်ကို အဓိပ္ပါယ်ကောက်ယူမှုလွဲခြင်း ဖြစ်ပါတယ်။