စပ်ဆေးအတွက် ရတက်မအေး မဖြစ်ရလေအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

စပ်ဆေးအတွက် ရတက်မအေး မဖြစ်ရလေအောင်

ကျွန်တော်တို့နိုင်ငံမှာ နေထိုင်မကောင်းဖြစ်ပြီဟေ့ဆိုရင် ‘ဆေးလေးသွားစပ်လိုက်လေ’၊’စပ်ဆေးလေး ဝယ်သောက်လိုက်လေ’ဆိုတဲ့ စကားမျိုးကို ပြောလေ့ရှိပါတယ်။ စပ်ဆေးသောက်ခြင်းဟာ လူနာအတွက်၊ဆေးရောင်းသူတွေအတွက်၊ဆရာဝန်တွေအတွက်၊နောက်ဆုံး ကြီးကြီးကျယ်ကျယ်ပြောရရင် တိုင်းပြည်အတွက်ပါ ထိခိုက်နိုင်တဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတွေ(အထူးသဖြင့် အခြေခံလူတန်းစားတွေ)အကြားမှာ အသုံးပြုမှုမြင့်မားတဲ့ စပ်ဆေးရဲ့ အန္တရာယ်တွေကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

စပ်ဆေးဆိုတာဘာလဲ?

အများသိပြီးသား ဖြစ်ကြပေမယ့် အနည်းငယ်ရှင်းပြရရင် စပ်ဆေးဆိုတာဟာ တရားဝင်ဆေးကုသခွင့်လိုင်စင်ရှိပြီး နားလည်တတ်ကျွမ်းသော ဆရာဝန်/ဆေးခန်းကပေးတဲ့ဆေးမဟုတ်ဘဲ ဆေးဆိုင်၊တချို့ဆိုရင် ကွမ်းယာဆိုင်၊ကုန်စုံဆိုင်တွေကနေ တော်သလို တွဲစပ်ပြီးပေးတဲ့ ဆေးတွေကို ဆိုလိုပါတယ်။

စပ်ဆေးက ဘာအန္တရာယ်တွေ ရှိသလဲ?

မြန်မာစကားမှာ ငါးပိဖုတ်တာတောင် ဆရာမပြ နည်းမကျလို့ ဆိုပါတယ်။ ဒီလို ဘာမဟုတ်တဲ့ ငါးပိဖုတ်တာတောင် တတ်ကျွမ်းနားလည်တဲ့ဆရာဆီမှာ စနစ်တကျ သင်ယူဖို့ လိုအပ်သေးရင် လူ့အသက်တွေနဲ့ ဆိုင်တဲ့ ဆေးကုသမှုမှာ နားလည်တတ်ကျွမ်းမှု၊စနစ်တကျ လေ့လာတတ်မြောက်ထားမှုဟာ ဘယ်လောက်တောင် အရေးပါမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒီလိုမျိုး စနစ်တကျ သင်ယူတတ်မြောက်ထားတဲ့ ဆရာဝန်တွေတောင်မှ ဆယ်ရေးတရေး၊ကိုးရေးတရာဆိုသလို ယွင်းယွင်းချွတ်ချွတ် ဖြစ်နိုင်သေးတဲ့ အနေအထားမှာ ဆေးပညာနဲ့ဆိုင်တဲ့ အခြေခံဗဟုသုတလောက်တောင် မရှိဘဲ ဆေးဝါးတွေကို ကိုင်တွယ်အသုံးပြုတာ ဘယ်လောက်တောင်မှ အန္တရာယ်များလိုက်မလဲ?

လမ်းဘေးဆေးဆိုင်တွေ၊ကွမ်းယာဆိုင်တွေမှာ ရောင်းချတဲ့ စပ်ဆေးဆိုတာတွေဟာ ဈေးပေါပေါနဲ့ရတဲ့ အိန္ဒိယနိုင်ငံထုတ်ဆေးပေါင်းစုံ (ပြင်းပေ့ဆိုတဲ့ ဆေးပေါင်းစုံ)ကို ပုံသေဖော်မြူလာနဲ့ ချောင်းဆိုးရင် ဒါပေး၊ဖျားရင်ဒါပေး၊ဝမ်းလျှောရင် ဒါပေးဆိုတာမျိုး ရောင်းချနေကြတာပါ။ ဒီလိုမျိုး ရောင်းချတဲ့အတွက် စပ်ဆေးတွေကို ဝယ်ယူသုံးစွဲတဲ့ လူနာတွေအနေနဲ့ ပထမတခေါက် ရောဂါပျောက်ကောင်းပျောက်မှာဖြစ်ပေမယ့် အပြင်းစား ပိုးသတ်ဆေး(ဝါ)ပဋိဇီဝဆေးတွေကို ဖောဖောသီသီ သောက်သုံးလိုက်ရတာကြောင့် စာကလေးကို အမြှောက်နဲ့ပစ်သလိုဖြစ်ပြီး လူကိုပါ ထိခိုက်စေနိုင်သလို ဆေးယဉ်ပါးမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် နောက်တခေါက်တွေမှာတော့ ဆေးတိုးတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရောဂါရဲ့ အတိမ်အနက်၊လက္ခဏာသဘောတရားကို ဂဃနဏသိနိုင်စွမ်း မရှိဘဲ အမြစ်တိုရင် ရေနည်းနည်းလောင်း၊အမြစ်ရှည်ရင် ရေများများလောင်းဆိုတဲ့ မျောက်ရေလောင်းနည်းနဲ့ လှေနံဓါးထစ် ရောင်းချပေးတာမို့ ကိုယ့်အသက်ကိုယ် နှမြောရင် စပ်ဆေးတွေကို မသုံးစွဲသင့်ပါဘူး။

မြန်မာပြည်ရဲ့ စပ်ဆေးတွေမှာ အသုံးများတဲ့ ဆေးဝါးတွေဟာ ဆရာဝန်တွေကိုယ်တိုင်တောင် အင်မတန် ချင့်ချိန်တိုင်းဆပြီး သတိထားပေးရတဲ့ ဆေးဝါးတွေ ဖြစ်နေတတ်တာမို့ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဖြစ်နေပါ့မယ်။

စပ်ဆေးကို ဘာလို့ လူသုံးများတာလဲ?

ဟုတ်ပြီ။ ဒါဆိုရင် စပ်ဆေးက အန္တရာယ်များတယ်၊မသုံးသင့်ဘူး။ ဘာလို့ သုံးနေကြသလဲ?အဖြေကရှင်းပါတယ်။ ဈေးပေါလို့ပါ။ သက်သာလှချည်ရဲ့ ဆိုတဲ့ ဆေးခန်းမှာတောင် တခါပြရင် ၁၅၀၀ – ၂၀၀၀ ပေးရတဲ့အပြင် နောက်ရက်လာဖို့လည်း ချိန်းတတ်သေးသလို တခါတည်းနဲ့လည်း ပျောက်ချင်မှ ပျောက်တတ်ပါတယ်။ အထက်မှာဆိုခဲ့ပြီးသလို ဆေးအပြင်းစားတွေပဲ အသုံးပြုတဲ့ စပ်ဆေးကတော့ ၃၀၀ – ၅၀၀ ကျပ်လောက်ဆိုရင် ဆေးတွေနှစ်ရက်စာလောက် တပုံတခေါင်းကြီးရတဲ့အပြင် မြန်မြန်လည်း ပျောက်တယ်လို့ အယူရှိကြပါတယ်။ ဆရာဝန်က ဘာလို့ ဆေးအပြင်းတွေ မသုံးရသလဲဆိုတော့ ပဋိဇီဝဆေးသုံးစွဲတဲ့အခါ တတ်နိုင်သမျှ အပျော့ဆုံးကနေ စပြီး မရတော့မှ တဆင့်ချင်းပြင်းရပါတယ်။ ဒါမှ ဆေးယဉ်ပါးမှုကို ကာကွယ်နိုင်မှာဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ဆရာဝန်တွေရဲ့ အားနည်းချက်က ဒီကိစ္စတွေကို လူနာသဘောပေါက်နားလည်အောင် အချိန်ပေးရှင်းပြခြင်း မရှိတဲ့အခါကျတော့ သုံးလေးဆ ဈေးပိုသက်သာတဲ့ စပ်ဆေးဖက်ကို လူနာတွေ လှည့်သွားကြတာပဲ ဖြစ်ပါတယ်။

အန္တရာယ်များတဲ့ စပ်ဆေးကို ပြည်သူတွေ အသုံးမပြုကြတော့အောင် ဘာတွေလုပ်ရမလဲ?

၁။ ပညာပေးရပါမယ်။ အစိုးရပိုင်မီဒီယာတွေကရော၊ပုဂ္ဂလိကပိုင် မီဒီယာတွေကရော၊ဆရာဝန်တွေကိုယ်တိုင်ကပါ အသိပညာပေးရပါမယ်။

၂။ စပ်ဆေးရောင်းတဲ့ဆိုင်တွေကို ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြင်းပြင်းထန်ထန် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရပါမယ်။ ဆေးဆိုင်တွေကို အသိပညာပေးရပါမယ်။

၃။ တချို့လူနာတွေကျပြန်တော့ စပ်ဆေးမကောင်းတာသိသိကြီးနဲ့ ဆေးခန်းသွားဖို့ ပိုက်ဆံမတတ်နိုင်တဲ့အတွက် စပ်ဆေးကိုပဲ ကြိတ်မှိတ်ပြီး သောက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒီလို လူနာတွေအတွက် ရွေးချယ်စရာတခုအနေနဲ့ အမှန်တကယ် ပြည်သူကို အကျိုးပြုတဲ့ ဒေသန္တရဆေးပေးခန်းတွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် အစိုးရက တာဝန်ယူဆောင်ရွက်ပေးရပါမယ်။

လူတယောက်မှာ ကျန်းမာရေးဟာ အရေးကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ နာမကျန်းဖြစ်တဲ့အခါ ဆေးရုံဆေးခန်းသွားပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသရမယ့်အစား အမျိုးမျိုးသောအကြောင်းတွေကြောင့် တွေ့ကရာလမ်းဘေးဆိုင်က စပ်ဆေးတွေ ဝယ်သောက်နေကြရတဲ့ ကိစ္စဟာ အင်မတန်ဆိုးရွားလှပါတယ်။ ရောဂါမပျောက်ဘဲ ပိုဆိုးလာနိုင်ခြင်း၊ဘေးထွက်ဆိုးကျိုးများ ပြင်းထန်စွာ ခံစားရနိုင်ခြင်း၊ဆေးယဉ်ပါးခြင်း အစရှိတဲ့ ကြောက်စရာအန္တရာယ်အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ စပ်ဆေးတွေကို အတတ်နိုင်ဆုံး အသုံးမပြုကြဖို့နဲ့ မိမိနီးစပ်ရာ ချစ်သူခင်သူ မိတ်ဆွေတွေကိုလည်း လက်တို့ပြောပြဖို့ ဒီဆောင်းပါးလေးနဲ့ အသိပေးလိုက်ပါရစေ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်းမှ ဖြစ်တဲ့ ရောဂါတွေက အများကြီးရှိပါတယ်။ ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေ ကွဲပြားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ်ဆိုတာ

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းလေးရရှိဖို့ ဆေးလိပ်ဖြတ်ပါ။ လေထုညစ်ညမ်းမှု ရှောင်ပါ။ ရောဂါပိုးတွေကို ကာကွယ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်ဆေးစစ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သွေးလေးဖက်နာရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

သွေးလေးဖက်နာဟာ နာတာရှည်ရောဂါပါ။ နေထိုင်စားသောက်မှုပုံစံပြောင်းတာက ဆေးဝါးကုသမှုကို အထောက်အကူဖြစ်ပါတယ်။ ဒါ့ပြင် ရောဂါပြန်မကြွအောင် ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 3, 2020 . 2 mins read
နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 3 mins read