backup og meta

ပဋိဇီဝဆေးတွေ ဘာလို့အလွယ်မသောက်သင့်တာလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဋိဇီဝဆေးတွေ ဘာလို့အလွယ်မသောက်သင့်တာလဲ

    နေမကောင်းများဖြစ်လာရင် ဒီဆေးသောက်ရင်ပျောက်မယ်ဟဲ့ ဆိုပြီး ပုံသေမှတ်ထားတတ်ကြတာဆိုးပါတယ်။ အရင်တခေါက်ဖျားတုန်းကဆေးဆိုင်ကပေးလိုက်တာ ဒါမှမဟုတ် ဆရာဝန်ကညွှန်းလိုက်တာနဲ့ သက်သာဖူးတော့ ဒီတခါလည်း ဒီဆေးပဲသောက်မယ်လို့တွေးတာမျိုးပါ။ဆေးဆိုင်တွေကပေးတဲ့ စပ်ဆေးဆိုတာ ဘာတွေထင်ပါသလဲ။ အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝဆေးတွေကိုရောစပ်ထားတာပါ။ တချို့ဆို ဆေးခန်းမှာ ပဋိဇီဝဆေးတွေမတိုက်ဘူးလား ဆရာဝန်ကိုတောင်းဆိုတာတာတောင်ရှိပါသေးတယ်။ ဒါပေမယ့် ဆရာဝန်တွေက အဲဒီပဋိဇီဝဆေးတွေကို လိုအပ်တဲ့အခါမှ ပေးလေ့ရှိပါတယ်။ ပဋိဇီဝဆေးေတွကို ဘာလို့အလွယ်ရမ်းမသောက်သင့်တာလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။

    ဆရာဝန်က ပဋိဇီဝဆေးေတွကို နေမကောင်းတိုင်း ဘာလို့ပေးမသောက်တာလဲ

    အအေးမိတာ၊ ဖျားနာတာတွေကို ချက်ချင်းဖျတ်ခနဲပျောက်ကင်းစေဖို့တောင့်တနေတာလား။ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသောက်သုံးတာက ကိုယ့်ကျန်းမာရေးအတွက်ရေရှည်မှာ အကျိုးဆက်မကောင်းနိုင်ပါဘူး။ပဋိဇီဝဆေးဝါးတွေ မလိုအပ်ဘဲသောက်ပါများရင်ဆေးယဉ်ပါးတဲ့အဆင့်ရောက်မှာ သိပ်ကြောက်စရာကောင်းပါတယ်။

    အအေးမိ၊ချောင်းဆိုး၊ လည်ချောင်းနာ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားကြောင့်မဟုတ်တဲ့အတွက် ပဋိဇီဝဆေးတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သည်လိုအနေအထားမျိုးမှာ မဆီမဆိုင် ပဋိဇီဝဆေးတွေချည်းသောက်တာများလာတဲ့အခါ ဒီဆေးတွေနဲ့ထိတွေ့မှုများလာတဲ့ ဘက်တီးရီးယားအခံတွေက သန္ဓေပြောင်းပြီး ခံနိုင်ရည်ရှိလာပါတယ်။

    ဥပမာStaphylococcus aureus ဟာ နှာခေါင်းထဲ သို့မဟုတ် အရေပြားမှာ အန္တရာယ်မပေးဘဲရှိနေတတ်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပေမယ့်ဆေးယဉ်တဲ့အမျိုးအစားဖြစ်လာပြီး ကိုယ်ခံအားနည်းသူတစ်ဦးဆီ ကူးစက်ရောက်ရှိသွားတဲ့အခါ နောက်ဆက်တွဲလက္ခဏာတွေပြင်းထန်နိုင်ပါတယ်။ တကယ်လိုအပ်လာလို့ ပဋိဇီဝဆေးတွေသောက်တဲ့အခါမှာလည်းဆေးမတိုးတော့ပါဘူး။

    ဥပမာ ဆေးယဉ်ခြင်းကြောင့် အဆုတ်ရောင်နမိုးနီးယားလိုရောဂါတချို့ကို ကုသရပိုခက်စေနိုင်ပြီး ပိုပြင်းထန်၊ ပိုအကုန်ကျများတဲ့ဆေးဝါးကုသမှုကိုလိုအပ်လာနိုင်ပါတယ်။ ပျောက်ကင်းမယ့်အချိန်လည်းပိုကြာနိုင်တဲ့အပြင် တခြားကျန်းမာရေးပြဿနာတွေလည်းဖြစ်လာနိုင်သေးတယ်။

    ဆေးယဉ်ခြင်းကို ဘယ်လိုကာကွယ်မလဲ

    ပဋိဇီဝဆေးယဉ်ပါးခြင်းကိုကာကွယ်ပြီးဘေးကင်းကျန်းမာနိုင်ဖို့ –

  • ပဋိဇီဝဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။ အကောင်းဆုံးကတော့ ပဋိဇီဝဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနဲ့။
  • ဆေးပတ်လည်အောင်သောက်ပါ။ပဋိဇီဝဆေးတွေသောက်သုံးတဲ့အခါမှာလည်း တစ်ကတ်ဆို တစ်ကတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပတ်လည်အောင်သောက်ပါ။ သက်သာပြီဆိုပြီး ရောဂါပိုးကို အပြီးအပြတ်မနှိမ်နင်းနိုင်ဘဲ ဆေးကိုရပ်လိုက်မယ်ဆိုရင်ဆေးယဉ်ပါးရောဂါပိုးတွေဖြစ်သွားနိုင်ပါတယ်။
  • ဒီအချက်တွေကို ကိုယ့်အိမ်ကအတူနေမိသားစုဝင်တွေကိုလည်း ဂရုစိုက်ခိုင်းပါ။ သူတို့ဆီကဆေးယဉ်ရောဂါပိုးတွေ ကိုယ့်ဆီကူးစက်ခံရနိုင်တာကြောင့်ဖြစ်ပါတယ်။
  • ပဋိဇီဝဆေးကို မလိုအပ်ဘဲသောက်တဲ့အခါ ကိုယ့်ရောဂါအတွက်တကယ်လိုအပ်လာတဲ့အချိန်ကျဆေးရဲ့အာနိသင်လျော့စေပြီး ထိရောက်မှုနည်းပါလိမ့်မယ်။
  • Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement