အစာမျိုပြွန်ကင်ဆာသည် လည်ချောင်းမှ အစာအိမ်ထိ ဆင်းသက်သွားသော ပြွန်ချောင်းပုံသဏ္ဍာန်ရှိသည့် အစာမျိုပြွန်တွင် ကင်ဆာဆဲလ်များ စုဝေးရာမှ ဖြစ်ပေါ်သည်။ အစာများသည် ပါးစပ်မှ အစာအိမ်သို့ အစာမျိုပြွန်မှတစ်ဆင့် ဆင်းသွားသည်။ ကင်ဆာသည် အစာမျိုပြွန်အတွင်းလွှာတွင် စတင်ဖြစ်ပေါ်ပြီး အခြားအလွှာများ နှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။
အာရှနှင့် အာဖရိက ကဲ့သို့သော ကမ္ဘာ့နေရာအချို့တွင် အစာမျိုပြွန်ကင်ဆာသည် ပိုအဖြစ်များပါသည်။ အမျိုးသားနှင့် သက်ကြီးရွယ်အိုများတွင် ပိုဖြစ်ပါသည်။ သို့သော် အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။
အစာမျိုပြွန်ကင်ဆာ အစောပိုင်းအဆင့်များတွင် မည့်သည့်လက္ခဏာမှ မခံစားရသည်လည်း ရှိနိုင်သည်။ ကင်ဆာအဆင့်တိုးလာသည်နှင့်အမျှ သင်သည် အောက်ပါလက္ခဏာများကို ခံစားရလိမ့်မည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကယ်၍ သင်သည် နာတာရှည် အက်ဆစ်ရည်ပြန်ဆန်တက်ခြင်းကြောင့် ဖြစ်သော ကင်ဆာဖြစ်နိုင်ချေများစေသည့် ကင်ဆာအကြိုအခြေအနေ Barrett’s esophagus ဟု ခေါ်သည့် ရောဂါဖြစ်နေလျှင် သင့်ဆရာဝန်ဆီ သွားပါ။ ထိုရောဂါအခြေအနေဆိုးလာလျှင် ပြသသည့် လက္ခဏာများအကြောင်း ဆရာဝန်အား မေးမြန်းပါ။
အစာမျိုပြွန်ကင်ဆာ စစ်ဆေးမှုကို ပုံမှန်အမြဲ မပြုလုပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အန္တရာယ်များသော လူများကို အလွယ်တကူ အတည်ပြု၍ မရခြင်း နှင့် မှန်ပြောင်းကြည့်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များရှိခြင်း ကြောင့် ဖြစ်သည်။
အကယ်၍ သင့်တွင် Barrett’s esophagus ရောဂါဖြစ်ပွားနေလျှင် ကင်ဆာစစ်ဆေးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အစာမျိုပြွန်ကင်ဆာ ဖြစ်စေသော အကြောင်းရင်းများကို သဲသဲကွဲကွဲ မသိရှိရပါ။ အစာမျိုပြွန်ကင်ဆာသည် အစာမျိုပြွန် ဆဲလ် DNA တွင် ပြောင်းလဲမှုများ ဖြစ်ခြင်းကြောင့် ဖြစ်ပွားသည်။ ထိုပြောင်းလဲမှုများသည် ဆဲလ် ကို ထိန်းမနိုင်သိမ်းမရ ပွားများစေသည်။ ပုံမှန်မဟုတ်သော ဆဲလ်များ စုဝေးလာပြီး အစာမျိုပြွန်တွင် ကင်ဆာကျိတ်ဖြစ်လာသည်။ ထိုကင်ဆာကျိတ်သည် အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းများနှင့် အခြား ခန္ဓါကိုယ်အစိတ်အပိုင်းများ ဆီသို့ ပျံ့နှံ့နိုင်သည်။
အစာမျိုပြွန်ကင်ဆာတွင် အဖြစ်များသော အမျိုးအစား (၃) မျိုးရှိပါသည်။
အစာမျိုပြွန်ကင်ဆာ ကို ဖြစ်ပွားမှုများစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ၎င်းတို့မှာ အောက်ပါတို့ပါဝင်ပါတယ်။
ထို့ပြင် အမျိုးသားနှင့် သက်ကြီးရွယ်အိုများသည် အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ်ပိုများသည်။ Adenocarcinoma ဖြစ်နိုင်ချေ အန္တရာယ်သည် လူဖြူ အမျိုးသားများတွင် ပိုမြင့်မားသည်။ သို့သော် Squamous cell carcinoma အမျိုးအစားကင်ဆာကတော့ အာရှ အမျိုးသားများနှင့် အသားအရောင်ရှိသော အမျိုးသားများတွင် ပိုအဖြစ်များသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အစာမျိုပြွန်ကင်ဆာ ကို ရှာဖွေအတည်ပြုသော စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။
ကင်ဆာဆဲလ် အမျိုးအစား၊ ကင်ဆာအဆင့် နှင့် သင့်ကျန်းမာရေးပေါ်တွင် မူတည်ပြီး ကုသမှုကို ဆုံးဖြတ်သည်။
ခွဲစိတ်မှု
အစာမျိုပြွန် အစိတ်အပိုင်းအချို့ (သို့) အားလုံးကို ခွဲစိတ်ဖယ်ရှားသည်။
ဓါတ်ရောင်ခြည်ကုသမှု
ကင်ဆာဆဲလ်များကို ဓါတ်ရောင်ခြည်နှင့် သတ်သည်။
ကင်ဆာဆေးကုထုံး
ခန္ဓါကိုယ်တစ်လျှောက်ရှိ ကင်ဆာဆဲလ်များကို ဦးတည်သော အစွမ်းထက်သော ဆေးဝါးများကို ပေးသည်။ ပုံမှန်အားဖြင့် ဓါတ်ရောင်ခြည်ကုသမှု ၊ ခွဲစိတ်မှု များနှင့်အတူတွဲပေးသည်။ ခွဲစိတ်မှုမပါဘဲ ဓါတ်ရောင်ခြည်ကုသမှုတစ်တည်းနှင့်လည်း တွဲပေးတတ်သည်။
အလင်းကုထုံး
အစောပိုင်းအဆင့် ကင်ဆာဆဲလ်များကို အထူးလေဆာ အလင်းကုထုံး နှင့် ကုသည်။
လျှပ်စစ်စီးကြောင်းနှင့် အေးခဲပစ်ခြင်း (Electrocoagulation)
အစောပိုင်းအဆင့် ကင်ဆာဆဲလ်များကို လျှပ်စစ်စီးကြောင်းနှင့် အေးခဲဖျက်ဆီးသည်။
အစာမျိုပြွန်ကင်ဆာကို ရပ်တန့်နိုင်သော နည်းလမ်းမရှိသော်လည်း ဖြစ်ပွားနိုင်ချေ အန္တရာယ်နည်းစေသော အချက်အချို့ရှိပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။