backup og meta

တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်ဟု လေ့လာချက်တစ်ခုကပြော

တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်ဟု လေ့လာချက်တစ်ခုကပြော

ကော်ဖီ မကြိုက်သူက ခပ်ရှားရှားပါ။ မနက်ခင်းမှာ ကော်ဖီနွေးနွေးလေး တစ်ခွက်သောက်ရတာက အတော်လေး နှစ်ခြိုက်စရာ ကောင်းတဲ့ အရာပါပဲ။ မနက်ခင်းမှာ ကော်ဖီသောက်တာက အရောင်ကျစေတယ်။ နှလုံးကျန်းမာစေတယ်ဆိုတဲ့ ကောင်းကျိုးများစွာကို ရရှိနိုင်တယ်ဆိုတာကြောင့်လည်း လူတိုင်းက ကော်ဖီကို သောက်ဖြစ်နေကျတာ ဖြစ်နိုင်ပါတယ်။ ကော်ဖီဆိုရာမှာ နို့ဆီတွေ နို့မှုန့်တွေ မပါတဲ့ အသင့်ဖျော် မဟုတ်တဲ့ သဘာဝ ကော်ဖီစစ်စစ်ကို သောက်မှ ကောင်းကျိုးတွေ ရနိုင်မယ်ဆိုတာကို သတိရစေချင်ပါတယ်။

ကော်ဖီသောက်ရင် ကောင်းကျိုးများတယ်ဆိုတာကိုတော့ အရင့်အရင် ကာလတွေထဲက ပြောလာကြတာကြောင့် သိပြီးဖြစ်နိုင်ပေမယ့် ကော်ဖီသောက်တာက ကျောက်ကပ်ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ လေ့လာမှု တစ်ခုကနေ ထွက်ရှိလာတဲ့ ရလဒ်ဖြစ်တဲ့ တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်တယ် ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားချင်ပါတယ်။

တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်ဟု လေ့လာချက်တစ်ခုကပြော

JAMA Network Openကနေပြီးတော့ တချို့ မျိုးဗီဇရှိတဲ့သူတွေမှာ ကော်ဖီသောက်ရင် ကျောက်ကပ်ထိခိုက်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလေ့လာချက်မှာ ၁၈နှစ်နဲ့ ၄၅နှစ်ကြား လူပေါင်း ၁၁၈၀ ပါဝင်ပြီး သူတို့ကို ၁၆နှစ်ကြာလေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ အားလုံးမှာ အဆင့်၁ သွေးတိုးရောဂါ (မပြင်းထန်တဲ့ သွေးတိုးရောဂါ) ရှိပြီး သူတို့က ဆေးကုမနေကြပါဘူး။ (ဆိုလိုတာက ဆေးသောက်မနေကြဘူး။ ဒါကြောင့် ဆေးရဲ့ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာမလိုဘူးလို့ ပြောချင်တာပါ။)

နောက်ပြီး ပါဝင်သူတွေရဲ့ တစ်ဝက် (၆၀၄ယောက်) မှာ CYP1A2 မျိုးဗီဇအခွဲ rs762551 variant ရှိနေပါတယ်။ ဒီမျိုးဗီဇရှိတဲ့သူတွေက သူများတွေထပ် ကဖင်းကို ချေဖျက်နိုင်စွမ်းနှေးပါတယ်။

ဒီလူတွေထဲက ၁၅၈ယောက်က တစ်ရက်ကို ကော်ဖီတစ်ခွက်အောက်၊ ၃၇၉ယောက်ကတော့ တစ်ရက်ကို ကော်ဖီ ၁ခွက်ကနေ ၃ခွက်၊ ၆၇ယောက်ကိုတော့ တစ်ရက်ကို ၃ခွက်နဲ့အထက် သောက်ကြပါတယ်။ ပါဝင်သူတွေအများစုက အမျိုးသားတွေ ဖြစ်ကြပြီး အသက်က လူလတ်ပိုင်း (၃၃နှစ် ဝန်းကျင်)၊ ကိုယ်အလေးချိန် (BMI)ကလည်း ၂၅ပတ်ဝန်းကျင်တွေ ဖြစ်ကြပါတယ်။

ကျောက်ကပ်ထိခိုက်မှု ရှိ၊ မရှိကို လေ့လာဖို့ ဆီးထဲမှာ အယ်ဗျူမင်လို့ခေါ်တဲ့ အသားဓာတ်ပါမပါ (Albuminuria)နဲ့ ကျောက်ကပ်ဇကာယိုနှုန်း (Hyperinfiltration)ကို အဓိက လေ့လာခဲ့ကြပါတယ်။ နောက်ဆုံးတစ်ခုကတော့ သွေးတိုးရောဂါအခြေအနေပါ။

ဒီလို လေ့လာကြည့်လိုက်တဲ့အခါ ကဖင်းကို ချေဖျက်နိုင်စွမ်းနှေးတဲ့ CYP1A2 မျိုးဗီဇအခွဲ rs762551 variantရှိသူတွေက ကော်ဖီများများသောက်တဲ့သူတွေက နည်းနည်းပဲ သောက်တဲ့သူတွေထက် Albuminuria ဖြစ်နိုင်ခြေ ၂.၇ဆ၊ Hyperinfiltrationဖြစ်နိုင်ခြေ ၂.၅ဆနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂.၈ဆ များတာကို တွေ့ရပါတယ်။

ကဖင်းချေဖျက်နိုင်စွမ်း များတဲ့သူတွေမှာတော့ ကော်ဖီသောက်တာနဲ့ Albuminuriaနဲ့ Hyperinfiltrationဖြစ်နိုင်ခြေ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေတွေကြား ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။

ဒါဆို ဒီလေ့လာချက်အရ ကောက်ချက်ချနိုင်တာက

  • ကော်ဖီအလွန်အကျွံသောက်တာက (တစ်ရက်ကို ၃ခွက်နဲ့အထက်)
  • ကဖင်းချေဖျက်နိုင်စွမ်းနှေးတဲ့ မျိုးဗီဇရှိသူတွေမှာ (လူတိုင်းမဟုတ်)
  • ကျောက်ကပ်ထိခိုက်နိုင်ခြေ ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ကော်ဖီသောက်တာက ကျောက်ကပ်ကို ဘယ်လိုထိခိုက်စေနိုင်တာလဲ။

ကော်ဖီသောက်တာက တော်တော်များများအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ တချို့လေ့လာချက်တွေမှာဆိုရင် ကော်ဖီကို အသင့်အတင့်သောက်တာက (တစ်ရက်ကို ၂ခွက်ခန့်) ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို နည်းစေတယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် ဒါက သာမန်လူတွေမှာပါ။

နဂိုတည်းက ကျောက်ကပ်ရောဂါရှိသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကော်ဖီက ပိုတက်စီယမ်ပါဝင်မှု များပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကြောင့် ပိုတက်ဆီယမ်ပါတာတွေကို လျှော့စား၊ လျှော့သောက်နေရတယ်ဆိုရင် ကော်ဖီကိုလည်း လျှော့သင့်ပါတယ်။

နောက်တစ်ချက်က သွေးတိုးတာပါ။ ကဖင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။ ဒီတော့ သွေးတိုးပါတယ်။ နဂိုတည်းက ကျောက်ကပ်ရောဂါရှိသူတွေက သွေးတိုးတတ်ပါတယ်။ ကော်ဖီပါ သောက်လိုက်ရင် သွေးတိုးတာပိုဆိုးနိုင်ပါတယ်။

ကော်ဖီအလွန်အကျွံသောက်တယ်ဆိုတာ ဘာကိုပြောတာလဲ။

တစ်နေ့တာမှာ ကော်ဖီကို ၆၀၀ မီလီဂရမ် ထက်ပိုသောက်မယ်ဆိုရင်တော့ ဒါက အလွန်အကျွံသောက်နေတာပါ။ မြင်သာအောင် ပြောပြရရင် တစ်နေ့ကို ကော်ဖီ ၆ ခွက် သောက်တာပေါ့။ သာမန်လူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက် ပိုမသောက်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေတယ်၊ သွေးတိုးရှိနေတယ်ဆိုရင်တော့ ၂ခွက်ထက် မပိုသင့်ပါဘူး။

ကဖင်းချေဖျက်နိုင်စွမ်းနှေးတဲ့ မျိုးဗီဇ ရှိ မရှိ ဘယ်လိုသိနိုင်မလဲ။

CYP1A2မျိုးဗီဇကို သွေး ဒါမှမဟုတ် တံတွေးကနေ စစ်ပြီး သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်လို့ ရချင်မှ ရဦးမှာပါ။

ဒါဆို ကော်ဖီက သောက်ရမှာလား၊ မသောက်ရဘူးလား။

ကိုယ်က ကျောက်ကပ်ရောဂါရှိသူလား။ ဒါဆိုရင် ကော်ဖီကို လျှော့သောက်ပါ။ တစ်ရက် ၃ခွက်ထပ် မပိုပါစေနဲ့။ ကျောက်ကပ်မကောင်းလို့ ပိုတက်ဆီယမ်ပါတဲ့ အသီးအရွက်တွေပါ လျှော့စားနေရတာလား။ ဒါဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

သွေးတိုးရောဂါရှိသူဆိုရင်လည်း ကော်ဖီသောက်တာကို လျှော့ပါ။ တစ်ရက်ကို ၃ခွက်ထပ် ပိုမသောက်ပါနဲ့။ သွေးတိုးကြောင့် ကျောက်ကပ်ပါ ထိနေပြီဆိုရင် ပိုတောင် လျှော့သင့်ပါတယ်။

သာမန်လူ၊ သွေးတိုးတို့ ကျောက်ကပ်ရောဂါတို့ မရှိဘူး။ ဒါပေမယ့် CYP1A2မျိုးဗီဇရှိမရှိလည်း မသိဘူး။ ဒါဆိုရင်တော့ တစ်ရက်ကို ၃ခွက်ထပ် မပိုပါစေနဲ့။

ကော်ဖီမှာလည်း ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ ဆိုးကျိုးပဲ ဖြစ်မှာပါ။ ကောင်းကျိုး ဆိုးကျိုးချိန်ဆပြီး အသင့်အတင့်သောက်ဖို့ကိုပဲ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Drinking 3 Or More Cups of Coffee a Day May Increase Kidney Dysfunction Risk https://www.prevention.com/health/a42958813/drinking-3-or-more-cups-of-coffee-daily-increase-kidney-dysfunction-risk-study/?source=nl&utm_source=nl_pnb&utm_medium=email&date=022123&utm_campaign=nl30621334&user_email=3ec0500885edc15d2b72282abe8df64884bb8c4a99ae08a7d3d419b7890a309c&utm_term=AAA%20–%20High%20Minus%20Dormant%20and%2090%20Day%20Non%20Openers Accessed Date 22 February 2023

Coffee and Kidney Disease: Is it Safe? https://www.kidney.org/newsletter/coffee-and-kidney-disease Accessed Date 22 February 2023

CYP1A2 Genetic Variation, Coffee Intake, and Kidney Dysfunction https://jamanetwork.com/journals/jamanetworkopen/fullarticle/2800839 Accessed Date 22 February 2023

Can You Drink Coffee with Kidney Disease? https://www.freseniuskidneycare.com/thrive-central/can-you-drink-coffee-kidney-disease Accessed Date 22 February 2023

Does Coffee Lead to Kidney Disease https://www.cchwyo.org/news/2022/october/does-coffee-lead-to-kidney-disease/ Accessed Date 22 February 2023

Drinking More Coffee May Reduce Acute Kidney Injury Risk https://www.medscape.com/viewarticle/974264 Accessed Date 22 February 2023

ယခုပုံစံ

25/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

နေ့စဉ် စားသုံးတဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement