ချာချာလည်အောင်မူးခြင်းဆိုတာ သင့်ပတ်ဝန်းကျင်က ကမ္ဘာကြီးတခုလုံး စကောထဲထည့်လှိမ့်သလို ချာချာလည်အောင် ခံစားရခြင်း ဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်း ပြသနာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ချာချာလည်အောင် မူးခြင်းကို ပေါ်လိုက်ပျောက်လိုက် ဖြစ်စေပါတယ်။ လူတချို့မှာ BPPV ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့ဖာသာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်ပါတယ်။ BPPV ဟာ ဆိုးရွားတဲ့ကျန်းမာရေး ပြသနာတော့ မဟုတ်ပါဘူး။
ဘဝတလျှောက်ဖြစ်ပွားနှုန်းဟာ ၂.၄%ရှိပြီး တခြားခန့်မှန်းချက်အ၇ လူဦးရေ တသိန်းမှာ ၁၀ဦးကနေ ၆၄ဦးထိ ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တခါတရံ ရောဂါအမည်တပ်မှားတာပါရှိနိုင်ပြီး ဒီထက်ဖြစ်ပွားနှုန်းများတယ်လို့ ဆရာဝန်များက ယုံကြည်ကြပါတယ်။ အသက်ကြီးသူတွေ အထူးသဖြင့် ၆၀ကျော်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ၂၀အောက်အရွယ်မှာတော့ သိပ်မတွေ့ရပါဘူး။
အမျိုးသမီးများဟာ အမျိုးသားများထက် ၂ဆ ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အဓိကလက္ခဏာကတော့ ဒီအတိုင်းနေရင်းနဲ့ ချာချာလည်နေတယ်လို့ ခံစားရခြင်း ဖြစ်ပါတယ်။
သင့်ခေါင်းကို လှုပ်၇ှားလိုက်တဲ့အခါ (ဥပမာ အိပ်ရာထဲလှိမ့်ခြင်း၊ ခေါင်းကို ရုတ်တရက်လှည့်ခြင်း၊ ငုံ့ခြင်း) ဖြစ်နိုင်ပါတယ်။
BPPV ဟာ တမိနစ် ၂မိနစ်လောက် ကြာတတ်ပါတယ်။ သိပ်မပြင်းထန်တဲ့အချိန်ရှိတတ်သလို ဗိုက်ထဲမှာပါ မအီမသာဖြစ်ပြီး အန်ထုတ်လိုက်ရတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်၊ ကောင်းကောင်းမရပ်နိုင်တဲ့ အခြေအနေလည်း တွေ့ရပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
နားအတွင်းပိုင်းပြသနာကြောင့် ဖြစ်ပါတယ်။ နားအတွင်းပိုင်းပြွန်လေးတွေမှာရှိတဲ့ ကယ်လ်ဆီယမ်ကျောက် အသေးလေးများဟာ ကိုယ်ခန္ဓါ ကောင်းစွာရပ်တည်နိုင်ဖို့ အကူအညီပေးပါတယ်။ ပုံမှန်အားဖြင့် အထိုင်အထပြုလုပ်ချိန်၊ ခေါင်းကိုလှည့်ချိန်တွေမှာ အဲဒီကျောက်တုံးကလေးတွေဟာလည်း ရွေ့လျားသွားပါတယ်။ ဒါပေမယ့် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကြောင့် ကျောက်တုံးလေးတွေ လိုက်မရွေ့ဘဲ နေတတ်ပါတယ်။ ဒါဟာ ဦးနှောက်ကို အချက်ပြမှုမှားစေပြီး ချာချာလည်မူးခြင်းကို ဖြစ်ပေါ်စေပါတယ်။
အသက် ၅၀နဲ့အထက် အရွယ်တွေမှာ အများဆုံးတွေ့ရပေမယ့် ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ဦးခေါင်းဒဏ်ရာရခြင်း၊ ဟန်ချက်ထိန်းညှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပြသနာရှိခြင်း စတာတွေဟာ BPPV ကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
မေးခွန်းမေးခြင်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ မျက်လုံးကို စောင့်ကြည့်ပြီး ဦးခေါင်းကိုလှည့်စေတဲ့ စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ ဒါကို Dix-Hallpike စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ ချာချာလည်အောင် မူးစေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ ဒါကြောင့် ဆရာဝန်ဟာ BPPV မဟုတ်ဘူးယူဆရင် တခြားစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။
ဆရာဝန်ဟာ နည်းလမ်း၂ခုအနက်မှ တခုကို ပြုလုပ်ပါလိမ့်မယ်။ အဲဒီနည်းလမ်းတွေကတော့ Epley နည်းလမ်းနဲ့ Semont နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကုသမှုမခံယူရင်၊ ကုသမှုဟာ အလုပ်မဖြစ်ရင်တောင် BPPV ဟာ ရက်သတ္တပတ်အနည်းငယ်မှာ ပျောက်သွားနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ဟာ နားအတါင်းပိုင်းကရတဲ့ အချက်ပြမှုတွေကို ရှုပ်ထွေးလာနိုင်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းပုံစံတွေ ပြုလုပ်နိုင်ပါတယ်။
ချာချာလည်အောင်မူးတဲ့အခါ ဖြစ်တတ်တဲ့ ပျို့အန်ခြင်းတွေအတွက် ဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အဲဒိဆေးအမျိုးအစားတွေ သောက်သုံးခြင်းဟာ BPPV ပျောက်ကင်းဖို့ အချိန်ကြာစေပါတယ်။ ခေါင်းမူးခြင်းနဲ့ ပျို့အန်ခြင်း ဘယ်ဟာကို ရွေးချယ်သင့်လဲဆိုတာ သင်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။
ရုတ်တရက် ချာချာလည်အောင် မူးသွားတဲ့အခါ သင့်ကိုယ်သင်ရော၊ သူများကိုပါ မထိခိုက်စေဖို့လည်း အောက်ပါအချက်တွေကို ဂရုစိုက်ရပါမယ်။
ပစ္စည်းကိရိယာများ၊ စက်ယန္တရားများ ကိုင်တွယ်အသုံးပြုခြင်းကို ရှောင်ပါ။
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ရုတ်တရက်ချာချာလည်အောင်မူးခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းတွေ၊ ဘေးကင်းမှု နည်းလမ်းတွေကို လက်တွေ့ကျင့်သုံးနိုင်ပါတယ်။
တတ်နိုင်သလောက် လှုပ်ရှားတက်ကြွစွာနေခြင်းဟာ ဦးနှောက်ကို လျင်မြန်စွာ ထိန်းညှိနိုင်စေပါတယ်။ ဒါပေမယ့် ဘယ်လိုလှုပ်ရှားမှုမျိုးက ချာချာလည်မူးစေလဲဆိုတာပေါ် မူတည်ပြီး ခက်ပါတယ်။ အပိရာထဲနေတာကောင်းပေမယ့် ဦးနှောက်နဲ့ ထိန်းညှိမယ့်အချိန်ကို ပိုကြာစေပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။