အဓိပ္ပါယ်ဖွင့်ဆိုချက်
Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကဘာလဲ။
Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစုဟာ ကိုယ်ခံအားစနစ်ရဲ့ မှားယွင်းမှုတခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ပရိုတိန်းကို တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တေါကိုလည်း ကလေးပျက်ခြင်း၊ ကလေးကအသေမွေးခြင်း စတဲ့ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ခြေထောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးခဲတွေ ဖြစ်ပေါ်အမှုအများဆုံး နေရာဖြစ်ပါတယ်။ သွေးခဲဟာ သွေးလွှတ်ကြောထဲမှာလည်း ဖြစ်ပေါ်စေပါတယ်။ တခြား ဘယ်အင်္ဂါအစိတ်အပိုင်းမှာမဆို ဖြစ်ပေါ်နိုင်ပြီး အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနဲ့ အရေပြားတွေကို ထိခိုက်စေနိုင်ပါတယ်။
APS ရောဂါနှစ်မျိုးရှိပြီး မူလAPSနဲ့ ဒုတိယAPS ဆိုပြီး ဖြစ်ပါတယ်။ မူလAPS ဟာ တခြား ဆက်စပ်တဲ့ အခြေအနေတွေ မရှိပါဘူး။ ဒုတိယပုံစံကတော့ တခြား ကိုယ်ခံအားပြသနာ ဥပမာ lupus၊ ပိုးဝင်ခြင်း၊ ဆေးဝါးများ သုံးစွဲခြင်း (chlopromazine၊ procainamide ကဲ့သို့)တို့ ဖြစ်ပါတယ်။
Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ
တွေ့ရနည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ
တွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။